နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂါနာချိုကို ရာသီအကုန်မှာ အရ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့် နာပိုလီ၊ အေစီမီလန် ပစ်မှတ် ချဲလ်ဆီး ကွင်းလယ်လူကို ကြားဖြတ် ခေါ်ယူချင်နေတဲ့ ဘေယန်မြူးနစ် | စီးရီးအေ

စီးရီးအေ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နာပိုလီ ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဂျင်တီးနား လက်ရွေးစင် အလက်ဟန်ဒရို ဂါနာချိုကို ကမ်းလှမ်းမှု မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် စီးရီးအေ ကလပ်ဟာ ဂါနာချိုကို ရာသီအကုန်မှာ အရ ခေါ်ယူဖို့ အတွက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း Calciomercato က ဖော်ပြပါတယ်။

ဘာနာဒို ဆေးလ်ဗား ကတော့ အခုနွေရာသီမှာ မန်စီးတီး ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့်လည်း ကတ်တလန် ထိပ်သီး တို့ကတော့ အမှန်တကယ် ခေါ်ယူဖို့ တုန့်ဆိုင်းနေပါတယ်။ ဆေးလ်ဗားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ချင်တာကြောင့် လစာ လျှော့ယူဖို့ပါ ရှိနေသူ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကတော့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို တစ်နှစ် လုပ်ခ ယူရို ၁၅ သန်း (ပေါင် ၁၂.၉ သန်း) ပေးချေဖို့ ရှိပြီး ပြောင်းရွှေ့ကြေး အနေနဲ့လည်း ယူရို သန်း ၆၀ (ပေါင် ၅၁.၄ သန်း) ကို နာပိုလီထံ ပေးချေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် အိုဆင်မ်ဟန်နဲ့ ယူနိုက်တက် တို့ဟာ အပြောင်းအရွှေ့ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ကစားသမားဟာ ယူရို သန်း ၃၀ (ပေါင် ၂၅.၇ သန်း) နဲ့ ထွက်ခွာနိုင်မှာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ လိုက်ပ်ဇစ် ကွင်းလယ်လူ ဇာဗီ ဆိုင်မွန်ကို ယူရို ၁၃၅ သန်း (ပေါင် ၁၁၅.၇ သန်း) နဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဘေယန်မြူးနစ် ကတော့ စီးရီးအေ ကလပ် အေစီမီလန်ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဒရီ ဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အေစီမီလန် ပစ်မှတ် အန်ဒရီ ဆန်းတို့စ်ကို ကြားဖြတ် ခေါ်ယူချင်နေတဲ့ ဘေယန်မြူးနစ်

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အီဘာရီချီ အီးဇီးကို အက်စတွန်ဗီလာအား ကျော်ဖြတ်ပြီး ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် အပြင် တခြားသော ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ဖောရက်စ် ကနေ ထွက်ခွာနိုင်ချေ ရှိနေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ညာနောက်ခံလူ အိုလာ အိုင်နာ ဖြစ်ပါတယ်။ သူ့ကိုတော့ လစ်ဗာပူးလ်က စိတ်ဝင်စားနေပြီး အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ အာနိုးလ်ရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာ ရှိနေတာ ဖြစ်ပါတယ်။ အိုင်နာ ကိုတော့ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ခေါ်ယူချင်နေပါသေးတယ်။

မန်ချက်စတာစီးတီး ကတော့ လစ်ဗာပူးလ်ရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်တဲ့ ဘုန်းမောက် ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဝင်ရောက်လာပါလို့ သိရပါတယ်။

မန်စီးတီး အနေနဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်နဲ့ ဆက်ဆံရေး ကောင်းတွေ ရှိထားတာကြောင့် ပေါ်တို ဂိုးသမား ဒီယိုဂို ကော်စတာ အတွက် စျေးလျှော့ဖို့ ညှိနှိုင်းရာမှာ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ပေါ်တိုက သူတို့ရဲ့ ဂိုးသမားကို ပေါင် ၆၃ သန်း အလိုရှိနေပေမယ့်လည်း မန်စီးတီး ကတော့ ပေါင် သန်း ၅၀ သာ ပေးချေလိုနေကြောင်း သိရပါတယ်။

ဘေယန်မြူးနစ် ကတော့ စီးရီးအေ ကလပ် အေစီမီလန်ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဒရီ ဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

လက်ရှိ အာဆင်နယ်ရဲ့ နောက်တန်းမှာ ကစားသမားတွေ အပြိုင်အဆိုင် ရှိလာတာကြောင့် ဘန်ဝှိုက်ရဲ့ အခြေအနေ ကတော့ စောင့်ကြည့်ရဖို့ ရှိနေကြောင်း သိရပါတယ်။ ဆောက်သမ်တန် ကတော့ ဝက်စ်ဟမ်း ကွင်းလယ်လူ လူးဝစ္စ ဂီဟာမီ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂိုးသမား အာရွန်ရမ်းစ်ဒေးလ်နဲ့ အလဲအလှယ် ပြုလုပ်ဖို့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်