နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယ်သာလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာလို့ ဂုဏ်ယူနေတဲ့ မမ်းဖစ် ဒီပိုင်း | ကမ္ဘာ့ဖလား

မမ်းဖစ် ဒီပိုင်း ကတော့ နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ အတွက် အလွန် ဂုဏ်ယူမိကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီပိုင်းဟာ ညက လစ်သူယေးနီးယားကို ၃-၂ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နယ်သာလန် အတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးတွေဟာ ဒီပိုင်း အတွက် နယ်သာလန် လက်ရွေးစင် ကစားသမား ဘဝ ၅၁ ဂိုးမြောက်နဲ့ ၅၂ ဂိုးမြောက် သွင်းဂိုးတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပိုင်းဟာ ဗန်ပါစီကို ကျော်ဖြတ်ပြီး နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ ဗန်ပါစီဟာ နယ်သာလန် အတွက် ၁၀၂ ပွဲ ကစားကာ ဂိုး ၅၀ သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ကလက်စ် ဟန်တယ်လာက ၄၂ ဂိုး၊ ပက်ထရစ် ကလွိုင်ဗက်က ဂိုး ၄၀၊ ဒန်းနစ် ဘားကမ့်ပ်နဲ့ အာဂျန် ရော်ဘင်က ၃၇ ဂိုးစီနဲ့ နယ်သာလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားတွေ အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီပေးဟာ လစ်သူယေးနီးယားနဲ့ ပွဲမစခင်မှာ ဗန်ပါစီနဲ့ ဂိုးအရေအတွက် တူနေခဲ့တာပါ။ ဒီပေးဟာ လက်ရှိမှာ နယ်သာလန် လက်ရွေးစင် အသင်း အတွက် ပြိုင်ပွဲစုံ ၁၀၄ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းယူကာ ဗန်ပါစီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး စံချိန်ချိုးနိုင်ခဲ့တဲ့ အတွက် ဒီပေးက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ဒီပိုင်းရဲ့ နယ်သာလန် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ၁၀ မှတ် ရရှိထားပါတယ်။
သွင်းဂိုး ၅၂ ဂိုးနဲ့ နယ်သာလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဒီပိုင်း

“ရော်ဘင် (ဗန်ပါစီ)ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပဲ ဂုဏ်ယူပြီး ကျေနပ်မိပါတယ်။ အဝတ်လဲခန်းထဲမှာ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဟန်တယ်လာနဲ့ ရော်ဘင် တို့ကိုလည်း ကျေးဇူးတင်စကား ပြောချင်ပါတယ်။ သူတို့က ကျွန်တော့် အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့လိုပါ။ ကလွိုင်ဗက် ကိုလည်း ကျေးဇူးတင်ရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သူ့ကြောင့် ကျွန်တော် နယ်သာလန် လက်ရွေးစင် ဖြစ်ချင်ခဲ့လို့ပါ။” လို့ ဒီပိုင်းက ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီပိုင်းဟာ ဘရာဇီးလ် ထိပ်သီး ကလပ် ကိုရင်သီယန် အတွက် ကစားပေးနေပြီး ခြေစွမ်းလည်းပြနေသူ ဖြစ်ပါတယ်။ ဒီပိုင်းဟာ ကိုရင်သီယန် အတွက် ပထမရာသီမှာ ၁၄ ပွဲ ကစားကာ ၇ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးခဲ့ပြီး ဒီရာသီ မှာတော့ ၃၇ ပွဲ ကစားကာ ၈ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။ ပီအက်စ်ဗွီ အင်ဟိုဗင်မှာ ကစားသမား ဘဝ စတင်ခဲ့တဲ့ ဒီပိုင်းဟာ မန်ချက်စတာယူနိုက်တက် မှာတော့ ကျရှုံးခဲ့ပြီး လိုင်ယွန် (ဒုတိယအကြိမ်)၊ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ကိုရင်သီယန် တို့မှာတော့ ခြေစွမ်းကောင်းတွေ ပြန်ရနေခဲ့သူ ဖြစ်ပါတယ်။

ဒီပိုင်းရဲ့ နယ်သာလန် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ၁၀ မှတ် ရရှိထားပါတယ်။ ဒတ်ချ် တို့ဟာ အဆင့် ၂ နေရာက ပိုလန်နဲ့ ရမှတ်တူနေပေမယ့် ၁ ပွဲလျော့ ကစားထားတာကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ အခြေအနေကောင်းနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်