ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာရဖို့ ရှိနေတဲ့ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကိုတော့ အေစီမီလန်က စိတ်ဝင်စားလာကြောင့် သိရပါတယ်။ ဟွိုက်ဂျ်လန်း ကတော့ လက်ရှိမှာ စီးရီးအေ ကလပ်တွေနဲ့ ဆက်တိုက် သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်တကျ ကမ်းလှမ်းမှုတွေတော့ မရှိသေးပါဘူး။
ဟွိုက်ဂျ်လန်းကို အစောပိုင်းမှာ အင်တာမီလန်က အလိုရှိခဲ့ပေမယ့်လည်း လက်ရှိ မှာတော့ လက်လျှော့သွားခဲ့ပြီး အင်တာရဲ့ မြိုခံ ပြိုင်ဘက် အေစီမီလန်က ဟွိုက်ဂျ်လန်းကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဂျူဗင်တပ်စ် ကလည်း မားကပ်စ် ရက်ရှ်ဖို့ဒ် အပြင် ဒိန်းမတ် တိုက်စစ်မှူး ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
စီးရီးအေ ကလပ် အတ္တလန္တာမှာ စတင် တောက်ပခဲ့တဲ့ ဟွိုက်ဂျ်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်မှာ တော်တော်လေး ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်၊ အင်တာမီလန်နဲ့ တခြားသော စီးရီးအေ ထိပ်တန်း ကလပ်တွေက ဟွိုက်ဂျ်လန်းကို အီတလီမြေဆီ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။ အင်တာမီလန်ဟာ ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီးမှ ပါးမားက ဘိုနီကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဟွိုက်ဂျ်လန်းကို အေစီမီလန်နဲ့ ဂျူဗင်တပ်စ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

လက်တလော အေစီမီလန်ရဲ့ တိုက်စစ်မှာ အထောင် တိုက်စစ်မှူး ဆိုလို့ ဆန်တီယာဂို ဟင်မီနက်ဇ် တစ်ဦးတည်းသာ ရှိပြီးတော့ တမ်မီ အေဘရာဟမ်နဲ့ လူကာ ယိုဗစ် တို့ကလည်း အသင်း ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အေစီမီလန်က ဒီနွေရာသီ ဈေးကွက်ထဲမှာ အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားဖို့ စီစဉ်နေပြီး ဂျုဗင်တပ်စ်က ဒူဆန် ဗလာဟိုဗစ်၊ ချဲလ်ဆီးက နီကိုးလက်စ် ဂျက်ဆင်နဲ့ မန်ချက်စတာယူနိုက်တက်က ဟွိုက်ဂျ်လန်း တို့ကိုပါ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ဦးထဲမှာ ဂျက်ဆန်က ခေါ်ယူဖို့ ခက်ခဲတာကြောင့် ဟွိုက်ဂျ်လန်း ကတော့ အေစီမီလန် အတွက် ပိုမို ဖြစ်နိုင်ခြေ ရှိတဲ့ ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။
တစ်ဖက် မှာလည်း ဆာဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဂျုဗင်တပ်စ်နဲ့ သေချာပေါက် လမ်းခွဲဖို့ ရှိသလို ပြောင်းရွှေ့ကြေး ကလည်း ယူရို ၂၅ သန်းလောက်သာ ရှိနေပါတယ်။ ဒီအခြေအနေကြောင့် အေစီမီလန်က ဗလာဟိုဗစ်ကို ရွေးချယ်ဖို့ ရာခိုင်နှုန်း များနေပြီး ယူနိုက်တက် ဘက်က ဟွိုက်ဂျ်လန်း ကိုလည်း အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ လက်လွှတ်ခဲ့မယ် ဆိုရင်တော့ တူရင် ကလပ်ရဲ့ ပစ်မှတ်က ပြောင်းလဲသွားနိုင်ခြေ ရှိနေပါသေးတယ်။
ဂျူဗင်တပ်စ်ဟာ မန်ချက်စတာယူနိုက်တက်က ရက်ရှ်ဖို့ဒ် ကိုလည်း ဆက်သွယ်ထားခဲ့ပေမယ့် ကစားသမားက ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် နောက်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ ထပ်မံ စုံစမ်းလာတာကြောင့် ဂျူဗင်တပ်စ်က ယူနိုက်တက်က မလိုချင်တော့တဲ့ ကစားသမားတွေ ကိုပဲ ကြိုးပမ်းနေသလား ဆိုပြီးတောင် မေးခွန်းထုတ်စရာ ရှိလာခဲ့ပါတယ်။
ဂျူဗင်တပ်စ် ကတော့ စီးရီးအေ အပါအဝင် အဓိက ဆုဖလားတွေနဲ့ ဝေးကွာနေတာ ကြာနေပြီ ဖြစ်တာကြောင့် လာမယ့် ရာသီ မှာတော့ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါကြောင့် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေပြီး လက်ရှိ အချိန်ထိတော့ လိုင်လီက ဂျွန်နသန် ဒေးဗစ် တစ်ဦးတည်း ကိုသာ ခေါ်ယူထားရပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.