နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီလီရဲ့ ဂိုးသွင်း စံချိန်တစ်ခုကို အမှီလိုက်နိုင်ဖို့ နီးစပ်နေတဲ့ ဟယ်ရီကိန်း | ကမ္ဘာ့ဖလား

အင်္ဂလန် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ နိုင်ငံတကာ ပွဲစဉ်တွေမှာ စံချိန်ကောင်း တစ်ခု ထပ်တင်နိုင်ဖို့ အခွင့်အရေး ရှိနေပြီ ဖြစ်ပါတယ်။ ကိန်းက ဘရာဇီးလ် ဂန္ထဝင်ကြီး တိုက်စစ်မှူးကြီး ပီလီရဲ့ နိုင်ငံတကာ သွင်းဂိုး အရေအတွက်ကို အမှီလိုက်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲ အဖြစ် ဒီကနေ့ ညမှာ အဲလ်ဘေးနီးယားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဟယ်ရီကိန်း အနေနဲ့ ဂိုးသွင်းနိုင်မယ် ဆိုရင် ပီလီနဲ့ သွင်းဂိုး အရေအတွက် ၇၇ ဂိုးချင်း တူညီသွားမှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟယ်ရီကိန်းဟာ လာမယ့် ၂၀၁၅ မတ်လတုန်းက လစ်သူယေးနီးယားကို ၄-၀ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ယူရို ခြေစစ်ပွဲမှာ အင်္ဂလန် အတွက် ပွဲဦးထွက် ပါဝင်ခွင့်ရခဲ့ပြီး လူစားဝင်ပြီးလို့ စက္ကန့် ၈၀ အကြာမှာပဲ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၁၁၁ ပွဲကစား၊ ၇၆ ဂိုးအထိ သွင်းခဲ့ပြီး ဒီညပွဲမှာ ၂ ဂိုး သွင်းနိုင်ရင်တော့ ပီလီရဲ့ သွင်းဂိုး အရေအတွက်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ပီလီ ကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် အထိ ရယူထားနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ် ရပ်တည်နေသလို သူဟာ ဘရာဇီးလ် အတွက် ၉၂ ပွဲ ကစား ၇၇ ဂိုး သွင်းယူခဲ့ပါတယ်။

ပီလီ ကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် အထိ ရယူထားနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ် ရပ်တည်နေသလို သူဟာ ဘရာဇီးလ် အတွက် ၉၂ ပွဲ ကစား ၇၇ ဂိုး သွင်းယူခဲ့ပါတယ်။
ဘရာဇီးလ် အတွက် ၉၂ ပွဲ ကစား ၇၇ ဂိုး သွင်းယူခဲ့တဲ့ ပီလီ

ဟယ်ရီကိန်း ကလည်း အင်္ဂလန် အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ သူဟာ ကလပ်နဲ့ နိုင်ငံအသင်း အတွက် ဂိုးသွင်း စွမ်းဆောင်ရည် မှတ်တမ်းကောင်းတွေကို ရရှိ ပိုင်ဆိုင်ထားပြီး အင်္ဂလန် အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ရေး အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေသူပါ။ ဒါ့အပြင် ဟယ်ရီကိန်း အနေနဲ့ အင်္ဂလန်နဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ကိုင်မြှောက်နိုင်ခဲ့မယ် ဆိုရင်လည်း တစ်ဦးချင်း အကောင်းဆုံးဆု ဖြစ်တဲ့ ဘယ်လွန်ဒေါ ရရှိဖို့ အကောင်းဆုံး အခြေအနေတွေ ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

ပီလီရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီနိုင်မယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းက “ပီလီလို ဂန္ထဝင်ကြီး တစ်ဦးရဲ့ သွင်းဂိုး အရေအတွက်ကို အမီလိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီအချက်က လက်ရွေးစင် အသင်းနဲ့ အတူ ကျွန်တော် ဘယ်လောက်အထိ ဖြတ်သန်းခဲ့ပြီးပြီလဲ ဆိုတာ ဖော်ပြနေပါတယ်။ ကျွန်တော် ဂိုးမသွင်းနိုင်တဲ့ အခါ စိတ်ပျက်တာမျိုး မရှိပါဘူး။ အရေးကြီးတာက ကျွန်တော် တို့ရဲ့ အသင်း နိုင်ပွဲရရှိဖို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဟယ်ရီကိန်းက လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မယ့်သူ အဖြစ်လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်