ဒီတစ်ကြိမ် မှာတော့ စီးရီးအေနဲ့ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့နဲ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စီးရီးအေ ကလပ် နာပိုလီ ကတော့ လစ်ဗာပူးလ် တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အရှိန်မြှင့်လာတယ်လို့ La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ လာမယ့် နွေရာသီမှာ ခီယေဇာကို အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိရေး ကြိုးပမ်းနေပေမယ့်လည်း ကစားသမား ကိုတော့ နာပိုလီ ကိုသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။
မန်စီးတီး တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ် ကတော့ စီးရီးအေ ချန်ပီယံဆု အတွက် ပြိုင်ဆိုင်နေတဲ့ နာပိုလီကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ကြောင်း Football Insider က ဖော်ပြခဲ့သည်။ တချို့ သတင်းတွေ မှာတော့ ပပ် ဂွာဒီယိုလာ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရ ဖြစ်နေတဲ့ အသက် ၂၉ နှစ် အရွယ် ကစားသမား အနေနဲ့ နေပဲလ်မှာ စကော့တ် မက် တော်မီနေး၊ ဘီလီ ဂေးလ်မော တို့နဲ့ ပူးပေါင်းချင်နေကြောင်း ဖော်ပြလျက် ရှိပါတယ်။
နယူးကာဆယ် ကတော့ ချဲလ်ဆီး၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေတဲ့ ခရစ္စတယ်ပဲလေ့စ် ဗဟိုနောက်ခံလူ မာ့ခ် ဂူဟီ ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း TEAMtalk က ဖော်ပြပါတယ်။ လာဇီယို ကစားသမား မာရီယို ဂီလာက ချဲလ်ဆီး အတွက် တခြားသော ပစ်မှတ် အဖြစ် ရှိနေကြောင်း သိရပါတယ်။

ရာဖေးလ် လီယောင် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့မှု အောင်မြင်ခဲ့ရင်တော့ သူ့ရဲ့ လုပ်ခလစာကို ချိန်ညှိဖို့ ဆန္ဒရှိနေကြောင်း El Nacional က ဖော်ပြပါတယ်။ ပေါ်တူဂီသား ကတော့ စီးရီးအေ ကလပ် အေစီမီလန် ကနေ ထွက်ခွာမယ်လို့ မကြာခဏ ဆိုသလို သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အဒမ်မိုလာ လွတ်ခ်မန်း တို့ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။
GIVEMESPORT ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးက လိုင်ယွန် ကွင်းလယ်လူ ရေယန် ချာကီကို ခေါ်ယူဖို့ အရှိန်မြှင့်လာခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားဟာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပြီးတော့ ဒီရာသီ ပြိုင်ပွဲစုံ ၁၂ ဂိုး သွင်းကာ ၁၉ ဂိုး ဖန်တီးပေးထားပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဆော်ဒီပရိုလိဂ်နဲ့ ချိတ်ဆက်နေတဲ့ ဘရူနို ဖာနန်ဒက်စ် နေရာမှာ အစားထိုးဖို့ အတွက် ဘီလ်ဘာအို ကွင်းလယ်လူ အီဟန် ဆန်းချက်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Fichajes ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ရှက်ဇီနီနဲ့ မက် အန်ဒရီ တာစတီဂျန် တို့ရဲ့ အနာဂတ်ကို ဘာစီလိုနာက စောင့်ကြည့်လျက် ရှိနေပြီးတော့ ဂိုးသမား လီယို ရိုမန် ကိုလည်း စောင့်ကြည့်နေတယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။ Calciomercato ရဲ့ ဖော်ပြချက် အရ ချဲလ်ဆီးဟာ ဂျူဗင်တပ်စ်ထံ အငှားချထားတဲ့ ဗဟိုနောက်ခံလူ ရီနာတို ဗီဂါကို ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း) နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ချဲလ်ဆီး လိုချင်နေတဲ့ ဗီဂါ အတွက် ပြောင်းရွှေ့ကြေး ကိုတော့ စီးရီးအေ ကလပ် ဘက်က ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.