နာပီုလီ ကတော့ စီးရီးအေ ပြိုင်ပွဲ ရာသီသိမ်းဖို့ ၃ ပွဲ အလိုမှာ အဆင့် ၂ နေရာက အင်တာမီလန်ကို ၃ မှတ် ဖြတ်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း နာပိုလီ တိုက်စစ်မှူး ဖြစ်တဲ့ ရိုမယ်လူ လူကာကူက သူတို့ အသင်း အနေနဲ့ အင်တာမီလန်ကို ၃ မှတ် ဖြတ်ထားပေးပေမယ့် စီးရီးအေ ချန်ပီယံလုပွဲက မပြီးဆုံးသေးကြောင်း အသင်းဖော်တွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
ရှေ့ရက်တွေတုန်း ကတော့ သူ့ရဲ့ ဆရာ ဖြစ်တဲ့ နည်းပြ အန်တိုနီယို ကွန်တီက စီးရီးအေ ချန်ပီယံဆုဟာ နာပိုလီ လက်ထဲကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုထားပါသေးတယ်။ ကွန်တီ အနေနဲ့ သူ့ရဲ့ အသင်း အပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေပြီးတော့ စကူဒက်တို ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ်လို့ လုံးဝကို ယုံကြည်ထားတာ ဖြစ်ပါတယ်။ နာပိုလီ အနေနဲ့ လက်ကျန် ပွဲစဉ် ၃ ပွဲမှာ ဂျီနိုအာ၊ ပါးမား၊ ကက်ဂလီယာရီ တိုနဲ့ ကစားရဦးမှာ ဖြစ်ပြီးတော့ အမှတ်ပေးဇယား အောက်နားက အသင်းတွေ ဖြစ်နေတာကြောင့် နာပိုလီတို့ ဒီနှစ် စီးရီးအေ ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း များနေကြောင်းလည်း သုံးသပ်နေကြပါတယ်။

ဆိုင်မွန် အင်ဇာဂီရဲ့ အင်တာမီလန် ကတော့ လက်ကျန် ပွဲစဉ် ၃ ပွဲမှာ တိုရီနို၊ လာဇီယို၊ ကိုမို တို့နဲ့ ကစားရဦးမှာ ဖြစ်တာကြောင့် နာပိုလီထက် စာရင် ပွဲကြပ်နေတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် အင်တာမီလန်က ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် ရောက်နေလို့ ပြည်တွင်း ပြိုင်ပွဲဘက်ကို အာရုံစိုက်ဖို့ အနည်းငယ် ခက်ခဲနေပုံရပါတယ်။ နာပိုလီ ကတော့ စီးရီးအေ ကိုပဲ အာရုံစိုက်ထားနိုင်မှာ ဖြစ်သလို လက်ကျန် ပွဲတွေ ချောင်နေပြီး ၃ မှတ်လည်း အသာရထားတာကြောင့် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
နာပိုလီဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ လက်ချီကို ဝ-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အင်တာမီလန် ကလည်း ဟဲလက်စ် ဗီရိုနာကို ၁-၀ ရလဒ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။ နာပိုလီ အနေနဲ့ အဲဒီ နိုင်ပွဲကြောင့် စီးရီးအေ ပွဲစဉ် ၃၅ အပြီးမှာ ရမှတ် ၇၇ မှတ် ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ကနေ ဦးဆောင်နေကာ ဒုတိယနေရာက လက်ရှိ ချန်ပီယံ အင်တာမီလန် ကတော့ ရမှတ် ၇၄ မှတ် ရရှိထားပါတယ်။
ဒါပေမယ့်လည်း နာပိုလီ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ကတော့ စီးရီးအေ ချန်ပီယံလုပွဲမှာ မပြီးဆုံးသေးကြောင်း အသင်းဖော်တွေကို သတိပေးလာခဲ့တာ ဖြစ်ပါတယ်။ လူကာကူက “NBA အကျော်အမော် ကိုဘီ ဘရိုင်ယန့် ပြောခဲ့သလိုပါပဲ။ အလုပ်က မပြီးသေးပါဘူး။ ကျွန်တော်တို့ ၃ ပွဲ ကစားရပါဦးမယ်။ ကျွန်တော်တို့ အနေနဲ့ ပွဲစဉ် တစ်ပွဲချင်းစီကို အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ၃ မှတ် အသာရထားပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲ မပြီးမချင်း မပြီးဆုံးသေးပါဘူး။” လို့ ပြောကြားခဲ့သည်။ ဒါ့အပြင် လူကာကူက သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ အင်တာမီလန်ကို ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲ တက်စေချင်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ လူကာကူက “ကျွန်တော် ကတော့ ချန်ပီယံလိဂ်မှာ အင်တာမီလန်ကို သွားနိုင်သလောက် သွားစေချင်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.