နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (I) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

ပြင်သစ် အသင်း ကတော့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှ တစ်သင်း အဖြစ် အုပ်စုအဆင့်ကို စတင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းတို့အနေနဲ့ အုပ်စု (I) က လွတ်မြောက်ဖို့ အတွက် နော်ဝေ၊ ဆီနီဂေါ၊ အီရတ် တို့လို အကွက်စုံလှသည့် ပြိုင်ဘက် ၃ သင်းကို ကျော်ဖြတ်ဖို့တော့ လိုအပ်နေပါသေးတယ်။

ပြင်သစ်ဟာ ခေတ်သစ် ကမ္ဘာ့ဖလား သမိုင်းမှာ သြဇာအရှိဆုံးအသင်း ဖြစ်ခဲ့ပြီး (၁၉၉၈ နှင့် ၂၀၁၈) ခုနှစ်တွေမှာ ချန်ပီယံဆုကို နှစ်ကြိမ်တိုင် ဆွတ်ခူးခဲ့သလို၊ တခြား ဗိုလ်လုပွဲ နှစ်ကြိမ် (၂၀၀၆ နှင့် ၂၀၂၂) ကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။ ထို့ကြောင့် Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ပြင်သစ် အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ရရှိဖို့ ၁၃.၀ ရာခိုင်နှုန်းနဲ့ ဒုတိယမြောက် အခွင့်အရေး အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံရခြင်းမှာ မဆန်းလှပါဘူး။ သူတို့ရဲ့ အရှေ့မှာ စပိန် အသင်းက ၁၆.၀ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာ ရှိနေပါတယ်။

တစ်ခု ရှိတာက အပြာရောင်တို့ဟာ ဒီနွေရာသီပြိုင်ပွဲကြီးရဲ့ အခက်ခဲဆုံး အုပ်စုတွေထဲမှ တစ်ခုကို ဖြတ်ကျော်ရမှာ ဖြစ်ပြီး နော်ဝေ၊ ဆီနီဂေါနဲ့ အီရတ်တို့ ပါဝင်နေတာကြောင့် အမှားအယွင်း ခံလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။

 

အုပ်စု (I) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • ပြင်သစ် – ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ ၉၅.၃% ရှိပြီး အုပ်စုပထမရရှိနိုင်ခြေ ၆၀.၄% ရှိပါတယ်။
  • နော်ဝေ – ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ ၈၂.၃% ရှိပြီး အုပ်စုပထမရရှိနိုင်ခြေ ၂၅.၂% ရှိပါတယ်။
  • ဆီနီဂေါ – ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ ၆၂.၀% ရှိပြီး အုပ်စုပထမရရှိနိုင်ခြေ ၁၂.၂% ရှိပါတယ်။
  • အီရတ် – ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခြေ ၂၇.၁% ရှိပြီး အုပ်စု ပထမရရှိနိုင်ခြေ ၂.၂% ရှိပါတယ်။
 

အသင်းအလိုက် သုံးသပ်ချက်များ

၁။ ပြင်သစ် 

ပြင်သစ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ နှစ်ခုစလုံး (၂၀၁၈ နဲ့ ၂၀၂၂) မှာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး၊ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ အကြိမ် မှာတော့ အာဂျင်တီးနားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ဟာ နောက်ဆုံး ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား (၇) ကြိမ်အနက် (၄) ကြိမ် အထိ ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပြီး ဒါဟာ တခြား ဘယ် နိုင်ငံထက်မဆို ပိုများပြားနေတဲ့ မှတ်တမ်း ဖြစ်ပါတယ်။

သူတို့ အတွက် အားသာချက်က အသင်းရဲ့ တည်ငြိမ်မှု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ် အတွက် ပြင်သစ် အသင်းကို ကိုင်တွယ်ရမည့် စတုတ္ထမြောက် ကမ္ဘာ့ဖလား ဖြစ်ပြီး၊ သူတို့ထက် ပိုမိုကိုင်တွယ်ဖူးသူ ဆိုလို့ ကားလို့စ် အယ်လ်ဘာတို ပါရဲရိုး (၆ ကြိမ်) နဲ့ ဘိုရာ မီလူတီနိုဗစ် (၅ ကြိမ်) တို့သာ ရှိပါတော့တယ်။

တစ်ဖက်မှာလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ အများက သတ်မှတ်ထားတဲ့ ကီလီယန် အမ်ဘာပေး ရှိနေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ခု အတွင်း တခြားကစားသမားတွေထက် ပိုမို များပြားသော သွင်းဂိုး (၁၂ ဂိုး) နဲ့ ဂိုးဖန်တီးမှု အပါအဝင် ပါဝင်ပတ်သက်မှု (၁၄ ကြိမ်) ပြုလုပ်ကာ အကြီးမားဆုံး စင်မြင့်မှာ သူ့ရဲ့ အရည်အချင်းကို သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ယခုအခါ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးက သမိုင်းမှတ်တမ်းသစ်တစ်ခုကို မျက်စိကျနေပါတယ်။ အမ်ဘာပေး အနေနဲ့ ပြင်သစ် အသင်း၏ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားတဲ့ ဂျက်စ် ဖွန်တိန်း (၁၃ ဂိုး) ရဲ့ မှတ်တမ်းကို လိုက်မှီဖို့ (၁) ဂိုးသာ လိုအပ်တော့ပြီး၊ မီရိုဆလပ် ကလိုဆေးရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အများဆုံး သွင်းဂိုး စံချိန် (၁၆ ဂိုး) ကို လိုက်မှီဖို့ (၄) ဂိုး လိုအပ်နေပါတယ်။ လက်ရှိ ကစားနေဆဲ ကစားသမားများထဲမှာ လီယွန်နယ် မက်ဆီ (၁၃ ဂိုး) တစ်ဦးတည်းသာ သူ့ရဲ့ အရှေ့မှာ ရှိနေပါတယ်။

 

၂။ နော်ဝေ

အုပ်စု (I) မှာ အမ်ဘာပေး အပြင် တခြား စူပါစတား တိုက်စစ်မှူး တစ်ဦးလည်း ရှိနေပါသေးသည်။ သူကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၈) ပွဲအတွင်း (၁၆) ဂိုးအထိ သွင်းယူခဲ့တဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း ဖြစ်ပါတယ်။ သူရဲ့ သွင်းဂိုး ပမာဏဟာ တခြား ဥရောပကစားသမားတွေထက် နှစ်ဆ ပိုမို များပြားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာလန်းက နော်ဝေ အသင်းရဲ့ တစ်ဦးတည်းသော တိုက်စစ် အန္တရာယ် မဟုတ်ပါဘူး။ နော်ဝေ အသင်းသည် ခြေစစ်ပွဲစဉ် တစ်လျှောက် တစ်ပွဲလျှင် ပျမ်းမျှ (၄.၆) ဂိုးအထိ သွင်းယူခဲ့ပြီး၊ ဒါဟာ ပွဲစဉ် ၄ ပွဲထက် ပိုကစားရတဲ့ ဥရောပ ခြေစစ်ပွဲသမိုင်းမှာ သွင်းဂိုး ပျမ်းမျှ အမြင့်ဆုံး မှတ်တမ်း ဖြစ်ခဲ့တာပါ။

သူကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၈) ပွဲအတွင်း (၁၆) ဂိုးအထိ သွင်းယူခဲ့တဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း ဖြစ်ပါတယ်။
အုပ်စုတွင်းမှာ ပြင်သစ်ကို ဒုက္ခပေးမယ့် နော်ဝေ

ဒီလို တိုက်စစ် အင်အားပြင်းပြင်းနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့မှုကြောင့် နော်ဝေဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲကို ပြန်လည် တက်ရောက်ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။

စူပါကွန်ပျူတာ ကတော့ ၎င်းတို့ကို ရှုံးထွက်ဆင့်တက်ရန် ၈၂.၃ ရာခိုင်နှုန်းနှင့် အုပ်စုပထမရရန် ၂၅.၂ ရာခိုင်နှုန်း အခွင့်အရေး ပေးထားပါတယ်။ နော်ဝေ အသင်းဟာ အမေရိကန်ပြည်ထောင်စုက တစ်ဦးတည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ တစ်ကြိမ်တည်းသော ၁၉၉၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က အုပ်စုတွင်း အသင်း (၄) သင်း စလုံးဟာ ရမှတ် ၄ မှတ်စီ၊ ဂိုးကွာခြားချက် တူညီစွာဖြင့် အုပ်စုပွဲစဉ်များ ပြီးဆုံးခဲ့ကြပြီး ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတွင် တစ်ကြိမ်တည်းသာ ရှိဖူးတဲ့ ထူးခြားချက် ဖြစ်ပါတယ်။ အဲဒီအချိန်က နော်ဝေဟာ သွင်းဂိုး အနည်းဆုံး ဖြစ်ခဲ့တာကြောင့် အုပ်စု နောက်ဆုံးနဲ့ လှည့်ပြန်ခဲ့ရပေမယ့်လည်း ဒီအကြိမ် မှာတော့ တိုက်စစ်မှာ ဟာလန်း ရှိနေတာကြောင့် ဒီလို ပြဿနာမျိုး ကြုံတွေ့ရဖွယ် မရှိပါဘူး။

 

၃။ ဆီနီဂေါ 

ဆီနီဂေါ အသင်း ကလည်း ပြင်သစ်အတွက် အန္တရာယ်ရှိတဲ့ အသင်း ဖြစ်ပြီး ရှုံးထွက်အဆင့် တက်ရန် ၆၂.၀ ရာခိုင်နှုန်း အထိ အခွင့်အရေးရှိနေပါတယ်။ ဒါဟာ ၎င်းတို့ အတွက် (၄) ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပြီး (၃) ကြိမ် ဆက်တိုက် တက်ရောက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အကောင်းဆုံးမှတ်တမ်းမှာ ၂၀၀၂ ခုနှစ်က ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိ အသင်းရဲ့ နည်းပြ ပက်ပ် သီယာဝ်က သည် ထိုစဉ်က ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး၊ ဆီနီဂေါ အသင်း ကွာတားဖိုင်နယ်သို့ တက်ရောက်စေခဲ့သည့် ဆွီဒင်နဲ့ ပွဲမှာ ဟင်နရီ ကာမာရာ၏ ရွှေဂိုး (Golden Goal) အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။ ဆီနီဂေါ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဆာဒီယို မာနေးဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပေမယ့်လည်း၊ ဒီနှစ် မှာတော့ အဲလ်နာဆာ အသင်းနဲ့ အတူ ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက် အခု နွေရာသီပြိုင်ပွဲကြီးမှာ အသင်း အတွက် ပါဝင်ကစားပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။

 

၄။ အီရတ်

အီရတ် အသင်း ကတော့ ရှုံးထွက်အဆင့်တက်ရန် ၂၇.၁ ရာခိုင်နှုန်းသာ ရှိပြီး အုပ်စု (I) ကို အဆုံးသတ်ထားပါတယ်။ ပြိုင်ပွဲဝင် ၄၈ သင်းအနက် ဟေတီ (၁၅.၄%) နှင့် ကျူရာဆောင်း (၁၈.၇%) တို့သာ ၎င်းတို့ထက် ရာခိုင်နှုန်း နည်းပါးနေပါတယ်။

၎င်းတို့ဟာ တစ်ကြိမ်တည်းသာ ယှဉ်ပြိုင်ဖူးသည့် ၁၉၈၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စုပွဲစဉ် (၃) ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းတွင် ပွဲစဉ်အားလုံး ကစားခဲ့သမျှ ၁၀၀ ရာခိုင်နှုန်း ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းမှာ အီရတ် အသင်းထက် ပွဲအရေအတွက် ပိုမိုများပြားစွာ ရှုံးနိမ့်ထားတဲ့ အသင်း ဆိုလို့ ကနေဒါနဲ့ အယ်လ်ဆာဗေဒို (၆ ပွဲစီ ရှုံးနိမ့်ထား) အသင်း တို့သာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်