နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ကက်ဆီ၊ ဂါနာချိုကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာတဲ့ ဂျူဗီ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ကက်ဆီ၊ ဂါနာချိုကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာတဲ့ ဂျူဗီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၉ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ကက်ဆီ

ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖရန့်ခ် ကက်ဆီဟာ စီးရီးအေ ကလပ် အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ 

ကက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီကမှ စီးရီးအေ အင်အားကြီး ကလပ် အေစီမီလန် ကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့် လက်ရှိ ဆောင်းရာသီ မှာတော့ ဘာစီလိုနာက ကက်ဆီကို အင်တာမီလန် ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်နဲ့ တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ စီစဥ်ခဲ့တာ ဖြစ်ပြီး ကက်ဆီ ဘက်က အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။ 

 

ဂါနာချိုကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ်လည်း ပါဝင်လာ

မန်ချက်စတာယူနိုက်တက် တောင်ပံ ကြယ်ပွင့် အလက်ဂျန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်လည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်က ရောင်းထုတ်လိုခြင်း မရှိဘူးလို့ ထုတ်ဖော် ပြောကြားထားတဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက် တောင်ပံ ကြယ်ပွင့် အလက်ဂျန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်လည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ အာဂျင်တီးနား ကြယ်ပွင့် ကစားသမားလေးဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းကြီး အတွက် ပါဝင် ကစားခွင့် ရတိုင်း ခြေစွမ်းပြနေပြီး အဲရစ်ခ် တန်ဟက်ဂ် စိတ်ကြိုက် ကစားသမားလည်း ဖြစ်နေပါတယ်။

ဂါနာချိုကို ရီးရဲလ်မက်ဒရစ် ကလည်း စောင့်ကြည့်နေပြီး ဂျူဗင်တပ်စ် ကပါ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာခဲ့တာပါ။ ယူနိုက်တက် ကတော့ ဂါနာချိုကို လက်လွှတ်ခံသွားမှာ မဟုတ်ဘဲ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ 

 

မော်ရင်ဟိုကို ဝေဖန်လိုက်တဲ့ ရိုးမား ကနေ အငှားနဲ့ထွက်သွားတဲ့ ကစားသမား

အခုတစ်ပတ် အတွင်းကမှ စီးရီးအေ ကလပ် ရိုးမား ကနေ ဂီတာဖေးကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဂွန်ဇာလို ဗီလာက ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုကို ဝေဖန် ပြောကြားလိုက်ကြောင်း သိရှိရပါတယ်။

ဗီလာက သူ့အနေနဲ့ ရိုးမားမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ကြောင်း၊ ဒါဟာ လူတစ်ယောက် မရောက်လာခင် အထိ ဖြစ်ပြီး ဒီလူအကြောင်းကို မပြောချင်ကြောင်း၊ အဆိုပါပုဂ္ဂိုလ် အသင်းကို ရောက်လာတာက သူ့ရဲ့ ရိုးမား ကစားသမားဘဝကို ဒုက္ခပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆမ်ဒိုးရီးယား ကိုလည်း အငှားနဲ့ သွားရောက် ကစားခဲ့ဖူးတဲ့ ဗီလာဟာ လက်ရှိ ဂီတာဖေးမှာ အငှား စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရင် အပြီးသတ် ပြောင်းရွှေ့ခွင့်ပါ ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်