စပိန်လူမျိုး နည်းပြ ဂျူလန် လိုပက်တက်ဂီ ကတော့ ကာတာ လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် ဖြစ်လာခဲ့ပါတယ်။ လိုပက်တက်ဂီ ကိုတော့ ကာတာက လာမယ့် အာရှဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အဓိက ရည်ရွယ်ပြီး ခန့်အပ်ခဲ့တာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
စပိန်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာ၊ ပေါ်တို၊ ဝုဗ်နဲ့ ဝက်စ်ဟမ်း တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ လိုပက်တက်ဂီ ကတော့ အသက်အရွယ် အားဖြသ့် ၅၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ လိုပက်တက်ဂီ ကတော့ ဆီဗီလာနဲ့ အတူ ယူရိုပါလိဂ် ချန်ပီယံဆု ရယူနိုင်ခဲ့ဖူးသူ ဖြစ်ပေမယ့်လည်း တခြား ကလပ်တွေ မှာတော့ ဆုဖလား အောင်မြင်မှု မရရှိခဲ့ပါဘူး။ ခြွင်းချက် အနေနဲ့ လိုပက်တက်ဂီဟာ စပိန် ယူ-၁၉၊ ယူ-၂၁ အသင်းတွေကို ကိုင်တွယ်စဉ် ကတော့ ယူအီးအက်ဖ်အေ လူငယ် ချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ဖူးပါတယ်။
လိုပက်တက်ဂီ အနေနဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှာ ဝက်စ်ဟမ်းရဲ့ နည်းပြ အဖြစ် ၂ နှစ် စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကာတာ ဘောလုံးအဖွဲချုပ်က လိုပက်တက်ဂီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ၂၀၂၇ အာရှဖလား ပြိုင်ပွဲ အတွက် အဓိက ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ လိုပက်တက်ဂီ အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကာတာကို ခြေစစ်ပွဲ အောင်မြင်ရေး အတွက်လည်း ကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်။ ကာတာ လက်ရွေးစင် အသင်း ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် မရှိတော့ပဲ စတုတ္ထအဆင့်ကို တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့သာ အဓိက ကြိုးပမ်းရတော့မှာလည်း ဖြစ်ပါတယ်။

ကာတာ ဘောလုံးအဖွဲချုပ် ကတော့ ၂၀၂၃ ခုနှစ် နောက်ပိုင်း စပိန် လူမျိုး နည်းပြတွေကို တောက်လျောက် ခန့်အပ်ခဲ့ပြီး လိုပက်တက်ဂီ ကတော့ နောက်ဆုံး ၂ နှစ် အတွင်းမှာ ၃ ဦးမြောက် ခန့်အပ်ခံခဲ့ရတဲ့ စပိန် နည်းပြလည်း ဖြစ်လာပါတယ်။ လိုပက်တက်ဂီ ရှေ့မှာတော့ တင်တင် မားကွက်ဇ်၊ လူးဝစ္စ ဂါစီယာ တို့ကို တစ်ရာသီစီ ခန့်အပ်ပြီး အချိန်တိုတွင်း လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
လိုပယ်တယ်ဟီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာနဲ့ ပတ်သက်လို့ ကာတာ ဘောလုံးအဖွဲချုပ်က အခုလိုပဲ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ‘စပိန် လူမျိုး နည်းပြ ဂျူလန် လိုပက်တက်ဂီကို ကာတာ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် အဖြစ် ၂၀၂၇ ခုနှစ် အထိ စာချုပ်နဲ့ တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ လိုပက်တက်ဂီဟာ ကာတာ လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလား လက်ကျန် ခြေစစ်ပွဲစဉ်တွေကို စတင် ကိုင်တွယ် ဆောင်ရွက်ရမှာ ဖြစ်ပြီးတော့ အီရန်နဲ့ ယှဉ်ပြိုင် ကစားရမယ့် အိမ်ကွင်း ပွဲစဉ်က သူ့ရဲ့ ပထမဦးဆုံးပွဲ ဖြစ်လာပါလိမ့်မယ်။’ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒီတော့ နည်းပြ ဘဝ သက်တမ်း တစ်လျှောက် အသင်းကြီး တော်တော်များများကို ကိုင်တွယ်ခဲ့ဖူးတဲ့ လိုပက်တက်ဂီ အနေနဲ့ သူ့ရဲ့ နယ်မြေသစ် ဖြစ်တဲ့ အာရှမှာ အောင်မြင်မှုတွေ ရယူနိုင်မလား။ ဒါမှမဟုတ် နည်းပြ မမြဲတဲ့ ကာတာ အသင်း မှာရော ရှေ့က စပိန် နည်းပြတွေလိုပဲ ထပ်မံ ရုန်းကန်ရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.