နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျာမနီကို Comeback ရလဒ်နဲ့ အနိုင်ယူပြီး နေးရှင်းလိဂ် ဗိုလ်လုပွဲ တက်သွားတဲ့ ပေါ်တူဂီ

ညက ယှဉ်ပြိုင်ကစားသွားတဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ ပေါ်တူဂီက ဂျာမနီကို အဝေးကွင်းမှာ Comeback ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် ဂျာမနီက ခြေစွမ်းပိုင်း တော်တော်လေး ဆိုးရွားနေခဲ့တာ တွေ့ရပြီး ပေါ်တူဂီ ကတော့ ဒုတိယပိုင်း ကစားပုံ ကောင်းမွန်မှုနဲ့ အတူ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး သက်ဆိုင်ရာ ကလပ်တွေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဂျာမနီ ဘက်မှာ တာစတီဂျန်၊ တာ့ရ်၊ ကော့ချ်၊ အန်တွန်၊ ကင်မစ်ချ်၊ ပက်ဗ်လိုဗစ်၊ ဂိုရက်ဇ်ကာ၊ မစ်တဲလ်စတက်ဒ်၊ ဝေါလ်တီမိတ်ဒ် တို့ ပထမလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ မာတီနက်ဇ်ရဲ့ ပေါ်တူဂီ ကတော့ ရော်နယ်ဒိုကို အထောင်ထားပြီး နီတို၊ ထရင်ကာအို၊ ဖာနန်ဒက်စ်တို့နဲ့ ဝန်းရံစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ရူဘင် နီးဗက်စ်၊ ခံစစ်မှာ မန်းဒက်စ်၊ အင်နာစီယို၊ ဒီးရာ့စ်၊ ယာအို နီးဗက်စ်၊ ဂိုးမှာ ကော်စတာ ပွဲထွက်လာပါတယ်။

ပထမပိုင်းမှာ အိမ်ရှင် ဂျာမနီက ပေါ်တူဂီထက် ကစားပုံ အနည်းငယ် ပိုကောင်းခဲ့ပြီးတော့ ဂိုးပေါက် ခြိမ်းခြောက်မှုလည်း ပိုလုပ်နိုင်ခဲ့ပါတယ်။ ဂျာမနီက ပထမပိုင်းမှာတင် ဂိုးပေါက် ကန်ချက် ၇ ကြိမ် ရှိခဲ့ပြီး ဂိုးပေါက်လည်း ၄ ကြိမ် တည့်ခဲ့ပေမယ့် သွင်းဂိုး မရခဲ့ပါဘူး။ ပေါ်တူဂီ ကတော့ ပထမပိုင်းမှာ ခံစစ်ကို ပိုမို အားပြုခဲ့ပြီး ဒုတိယပိုင်းမှ ပြိုင်ဘက်ကို တောက်လျောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ဂျာမနီ အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၄၈ မိနစ်မှာ ဝစ်ဇ်က လှလှပပ ခေါင်းတိုက်ပြီး သွင်းယူခဲ့ပေမယ့် ပွဲချိန် ၆၃ မိနစ် မှာတော့ ပေါ်တူဂီတို့ ချေပဂိုးရရှိခဲ့တဲ့ အပြင် ၁၀ မိနစ် အတွင်း ပေါ်တူဂီတို့ အနိုင်ဂိုးပါ ထပ်ရခဲ့ပါတယ်။ ပေါ်တူဂီ အတွက် ချေပဂိုးကို ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ ကွန်ဆီကာအိုက သွင်းယူပေခဲ့တာ ဖြစ်ပြီး ထုံးစံ အတိုင်း ရော်နယ်ဒို ကတော့ အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး သွင်းယူပေးခဲ့တဲ့ ကွန်ဆီကာအိုရဲ့ သွင်းဂိုးက သေသပ် ကောင်းမွန်ခဲ့သလို ရော်နယ်ဒို ကတော့ မန်းဒက်စ်ရဲ့ ဖန်တီးပေးမှုကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ 

အတွေ့အကြုံရင့် ကစားသမားတွေလည်း ရှိနေပြီး နည်းပြ မာတီနက်ဇ် အနေနဲ့ ဒီလူစာရင်း ကိုသာ ကောင်းကောင်း ကိုင်တွယ်နိုင်ရင် နေးရှင်းလိဂ်က စလို့ ၂၀၂၆ ကမ္ဘာ့ဖလား မှာပါ အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှု ရရှိနိုင်မှာ အသေအချာပါပဲ။
ခြေစွမ်းပိုင်း ဆိုးရွားခဲ့လို့ နေးရှင်းလိဂ် ဆီးမီးဖိုင်နယ် ကနေပဲ လှည့်ပြန်ခဲ့ရတဲ့ ဂျာမနီ

ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် နိုင်ငံတကာ သွင်းဂိုး ၁၃၇ ဂိုး အထိ ရှိလာခဲ့သလို ကစားသမား ဘဝ သွင်းဂိုး အနေနဲ့လည်း ၉၃၇ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ပေါ်တူဂီ ကလည်း ရော်နယ်ဒို လက်ထက်မှာ ၅ ကြိမ် အထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက နေးရှင်းလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့သလို ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာပါ။ ပေါ်တူဂီဟာ ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကို အနိုင်ယူပြီး နေးရှင်းလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို ၃ နှစ် အကြာမှာ တကျော့ပြန် ချန်ပီယံ ဖြစ်နိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

ဒီပွဲရဲ့ ခြေစွမ်းပိုင်းကို ပြန်ကြည့်ရင်တော့ ဂျာမနီဟာ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း လက်ထက် ဒီပွဲ ခြေက အဆိုးရွားဆုံးပါပဲ။ နေရာစုံမှာ ကစားသမားတွေ အားနည်းချက် ရှိခဲ့သလို တစ်ဖက်က နိုင်လိုစိတ် အပြည့်နဲ့ ကစားသွားတဲ့ ပေါ်တူဂီ ကိုလည်း ချီးကျူးရပါမယ်။ ပေါ်တူဂီ အနေနဲ့ ဂျာမနီကို ကာလအတန်ကြာ အနိုင်မရရှိခဲ့တဲ့ ကျိန်စာဆိုး ကနေလည်း ရုန်းထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ပေါ်တူဂီမှာ ကလပ် အသင်းတွေနဲ့ အတူ ထွန်းတောက်လာတဲ့ ကြယ်ပွင့်တွေ အများကြီးပါ။ အတွေ့အကြုံရင့် ကစားသမားတွေလည်း ရှိနေပြီး နည်းပြ မာတီနက်ဇ် အနေနဲ့ ဒီလူစာရင်း ကိုသာ ကောင်းကောင်း ကိုင်တွယ်နိုင်ရင် နေးရှင်းလိဂ်က စလို့ ၂၀၂၆ ကမ္ဘာ့ဖလား မှာပါ အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှု ရရှိနိုင်မှာ အသေအချာပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်