နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချို့ယွင်းချက် မရှိခဲ့တဲ့ စပိန်ရဲ့ တူရကီနဲ့ ပွဲက ခြေစွမ်းကို ကျေနပ်ပီတိ ဖြစ်နေတဲ့ ဒယ်လာ ဖျူအန်တေး | ကမ္ဘာ့ဖလား

စပိန် ကတော့ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တူရကီကို အဝေးကွင်းမှာ ဂိုးဒါဇင်ဝက်သွင်းပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ လူးဝစ္စ ဒယ်လာ ဖျူအန်တေးက သူ့ရဲ့ အသင်းဟာ “အပြစ်အနာအဆာ” မရှိပဲ ပြီးပြည့်စုံစွာ စတင်နိုင်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒီပွဲမှာ စပိန်က ကြောက်မက်ဖွယ်ရာ ခြေစွမ်းနဲ့ အိမ်ရှင် တူရကီကို ခေါင်းမဖော်နိုင်အောင် ချိုးဖျက်ပြခဲ့တာ ဖြစ်ပါတယ်။ စပိန် အတွက် ဂိုးတွေ ကိုတော့ ၆ မိနစ်နဲ့ ၆၂ မိနစ်မှာ ပက်ဒရီ၊ ၂၂၊ ၄၅+၁နဲ့ ၅၇ မိနစ်တွေမှာ မီခဲလ် မာရင်နို၊ ၅၃ မိနစ်မှာ ဖာရန်း တောရက်စ် တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ မာရင်နို ကတော့ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလ အတွင်း စပိန် အမျိုးသား လက်ရွေးစင် အသင်းကြီး အတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ကွင်းလယ် ကစားသမား ဖြစ်ပါတယ်။ ပထမ တစ်ဦး ကတော့ ၂၀၁၈ ခုနှစ် မတ်လက အာဂျင်တီးနားနဲ့ ပွဲမှာ ဟက်ထရစ် သွင်းခဲ့တဲ့ အစ္စကို ဖြစ်ပါတယ်။

စပိန်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ တူရကီကို ဂိုးပေါက် ကန်ချက် ၂၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၁၂ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒီလိုမျိုး အရမ်းကောင်းမွန်တဲ့ တိုက်စစ် စွမ်းဆောင်ရည် အပေါ် နည်းပြ ဒယ်လာ ဖျူအန်တေးက အလွန် ကျေနပ် နှစ်သက်လျက် ရှိပြီး ဘူလ်ဂေးရီးယားနဲ့ ပွဲက ခြေစွမ်းထက် ပိုပြီး တိုးတက်လာတဲ့ အတွက်လည်း ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီနေ့ ကျွန်တော်တို့ ချို့ယွင်းချက် မရှိခဲ့ပါဘူး။ ကြာသပတေးနေ့က ဘူလ်ဂေးရီးယားနဲ့ ပွဲမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမှားတွေကို ထပ်မပြောချင်ပါဘူး။ ဒီနေ့ နောက်လမှာ ပိုကောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို စပြီး စဉ်းစားနေပါတယ်။” လို့ ဒယ်လာ ဖျူအန်တေးက ဆိုပါတယ်။

ဒီနိုင်ပွဲကြောင့် စပိန်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု E ကို ရမှတ် ၆ မှတ်နဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၅ နှစ် အတွင်း ဒုတိယအကြိမ်မြောက် စပိန် အတွက် ဟက်ထရစ် သွင်းတဲ့ ကွင်းလယ်လူ ဖြစ်လာတဲ့ မီခဲလ် မာရင်နို

အဲဒီနောက် ဖျူအန်တေးက အသင်းရဲ့ အလုံးစုံ အရည်အသွေးကို ချီးကျူးခဲ့သလို တစ်ဦးချင်း စွမ်းဆောင်ရည်တွေ ကလည်း ချီးကျူးမှုတွေနဲ့ ထိုက်တန်ကြောင်း ယုံကြည်နေပါတယ်။ ဒီပွဲမှာ စပိန် ကြယ်ပွင့်လေး လာမင်း ယာမယ် ကတော့ ဂိုးသွင်းသူ စာရင်းမှာ မပါဝင်ခဲ့ပေမယ့်လည်း ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့သလို အထောင် တိုက်စစ် နေရာမှာ ကစားတဲ့ မီခဲလ် အိုရာဇာဘယ် ကလည်း ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်သွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပိန်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု E ကို ရမှတ် ၆ မှတ်နဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ စပိန်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ရဂိုး ၉ ဂိုး အထိ ရရှိထားပြီး ပေးဂိုးလည်း လုံးဝ မရှိသေးပါဘူး။

ယာမယ်နဲ့ ဖေဘီယန် ရူအစ်ဇ် တို့ကတော့ ဒီနှစ် ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်နေတဲ့ စပိန် ကစားသမားတွေ ဖြစ်ကြပေမယ့်လည်း ဒယ်လာ ဖျူအန်တေး ကတော့ သူ့ရဲ့ ကစားသမားတွေဟာ ဒီထက် ပိုပြီး ထိုက်တန်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဒယ်လာ ဖျူအန်တေးက “ကျွန်တော် မှတ်မိနေပါသေးတယ်။ အင်နီယေစတာ၊ ဇာဗီ၊ ဇာဘီ အလွန်ဆို၊ ရာအူးလ် တို့လို ကစားသမားတွေပေါ့။ ကျွန်တော့် အမြင်အရတော့ သူတို့က ဘယ်လွန်ဒေါဆု အတွက် တိုက်ပွဲဝင်ခဲ့ကြတာထက် အမှန်တကယ် ရရှိခဲ့သင့်သူတွေပါ။ ဒီလို ဆန်ခါတင် စာရင်းမှာ စပိန် ဘောလုံးသမား တစ်ယောက် ပါရှိနေတိုင်း ကျွန်တော် ပျော်ပါတယ်။ ကျွန်တော်တို့ နေရာ တော်တော်များများမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပါတယ်။ ဆုပေးပွဲတွေ အကြောင်းတော့ ကျွန်တော် မသိပေမယ့် နေရာ တော်တော်များများမှာ ကျွန်တော်တို့ အကောင်းဆုံးတွေ ရှိနေတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

စပိန် လက်ရွေးစင် အသင်း ကတော့ ၂၀၂၂ ခုနှစ်မှာ လူးဝစ္စ အင်းနရစ်ခ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ၂၀၂၂ ဒီဇင်ဘာမှာ ဒယ်လာ ဖျူအန်တေးကို နည်းပြ ရာထူး ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ စပိန်ဟာ ဒီနည်းပြ လက်ထက်မှာ ၃၃ ပွဲ ကစားပြီး ၂၇ ပွဲ အနိုင်ရရှိထားကာ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ၆၄ နှစ် အရွယ် နည်းပြကြီးက စပိန် အတွက် နေးရှင်းလိဂ်နဲ့ ယူရိုဖလားတွေ ရယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်