မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သူ့အနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို လက်လွှတ်လိုခဲ့ခြင်း မရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ အဲလ်ဗာရက်ဇ် ကတော့ ၂၀၂၄ နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာပြီး အက်တလက်တီကိုမက်ဒရစ်ဆီ ယူရို ၉၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် အပါအဝင် ဖလားသုံးလုံး အောင်ပွဲ အတွက် အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် ပွဲထွက် ကစားခွင့် ပိုရချင်တာကြောင့် အသင်း ပြောင်းရွှေ့ခဲ့တာပါ။ ဂွါဒီယိုလာရဲ့ ပြောကြားချက်အရ ဆိုရင်တော့ မန်စီးတီးက အဲလ်ဗာရက်ဇ်ကို ဘယ်တုန်းကမှ မရောင်းချချင်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း ကစားသမားက ကလပ်ကို အကူအညီပေးတဲ့ အနေနဲ့ရော၊ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ချင်တဲ့ အတွက်ပါ အသင်း ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံလည်း ဖြစ်တဲ့ အာဂျင်တီးနားသားက လက်ရှိ အက်တလက်တီကိုမက်ဒရစ် မှာလည်း ခြေစွမ်းပြနေတာကြောင့် ဂွါဒီယိုလာက လက်မလွှတ်ချင်ဘဲ လွှတ်လိုက်ရခြင်း ဖြစ်ကြောင်း နှမြေတသနဲ့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဖလား ၃လုံး ရခဲ့တုန်းက အရန်ခုံ ထိုင်ခဲ့ရတဲ့ ကစားသမားတွေကို မှတ်မိသေးလား။ လာပေါ့တ်က အရမ်းကောင်းတဲ့ နောက်ခံလူ တစ်ဦး ဖြစ်ပြီး လက်ရွေးစင် အသင်းမှာ ပုံမှန် နေရာရနေသူပါ။ ပြီးတော့ ဟူလီယန် (အဲလ်ဗာရက်ဇ်)နဲ့ တခြား ကစားသမားတွေ ကလည်း ကျွန်တော် အသင်းမှာ ရှိစေချင်သူတွေပါ။ ဒါပေမယ့် သူတို့က ပွဲကစားခွင့် ပိုရချင်တာကြောင့် ထွက်ခွာသွားကြပါတယ်။ ဟူလီယန်က အာလင်း (ဟာလန်း) နဲ့ ပြိုင်ဆိုင်ခဲ့ရပြီး ကျွန်တော်တို့ အတွက် အပိုစွမ်းအားတွေ ဖြစ်ခဲ့ပါတယ်။ သူက အခု ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း ဖြစ်တဲ့ အက်တလက်တီကိုမှာ ကမ္ဘာ့အဆင့် နည်းပြ ဆီမြွန်နီနဲ့ အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပါတယ်။ သူ့ကို အသင်းမှာ ရှိစေချင်ပေမယ့် နားလည်ပါတယ်။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

အရည်အသွေးမြင့် ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ အဲလ်ဗာရက်ဇ်က အက်တလက်တီကိုမက်ဒရစ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ တီကိုရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားတွေ ၁၀ ဦး ကတော့ ယာအို ဖီးလစ် ၁၂၇.၂ သန်း၊ အဲလ်ဗာရက်ဇ် ၇၅ သန်း၊ လီမာ ၇၂ သန်း၊ ဒီယေဂို ကော်စတာ ချဲလ်ဆီး ၆၀ သန်း ဖယ်ကာအို ၄၀ သန်း၊ ဗီတိုလို ၃၅.၆ သန်း၊ ဒီပေါလ် ၃၅ သန်း၊ မိုရာတာ ၃၅ သန်း၊ မာတီနက်ဇ် ပေါ်တို ၃၅ သန်း၊ ကူညာ ၃၅ သန်း တို့ပဲ ဖြစ်ပါတယ်။
အဲလ်ဗာရက်ဇ်ဟာ မန်ချက်စတာစီးတီးမှာ (၂) ရာသီ အတွင်း ပရီးမီးယားလိဂ် အပါအဝင် ပွဲပေါင်း (၁၀၀) ကျော် ကစားခဲ့ကာ (၃၆) ဂိုးသွင်း (၁၈) ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗာရက်ဇ်က နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားသလို အဓိက ပြိုင်ပွဲကြီး ၃ ခုမှာ ဆက်တိုက် ချန်ပီယံ ဖြစ်ထားသူလည်း ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်က လက်ရှိမှာတော့ အက်တလက်တီကိုမက်ဒရစ် အတွက် ၆၆ ပွဲ ကစားပြီး ၃၆ ဂိုး သွင်းယူပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


