နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ကလပ် စာရင်းမှာ ပရီးမီးယားလိဂ် ကလပ် ၆ သင်း အထိ ပါဝင်နေ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် က‌တော့ ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ကလပ် ဖြစ်လာခဲ့ကြောင်း Sportico က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ Sportico ရဲ့ ၂၀၂၅ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကလပ်များ စာရင်းအရ ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ကို ပြန်လည် ကျော်ဖြတ်ပြီးနောက် ထိပ်ဆုံးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နှစ်က အမေရိကန်ဒေါ်လာ ၆.၀၆ ဘီလီယံ တန်ကြေးသာ ရှိခဲ့ရာ ကနေ ဒီနှစ် မှာတော့ တန်ကြေး များစွာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ နှစ်က တန်ကြေး အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီစာရင်းကို ကြည့်မယ် ဆိုရင်တော့ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ထိပ်ဆုံး ၁၀ သင်း စာရင်းမှာ ပရီးမီးယားလိဂ် ကလပ် ၆ သင်း အထိ ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ထိပ်ဆုံး အသင်း ၅၀ စာရင်းမှာ ၁၄ သင်း အထိ ပါဝင်နေတဲ့ ပရီးမီးယားလိဂ်

Sportico ရဲ့ ဒီနှစ် အတွက် ထုတ်ပြန်ချက်အရ လာလီဂါ ကလပ် အနေနဲ့ အမေရိကန်ဒေါ်လာ ၆.၅၃ ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ မနှစ်ကထက် ၀.၇၄ ဘီလီယံ တိုးမြင့်လာခဲ့တာ ဖြစ်ပြီး ယူနိုက်တက် ကတော့ အမေရိကန် ဒေါ်လာ ၆.၀၉ ဘီလီယံနဲ့ ဒုတိယ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ယူနိုက်တက် ကတော့ တန်ဖိုး အနည်းငယ် လျော့ကျသွားတယ်လို့ ပြောလို့ ရပြီး ဒါကလည်း အသင်းရဲ့ အောင်မြင်မှုတွေ ကျဆင်းနေတာကြောင့် ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရသလို ရုပ်သံ လွှင့်ခွင့်တွေ ကနေလည်း ဝင်ငွေ ရရှိမှု ကျဆင်းသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ကမ္ဘာတစ်ဝှမ်း စပွန်ဆာကြေး များစွာ ရရှိနေဆဲ ဖြစ်တာကြောင့် အသင်းက တိုင်ပတ်နေသည့်တိုင်အောင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကလပ်တွေ စာရင်းမှာ ထိပ်ဆုံးက ရှိနေသေးတာ ဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုး အမြင်ဆုံး ကလပ် စာရင်းရဲ့ တတိယနေရာ မှာတော့ ဘာစီလိုနာက အမေရိကန် ဒေါ်လာ ၅.၇၁ ဘီလီယံနဲ့ တတိယ၊ လစ်ဗာပူးလ်က အမေရိကန် ဒေါ်လာ ၅.၅၉ ဘီလီယံနဲ့ စတုတ္ထ၊ ဘေယန်မြူးနစ် ကတော့ အမေရိကန်ဒေါ်လာ ၅.၂၁ ဘီလီယံနဲ့ ပဥ္စမ နေရာမှာ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။ တတိယ နေရာ ကနေ ဆဋ္ဌမ နေရာ အထိနဲ့ အဆင့် ၉နဲ့ ၁၀ နေရာတွေ ကတော့ ပြီးခဲ့တဲ့ နှစ်တွေက အတိုင်း အပြောင်းအလဲ မရှိခဲ့ပါဘူး။ ဆက်လက်ပြီး အဆင့် ၆ နေရာ မှာတော့ မန်စီးတီးက ၅.၁၆ ဘီလီယံ၊ အဆင့် ၇ နေရာမှာ အာဆင်နယ်က ၄.၄၉ ဘီလီယံ၊ အဆင့် ၈ နေရာ မှာတော့ ပီအက်စ်ဂျီက ၄.၂၆ ဘီလီယံ၊ အဆင့် ၉ နေရာမှာ စပါးက ၃.၆၈ ဘီလီယံနဲ့ အဆင့် ၁၀ နေရာမှာ‌တော့ ချဲလ်ဆီးက ၃.၅၇ ဘီလီယံနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

ထိပ်ဆုံး ၁၀ သင်း နေရာမှာ တခြားသော ပြောင်းလဲမှု အဖြစ် အာဆင်နယ်က ပီအက်စ်ဂျီကို ကျော်ဖြတ်ကာ အဆင့် ၇ နေရာကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ထိပ်ဆုံး အသင်း ၅၀ စာရင်းမှာ မေဂျာလိဂ် ကလပ်တွေက အသင်း ၂၀ အထိ ပါဝင်ခဲ့ကာ အများဆုံး ဖြစ်ခဲ့ပြီး ထိပ်ဆုံး အသင်း ၂၀ စာရင်းမှာလည်း ၅ သင်း အထိ စာရင်းဝင်ခဲ့ကြပါတယ်။ ဒီစာရင်းကို ကြည့်မယ် ဆိုရင်တော့ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ထိပ်ဆုံး ၁၀ သင်း စာရင်းမှာ ပရီးမီးယားလိဂ် ကလပ် ၆ သင်း အထိ ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်ဆုံး အသင်း ၅၀ စာရင်း မှာတော့ ပရီးမီးယားလိဂ်က ၁၄ သင်း အထိ ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်