ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်း ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ပြင်သစ် လက်ရွေးစင်အသင်းကို စတင် ကိုင်တွယ်မှာ ဖြစ်ကြောင်း စပိန်သတင်းစာ AS က ဖော်ပြလာပါတယ်။ ဇီဒန်းဟာ အသင်း တော်တော်များများရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချပြီး ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့သာ အချိန်အတော်ကြာ စောင့်ဆိုင်းနေသူ ဖြစ်ပါတယ်။
ဇီဒန်းဟာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ဂန္ထဝင် ကစားသမား တစ်ဦး ဖြစ်ပြီး နည်းပြ ဘဝမှာ ရီးရဲလ်မက်ဒရစ် တစ်သင်းတည်း ကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ် ကတည်းက အသင်း လက်မဲ့ ဖြစ်နေသူပါ။ ဒါပေမယ့်လည်း ပြင်သစ်သားက နည်းပြလောကထဲ သေချာပေါက် ပြန်လည် ဝင်ရောက်မှာ ဖြစ်ကြောင်း ပြောကြားထားခဲ့ဖူးသလို၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာတော့ သိပ်မကြာခင်မှာ နည်းပြ အလုပ်ကို ပြန်လည် လုပ်ကိုင်တော့မယ်လို့ အတည်ပြု ပြောဆိုထားခဲ့ပါတယ်။
ဇီဒန်းဟာ နည်းပြ ဘဝကို ကူးပြောင်းချိန်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဇီဒန်းဟာ ချန်ပီယံလိဂ် ဖလားကို ၃ ရာသီ ဆက်တိုက် ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်မှာ ဇီဒန်းက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ထိပ်သီး ကလပ် အသင်း များစွာရဲ့ ချဉ်းကပ်ခြင်းခံခဲ့ရပေမယ့် လက်မခံခဲ့ပဲ လက်ရှိအချိန်အထိ အသင်း လက်မဲ့ အဖြစ် ရှိနေသူပါ။
ဒါကြောင့် အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ မေးမြန်းချက်ကို ဇီဒန်းက “ကျွန်တော် နည်းပြလောကထဲ သေချာပေါက် ပြန်လာမှာပါ။ ကျွန်တော့် အတွက် အနာဂတ်က ဘယ်လိုရှိမလဲ ဆိုတာတော့ မသိပါဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခု ကတော့ ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ပါပဲ။” လို့ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

ဇီဒန်းက ပထမတစ်ကြိမ်တုန်း ကလည်း သူ့ အနေနဲ့ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ၁၃ နှစ်၊ ၁၄ နှစ်လောက် ကစားပေးခဲ့ကြောင်း ဒါကြောင့် သူ့ အနေနဲ့ လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ဖို့ ထိုက်တန်တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ် နည်းပြ ဖြစ်လာဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ပြီး အဲဒီအခွင့်အရေးကို ရဖို ဆန္ဒပြင်းပြစွာနဲ့ သူစောင့်မျှော်နေကြောင်း အခုအချိန်မှာ ဒီလို အခွင့်အရေးများ ရလာခဲ့ရင်တော့ ကျွန်တော့် အနေနဲ့ ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
AS ကတော့ ဇီဒန်း အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ အဖြစ် ဆောင်ရွက်ဖို သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်းကို လက်ရှိအချိန်မှာ ဇီဒန်းရဲ့ အသင်းဖော်ဟောင်း ဒီဒီယာ ဒက်စ်ရွှမ့်က ကိုင်တွယ်နေပါတယ်။ ဒက်စ်ရွှမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး အထိသာ စာချုပ်ချုပ်ဆိုထားသလို၊ စာချုပ်သက်တမ်းကုန်ချိန်မှာ လမ်းခွဲမယ်လို့ အတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။ဇီ
ဒန်းဟာ ဘောလုံးသမား ဘဝမှာ ကိန်း၊ ဘော့ဒိုး၊ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ် တို့မှာ ကစားခဲ့ပြီး ဘော့ဒိုး၊ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်မှာ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ ဇီဒန်းက နည်းပြ ဘဝ မှာတော့ ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းကို ကိုင်တွယ်ထားပြီး လာလီဂါ ချန်ပီယံ ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ၃ ကြိမ် အပါအဝင် တခြားသော ဆုဖလား အောင်မြင်မှု များစွာလည်း ရရှိထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


