ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အသက်အရွယ် အားဖြင့် ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့် အနားယူဖို့ အစီအစဉ် မရှိသေးပဲ အောင်မြင်မှုတွေ ဆာလောင်နေဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ အားခဲထားသလို ၂၀၂၆ ကမ္ဘာ့ဖလား မှာလည်း အောင်မြင်မှု ရဖို့ မျှော်လင့်ထားသူ ဖြစ်ပါတယ်။
လက်ရှိမှာ ရော်နယ်ဒိုက အသက် ၄၀ အရွယ် ရှိနေပြီ ဖြစ်တာကြောင့် တချို့က အောင်မြင်မှုနဲ့ စံချိန်တွေ အတွက် သူ့ကို ရှေ့ဆက်စေချင်နေကြသလို တချို့ ကလည်း အနားယူစေချင်နေကြပါတယ်။ ဒီထဲကမှ ပြင်သစ် နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်က ပေါ်တူဂီ တိုက်စစ်မှူးကြီးရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အိပ်မက်က မျက်ရည်တွေနဲ့ အဆုံးသတ်ရနိုင်တယ်လို့ သတိပေးသွာခဲ့ပါတယ်။
ဂါးလက်စ်က “ရော်နယ်ဒိုက လာမယ့် နွေရာသီမှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ ပွဲတိုင်းကို ပွဲချိန်ပြည့် ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ အရန်ခုံက ထလာပြီး လူစားဝင် ကစားနိုင်ပါလိမ့်မယ်။ ပေါ်တူဂီ အသင်းက အင်အား တောင့်တင်းပုံရပေမယ့် ရော်နယ်ဒို အနေနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကတော့ ခက်ခဲပါလိမ့်မယ်။ ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား အိပ်မက်ဟာ မျက်ရည်တွေနဲ့ အဆုံးသတ်သွားရနိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇွန်လအကုန်ကမှ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ ၂၀၂၇ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုထားခဲ့ပါတယ်။ ပေါ်တူဂီသားကြီးက ၂ နှစ် စာချုပ် အတွက် အဲလ်နာဆာ ဆီကနေ ပေါင် သန်း ၅၀၀ ကျော် ရရှိမယ်လို့ သိရပြီးတော့ ဒီစာချုပ် ကလည်း အားကစားသမိုင်းရဲ့ တန်ဖိုးအမြင့်ဆုံး စာချုပ်အဖြစ် မှတ်တမ်းဝင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကစားသမား ဘဝ တစ်လျှောက် စပိုတင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အဲလ်နာဆာ စတဲ့ ကလပ်တွေမှာ ကစားထားပြီး သွင်းဂိုး ၈၀၀ နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၁၃၈ ဂိုး၊ စုစုပေါင်း ၉၃၈ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ၆၂ ဂိုးသာ လိုတော့ပြီး လက်ရှိ ပုံစံကောင်း ကိုသာ နောက်ထပ် ၂ ရာသီ ဆက်ထိန်းထားနိုင်ရင်တော့ သူမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာနိုင်ဖို့တော့ ရှိနေပါတယ်။
ဒါပေမယ့်လည်း ယူရို ၁ ကြိမ်၊ နေးရှင်းလိဂ်မှာ ၂ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ရော်နယ်ဒို အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ကတော့ ခက်ခဲနိုင်ဖို့ ရှိနေပါတယ်။ ပေါ်တူဂီဟာ ရော်နယ်ဒို ခေတ်မှ အဓိက ပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲကို ၅ ကြိမ် တက်လှမ်းနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလား မှာတော့ ဗိုလ်လုပွဲကို တစ်ကြိမ် တစ်ခါမှ တက်လှမ်းထားနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ရော်နယ်ဒိုဟာ လက်ရှိ ကလပ် အဲလ်နာဆာနဲ့ အတူ အဓိက ဆုဖလား အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးပဲ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ဂျူဗင်တပ်စ်နဲ့ ကိုပါအီတလီယာမှာ ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.