နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒို မပါတဲ့ ပွဲမှ ပြိုင်ဘက်ကို ၉ ဂိုးသွင်းပြီး ခြေစစ်ပွဲ အောင်မြင်သွားတဲ့ ပေါ်တူဂီ | ကမ္ဘာ့ဖလား

ပေါ်တူဂီ ကတော့ မနေ့ညက ပွဲမှာ အာမေးနီးယားကို ၉-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်သွားခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီး မှာတော့ ပရိသတ် တချို့က ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒို မပါရင် ပိုကောင်းတယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေ အပေါ်မှာ ဝေဖန် သုံးသပ်နေကြပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ အိုင်ယာလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပြိုင်ဘက် နောက်ခံလူ ဒါရာ အိုရှေးကို တံတောင်နဲ့ ရိုက်မိခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရပါတယ်။ အစောပိုင်းမှာ ရော်နယ်ဒိုက အဝါကတ်ပဲ ပြသခံခဲ့ရပေမယ့် VAR ပြန်ကြည့်ပြီး အနီကတ် ပြောင်းလဲ ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီ GOAT ကြီးက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အဖွင့် ပွဲစဉ်ကို လွဲချော်ဖို့လည်း ရှိနေပြီ ဖြစ်ပါတယ်။

အနီကတ် ပြသခံရချိန်မှာ ရော်နယ်ဒိုက ပြိုင်ဘက် ပရိသတ်တွေကို လက်ခုပ်တီးပြီးတော့ လှောင်ပြောင် တုံ့ပြန်ခဲ့သလို ကွင်းထဲကနေ ထွက်ခွာချိန်မှာလည်း အိုင်ယာလန် နည်းပြဟောလ် ဂရင်ဆမ်နဲ့ စကားများခဲ့ပါတယ်။ အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ အဲဒီ အနီကတ်ကြောင့်ပဲ အာမေးနီးယားနဲ့ ပွဲကို လွဲချော်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလား၊ အုပ်စု အဖွင့်ပွဲစဉ်တွေ ကိုပါ လွဲချော်မယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် (FPF)က အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ အနီကတ် ပြစ်ဒဏ်ကို အယူခံဝင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အဓိက အချက်အနေနဲ့ အိုင်ယာလန် ပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် အနီကတ်ပြသခံခဲ့ရခြင်း ဖြစ်ကြောင်း ဖြေရှင်းချက် ပေးပြီး တစ်ပွဲပယ် ပြစ်ဒဏ် (အာမေးနီးယားနဲ့ ပွဲမှာ ကျခံပြီး) သာ ချမှတ်ဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

ပေါ်တူဂီဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်တာကြောင့် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ပါဝင်ကစားခွင့်ရမယ့် ပထမဦးဆုံး ကစားသမား အဖြစ် စံချိန်တင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နောက်ပိုင်း ပြိုင်ဘက်ကို ၉ ဂိုးသွင်းပြီး အနိုင်ပြန်ရခဲ့တဲ့ ပေါ်တူဂီ

ပေါ်တူဂီဟာ မနေ့ညက ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒို မပါနိုင်ခဲ့ပေမယ့်လည်း အခုပွဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် တစ်ယောက် ခြေစွမ်းပြခဲ့ပြီး ပယ်နယ်တီ ၂ ဂိုး အပါအဝင် ဟက်ထရစ်လည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၈၅ ပွဲ ကစားပြီးချိန်မှ ပထမဦးဆုံး အကြိမ် ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပြီး လက်ရွေးစင် ကစားသမား ဘ၀ ၂၈ ဂိုး ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ ယာအို နီးဗက်စ် ကလည်း ဟက်ထရစ် ရခဲ့ပြီး ဗိုင်ဂါ၊ ဂွန်ဆာလို ရာမို့စ်၊ ကွန်ဆီကာအို တို့က တစ်ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အာမေးနီးယားနဲ့ ပွဲအပြီးမှာ ပရိသတ်တွေက “ရော်နယ်ဒို မပါရင် ပေါ်တူဂီက ပိုကောင်းလေ့ ရှိပါတယ်။ ရော်နယ်ဒို ပရိသတ်တွေက အမှန်တရားကို လက်မခံကြသေးပါဘူး။ ဒါပေမယ့် ပေါ်တူဂ်က ရော်နယ်ဒို မပါရင် ပိုကောင်းပါတယ်။ ပေါ်တူဂီဟာ စီရော်နယ်လ်ဒို ဦးဆောင်တဲ့ အသင်း မဟုတ်တော့ပဲ ဘရူနို ဖာနန်ဒက်ဇ် ဦးဆောင်တဲ့ အသင်း ဖြစ်သွားပြီ ဆိုတာ အသေအချာ ပြောလို့ရပါပြီ။” လို့ လူမှုကွန်ယက်တွေပေါ်မှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ပေါ်တူဂီဟာ ၂၀၂၃ ခုနှစ်တုန်းက လူဇင်ဘတ်ကို ၉-၀ ဂိုးနဲ့ အနိုင်ရပြီးနောက်ပိုင်း သူတို့ အသင်းရဲ့ သမိုင်းမှာ ဒုတိယအကြိမ်မြောက် အဖြစ် ပြိုင်ဘက်ကို ၉ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး တိုက်ဆိုင်မှု တစ်ခုက အဲဒီ ၂ ပွဲစလုံးမှာ ရော်နယ်လ်ဒို မပါဝင်ခဲ့ပါဘူး။

ပေါ်တူဂီဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်တာကြောင့် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ပါဝင်ကစားခွင့်ရမယ့် ပထမဦးဆုံး ကစားသမား အဖြစ် စံချိန်တင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်