စီးရီးအေ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စီးရီးအေ ကလပ် နာပိုလီ ကတော့ အခုနွေရာသီမှာ မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ထွက်ခွာနိုင်မယ့် လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။ နာပိုလီဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင် ဖြစ်ခဲ့ပြီးနောက် လက်ရှိမှာတော့ ဥရုဂွေး တိုက်စစ်မှူးကို ပြောင်းလဲ ကြိုးပမ်းဖို့ ပြင်ဆင်နေတာပါ။ ဒါ့အပြင် နာပိုလီဟာ ဗစ်တာ အိုဆင်မ်ဟန် ကိုလည်း လက်လွှတ်ရဖို့ ရှိနေတာကြောင့် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ပြန်လည် အားဖြည့်ရမှာလည်း ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်း ကတော့ သူတို့ အသင်းရဲ့ တိုက်စစ် စူပါစတား ဗစ်တာ ယိုကီးရက်စ်ကို ပရီးမီးယားလိဂ် ကလပ်တွေက ပစ်မှတ်ထားနေတာကြောင့် အဲလ်နာဆာ တိုက်စစ်မှူး ခရစ္စတီယာနို့ ရော်နယ်ဒိုကို အခုနွေရာသီမှာ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိကြောင်း Fichajes က ဖော်ပြပါတယ်။
စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ကတော့ အာဆင်နယ် ကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အာဆင်နယ် ကတော့ အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အလက်ဟန်ဒရို ဂါနာချို အတွက် ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့ကို မစွန့်လွှတ်သေးပဲ ကစားသမားရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တီးနား တောင်ပံ ကစားသမား ကိုတော့ စီးရီးအေနဲ့ လာလီဂါ ကလပ်တွေ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ချဲလ်ဆီးရဲ့ ပစ်မှတ်တွေထဲ မှာတော့ ယူရို ၇၅ သန်း (ပေါင် ၆၃.၅ သန်း) နဲ့ ခေါ်ယူနိုင်မယ့် အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင်လည်း ပါဝင်နေပါတယ်။ ဒီ ပေါ်တူဂီ လက်ရွေးစင်ကို အာဆင်နယ် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဂိုးသမား အန်ဒရီ အိုနာနာ နေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားကို စိတ်ဝင်စားနေပါတယ်။ အကယ်၍ ယူနိုက်တက်သာ အမှန်တကယ် ခေါ်ယူချင်တယ် ဆိုရင်တော့ အီတလီ ဂိုးသမား အတွက် ယူရိုသန်း ၆၀ (ပေါင် ၅၀.၈ သန်း) ပေးချေရဖို့တော့ ရှိနေပါတယ်။
အက်စတွန်ဗီလာ ကတော့ ဒီနွေရာသီမှာ မန်စီးတီး ကနေ ထွက်ခွာမယ့် ကီဗင် ဒီဘရွန်းနားကို ခေါ်ယူဖို့ နာပိုလီနဲ့ အပြိုင်ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ ဒီဘရွန်းနား ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး၊ အာဆင်နယ်နဲ့ ဆော်ဒီပရိုလိဂ်၊ မေဂျာလိဂ် ကလပ် များစွာ ခေါ်ယူချင်နေကြပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ နောက်ထပ် မန်စီးတီး ကစားသမား ဖြစ်တဲ့ တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ် ကလည်း နာပိုလီရဲ့ ရေဒါထဲမှာ ရှိနေကြောင်း The Sun က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.