အခုဆိုရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်းတွေ ပေါ်ထွက်လာပြီ ဖြစ်သလို ပလေးအော့ဖ် ကစားရမယ့် အသင်းတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒီထဲကမှာ စိတ်ဝင်စားစရာ ကောင်းတာက အခုလာမယ့် ကမ္ဘာ့ဖလားကို ကမ္ဘာပေါ်က မထင်မရှား နိုင်ငံ အသင်းငယ်လေး တချို့ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ကွန်ကာကပ်ဖ်ဇုန်က မထင်မရှား အသင်းငယ်လေး ဖြစ်တဲ့ ကူရာကာအို အသင်းလည်း ပါဝင်နေပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်း ၄ သင်း ရှိပြီးတော့ ကိပ်ဗာဒီ၊ ဂျော်ဒန်၊ ဥဇဘတ်ကစ္စတန်နဲ့ ကူရာကာအို တို့ပဲ ဖြစ်ပါတယ်။ ကူရာကာအိုဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကွန်ကာကက်ဖ်ဇုန် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ နာမည်ကြီး ဂျမေကာကို ဂိုးမရှိ သရေ ကစားပြီးတဲ့နောက် အုပ်စု ပထမနေရာနဲ့ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ကူရာကာအိုဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု ဘီမှာ ဂျမေကာ၊ ထရီနီဒတ်၊ ဘာမျူဒါ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ အုပ်စု ပွဲစဉ် ၆ ပွဲ ကစားရာမှာ ၃ ပွဲနိုင်၊ ၃ ပွဲ သရေနဲ့ ရှုံးပွဲ မရှိခဲ့တဲ့ ကူရာကာအိုက ရဂိုး ၁၃ ဂိုး၊ ပေးဂိုး ၃ ဂိုးသာ ရှိခဲ့ပြီး ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။
ယခင်က နယ်သာလန်ရဲ့ လက်အောက်ခံ နိုင်ငံ ဖြစ်တဲ့ ကူရာကာအိုက ဧရိယာ စတုရန်းမိုင်ပေါင်း ၁၇၁ မိုင်သာ ကျယ်ဝန်းပြီး လူဦးရေ ကလည်း ၁၅၀,၀၀၀ ကျော်သာ ရှိတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က စလို့ ကူရာကာအို အမည်နဲ့ စတင် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော် အကြာ မှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဦးဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကူရာကာအိုက ၂၀၁၈ က ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အိုက်စလန်ကို ကျော်ဖြတ်ပြီးတော့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ကစားခွင့်ရခဲ့တဲ့ အသေးငယ်ဆုံး နိုင်ငံ အဖြစ် စံချိန်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက် တစ်ခုက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၅၀ သာ ရှိခဲ့တဲ့ ကူရာကာအိုက အခုဆိုရင် အဆင့် ၈၂ အထိ တက်လှမ်းလာနိုင်ပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကူရာကာအိုကို နယ်သာလန် ဝါရင့် နည်းပြကြီး အက်ဒ်ဗိုကက်က ကိုင်တွယ်နေပြီး အသင်း အတွက် သမိုင်းဝင် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အက်ဒ်ဗိုကက်ဟာ နည်းပြ သက်တမ်း တလျှောက် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပီအက်စ်ဂျီ၊ ရိန်းဂျားစ်၊ ဇင်းနစ် စတဲ့ အသင်းတွေမှာ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အက်ဒ်ဗိုကက်ရဲ့ အသက်က ၇၈ နှစ် အထိ ရှိမှာ ဖြစ်လို ၂၀၁၀ ခုနှစ်တုန်းက ဂရိ လက်ရွေးစင် အသင်းရဲ့ နည်းပြဟောင်း အသက် ၇၁ နှစ် အရွယ် အော့တိုရီဟာဂယ်လ်ကို ကျော်ဖြတ်ပြီးတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတလျှောက် အသက်အကြီးဆုံး နည်းပြအဖြစ် စံချိန်တင်နိုင်မှာလည်း ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း ကွန်ကာကက်ဖ်ဇုန်ရဲ့ အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဂျမေကာက ခြေစစ်ပွဲ အဆင့် အုပ်စုတွင်းမှာ ကူရာကာအိုကို မကျော်ဖြတ်နိုင်ဘဲ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် ဂျမေကာက ပလေးအော့ဖ် အဆင့်ကို ဖြတ်သန်းရဦးမှာ ဖြစ်ပြီး အင်္ဂလန် နာမည်ကျော် နည်းပြကြီး စတိဗ် မက္ကလာရင် ကတော့ ကူရာကာအိုနဲ့ ပွဲအပြီးမှာပဲ နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


