ကမ္ဘာ့ဘောလုံးအဖွဲချုပ် ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အမိုးပါတဲ့ ကွင်းတွေကိုသာ အသုံးပြုသွားမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ တို့က ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပြီး ပွဲအများစု ကိုတော့ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမယ့် ကာလဟာ လက်ရှိ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပခဲ့တဲ့ ဇွန်လ ကနေ ဇူလိုင်လ အတွင်း ဖြစ်နေတာကြောင့် အမေရိကတိုက်ရဲ့ အပူချိန်မြင့်မားမှုနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ဆိုရင် အပူချိန် မြင့်မားမှုကြောင့် ဝေဖန်ထောက်ပြမှု များစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဥရောပက လာတဲ့ ကစားသမားတွေဟာ အပူဒဏ်ကို သိသိသာသာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ် ဆိုရင် အာဂျင်တီးနားသား ဖြစ်ပေမယ့် ကမ္ဘာ့ဖလား ကျင်းပမယ့် အချိန်က အလွန် အန္တရာယ်များကြောင်းနဲ့ ပြန်လည် သုံးသပ်သင့်ကြောင်း တောင်းဆိုထားပါတယ်။
ဒါပေမယ့်လည်း အင်ဖန်တီနို ကတော့ “ဝေဖန်မှုတွေ အားလုံးကို ကျွန်တော်တို့ လက်ခံထားပြီး ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မလဲ ဆိုတာ ဆန်းစစ်ပါတယ်။ အပူချိန်က အဓိကကျတဲ့ အကြောင်းအရာ တစ်ခုပါ။ ပြီးခဲ့တဲ့ နှစ်က ပါရီ အိုလံပစ်ပြိုင်ပွဲကို အလွန်ပူပြင်းတဲ့ အခြေအနေမှာ နေ့ပွဲတွေ အဖြစ် ကျင်းပသွားခဲ့ပါတယ်။ Cooling break ကလည်း အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ ဘာတွေ လုပ်နိုင်မလဲ ဆိုတာ ကြည့်ရမှာပါ။ ကျွန်တော် တို့မှာ အမိုးပါတဲ့ ကွင်းတွေ ရှိနေပြီး အဲဒီကွင်းတွေကို လာမယ့် နှစ်မှာ သေချာပေါက် အသုံးပြုသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဖီဖာ အနေနဲ့ သူတို့ရဲ့ ပြိုင်ပွဲကျင်းပမှု ပုံစံ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပြီးတော့ ကလော့ပ် အပါအဝင် ဘောလုံးလောကရဲ့ တချို့သော နာမည်ကြီး ပုဂ္ဂိုလ်တွေ ကပါ ထောက်ပြမှုတွေ ရှိနေတာပါ။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားလို ပြိုင်ပွဲကို အစောပိုင်းမှာ ရိုဒရီလို ဘယ်လွန်ဒေါဆု ရရှိထားတဲ့ ကစားသမား ကပါ ဆန့်ကျင်ခဲ့ဖူးပြီး ဒီလို ပွဲတွေ အများကြီး ကစားရခြင်းက ဘောလုံးသမားတွေရဲ့ နားချိန်ကို ထိခိုက်စေသလို ရာသီသစ်မှာလည်း ကြံ့ခိုင်မှု၊ ဒဏ်ရာရရှိမှုတွေ အတွက် သက်ရောက်မှု ကြီးမားနိုင်ကြောင်း ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖီဖာ ကတော့ သူလုပ်စရာ ရှိတာတွေက ဆက်လက် လုပ်ဆောင်ခဲ့ပြီးတော့ အခုဆိုရင် ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ ကျင်းပ ပြီးစီးခဲ့ပြီးတော့ ချဲလ်ဆီးလည်း ချန်ပီယံ ဖြစ်ခဲ့ပါပြီ။
ဗိုလ်လုပွဲ မကျင်းပခင်မှာ ဖီဖာက ကမ္ဘာ့ဘောလုံးသမားများသမဂ္ဂတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ နားချိန် အတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖီဖာက ကမ္ဘာတစ်လွှားက ဘောလုံးသမားသမဂ္ဂတွေနဲ့ နယူးယောက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး တခြား အကြောင်းအရာတွေလည်း ပါဝင်ခဲ့ပါတယ်။
အဓိကအကျဆုံး ဖြစ်တဲ့ ကစားသမားတွေရဲ့ နားချိန် အတွက် ဆွေးနွေး ညှိနှိုင်းခဲ့ရာ မှာတော့ ပွဲတစ်ပွဲနဲ့ တစ်ပွဲကြား အနည်းဆုံး နားချိန် ၇၂ နာရီ ရရှိဖို့နဲ့ ဘောလုံးရာသီပိတ်သိမ်းချိန်မှာ အနည်းဆုံး နားရက် ၂၁ ရက် သတ်မှတ်ပေးဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲအစည်း (FIFPro) က ဘောလုံးရာသီ ပိတ်သိမ်းချိန်မှာ နားရက် ၂၈ ရက် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခု ဆွေးနွေးပွဲ မှာတော့ ၂၁ ရက်သာ သတ်မှတ်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ကစားသမားတွေကို တစ်ပတ် တစ်ရက် နားရက် သတ်မှတ်ပေးဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.