ဂျာမနီ လက်ရွေးစင် အသင်း နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ အသင်းသားတွေကို ချီးကျူးစကား ဆိုလိုက်ပါတယ်။ ဂျာမနီ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မှာ ၂၁ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီ အနေနဲ့ ပထမဦးဆုံး ၁၉၃၀ ကမ္ဘာ့ဖလားမှာ ဝင်ရောက် မယှဉ်ပြိုင်ခဲ့သလို၊ ၁၉၅၀ ကမ္ဘာ့ဖလား မှာလည်း ယှဉ်ပြိုင်ခွင့် မရရှိတဲ့ နှစ်ကြိမ်သာ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဂျူလီယန် နေဂဲလ်စ်မန်း စတင် တာဝန်ယူချိန်က စလို့ ဂျာမနီဟာ အနိမ့်အမြင့် အတက်အကျ များစွာကို ဖြတ်သန်းခဲ့ရပါတယ်။ အစောပိုင်းမှာ အပျက်သဘောဆောင်တဲ့ အမြင်တွေ ရရှိနေခဲ့ပေမယ့်လည်း နောက်ပိုင်း မှာတော့ ခြေစွမ်းပိုင်း တည်ငြိမ်လာခြင်းနဲ့ အတူ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေ အပေါ် နေဂဲလ်စ်မန်းက “ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို ယူဆပါတယ်။ မတ်လမှာ ကျွန်တော်တို့ စိတ်လွတ်ကိုယ်လွတ် ပြင်ဆင်နိုင်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့မှာ ပလေးအော့ဖ် ကစားရမယ့် ဖိအား မရှိတော့လိုပါပဲ။ အသင်း အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ခြေစစ်ပွဲ အစမှာ ခက်ခဲခဲ့ပြီး ဖိအားလည်း ရှိလာခဲ့တယ်။ ဒီပွဲက အရမ်းကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။ လူတိုင်းက ယနေ့မှာ ထူးချွန်စွာ ကစားခဲ့ပြီး ရူးသွပ်လောက်အောင် ကြိုးစားခဲ့ကြတယ်။ ခံစစ် ကလည်း တကယ်ကောင်းခဲ့ပြီး ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပါတယ်။ ကြီးကျယ် ခမ်းနားတဲ့ ဂိုးတွေလည်း သွင်းယူခဲ့ပြီး ကျွန်တော် တို့ရဲ့ ဘောလုံး အရည်အသွေးက ဆွဲဆောင်မှု ရှိပါတယ်။ အသင်းက အမှန်တကယ် ကောင်းမွန်တဲ့ အလုပ်ကို လုပ်ဆောင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲမှာ ဆလိုဗက်ကီးယားကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲဆက် အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီက ၂၀၂၁ စက်တင်ဘာနဲ့ နိုဝင်ဘာလ အတွင်း ၇ ပွဲဆက် အနိုင်ရပြီးနောက် အရှည်ကြာဆုံး နိုင်ပွဲဆက်မှုလည်း ဖြစ်ခဲ့ပါတယ်။
နေဂဲလ်စ်မန်းရဲ့ အသင်းက လူဇင်ဘတ်နဲ့ ပွဲမှာ ခြေစွမ်းပိုင်း မငြိမ်မသက် ဖြစ်ခဲ့ပြီး ပရိသတ်တွေနဲ့ ဝေဖန်သူတွေဆီ ကနေ ယုံကြည်မှုတွေ လျော့ကျခဲ့ပါတယ်။ အထူးသဖြင့် အဲဒီ ပွဲမှာ ဂျာမနီရဲ့ ပထမပိုင်း စွမ်းဆောင်ရည်က တော်တော်လေး ညံ့ဖျင်းခဲ့ပြီး နေဂဲလ်စ်မန်း ကလည်း အဲဒီ အခြေအနေကို ဝန်ခံခဲ့ပါတယ်။
နေဂဲလ်စ်မန်းက “လူဇင်ဘတ်က အထူးသဖြင့် ပထမ ၃၀ မိနစ်မှာ ကျွန်တော် တို့ကို ပြဿနာ အများကြီး ဖြစ်စေခဲ့တယ်။ တစ်ခါတလေ မျှော်လင့်ထားတာထက် ပိုခက်ခဲခဲ့တယ်။ အုပ်စုမှာ ကျွန်တော်တို့ ဖိအားတွေ အောက်မှာ ရှိနေပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော်တို့ ပွဲတွေကို အနိုင်ရရမယ် ဆိုတဲ့ စိတ်နဲ့ ကစားခဲ့ပါတယ်။” လို့ Bild ကို ပြောကြားခဲ့ပါတယ်။
ဂျာမနီက ယူရို ၂၀၂၄ နောက်ပိုင်း မျိုးဆက် ပြောင်းလဲမှုရဲ့ ဒဏ်ကို ခံခဲ့ရပြီး နေဂဲလ်စ်မန်း လက်ထက်မှာ အသင်းကို အကောင်းမွန်ဆုံး ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဂျာမနီက ကမ္ဘာ့ဖလား ခြေစစ်ပွဲကို လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့ပြီး အဓိက အဆင့် ပြိုင်ပွဲကြီးမှာ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


