ဂန်နာရို ဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အီတလီ အသင်းသာ ခြေစစ်ပွဲ မအောင်ခဲ့ရင် အီတလီ နိုင်ငံ ကနေ ထွက်ခွာသွားပြီး တခြား နိုင်ငံမှာ နေထိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဂတ်တူဆိုက အီတလီနဲ့ အေစီမီလန် တို့ရဲ့ နာမည်ကျော် ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇွန်လ ကမှ အီတလီ လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ အီတလီက နည်းပြ စပယ်လက်တီ လက်ထက်မှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဂတ်တူဆိုကို ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပြီး ဂတ်တူဆို လက်ထက် မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၄ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရရှိထားပါတယ်။ ဒါပေမယ့်လည်း ခြေစစ်ပွဲ အုပ်စု (I) မှာ နော်ဝေရဲ့ အနောက် ၃ မှတ် အကွာ ဒုတိယနေရာ ရောက်ရှိနေတာကြောင့် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် လက်ကျန် ပွဲစဉ် ၂ ပွဲစလုံးမှာ ရလဒ်ကောင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဂတ်တူဆိုက “ရည်မှန်းထားတဲ့ အတိုင်း လုပ်ဆောင်နိုင်ရင် ကျွန်တော် ဂုဏ်ပြုခံသွားမှာ ဖြစ်ပြီး အကယ်၍ မလုပ်နိုင်ခဲ့ဘူး ဆိုရင်တော့ အီတလီ နိုင်ငံ ကနေ ကျွန်တော် ထွက်ခွာသွားမှာပါ။ ဒီအတွက် ကျွန်တော် စီစဉ်ထားပြီးပါပြီ (စပိန်မှာ နေအိမ် ပိုင်ဆိုင်ထား)။ ဒီထက်ဝေးရာ ကိုလည်း ထွက်ခွာသွားနိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အရင်က ပြောဖူးပါတယ်။ ဒီမှာ ရှိနေဖို့က အိပ်မက် တစ်ခု ဖြစ်ပြီး ဒါက အမှန်ပါပဲ။ ကျွန်တော့်ထက် အတွေ့အကြုံ ပိုရှိတဲ့ လူတွေ၊ အတွေ့အကြုံ ပိုများတဲ့ လူတွေ အများကြီးပါပဲ။ အဲဒါကြောင့်လည်း ကျွန်တော် တာဝန်ကြီးကြီးယူခဲ့တယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အီတလီ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဂျီယန်လူဝီဂျီ ဘူဖွန် တို့ကို ကျေးဇူးတင်ပါတယ်။ အသင်းက ၁၆ ဂိုး အထိ သွင်းနိုင်မယ်လို့ မထင်ထားပေမယ့် ကစားသမားတွေကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီလမ်းကို ဆက်လျှောက်ဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အရမ်းပဲ ကြိုးစားပြီး အိပ်ချိန်လည်း နည်းနည်းပဲ ရှိပါတယ်။ ဒါပေမယ့် အောင်ပွဲတွေ ရဖို့ အတွက် ကျွန်တော်တို့ လုပ်ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ပွဲတွေ ရလာတဲ့ အခါ ခံစားချက်က အရမ်းကောင်းလို့ပါ။” လို့ ပြောကြားခဲ့ပါတယ်။
အီတလီဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ နှစ်ကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ဒီတစ်ကြိမ် မှာလည်း ထပ်မံ လွဲချော်ရမှာကို အီတလီ ပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အကယ်၍ အီတလီသာ နော်ဝေကို မကျော်ပဲ အုပ်စု အဆင့် ၂ နေရာသာ ရရှိခဲ့ရင်တော့ ခြေစစ်ပွဲ နောက်တစ်ဆင့်ကို ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အီတလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန် ပွဲစဉ် ၂ ပွဲ အဖြစ် မော်လ်ဒိုဗာ၊ နော်ဝေ တို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အီတလီ ကတော့ ၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားပြီး ပြိုင်ပွဲရဲ့ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။ အီတလီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန် ကတည်းက ၃ ကြိမ်သာ ခြေစစ်ပွဲ မအောင်မြင်ထားပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.