စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ လာမယ့် ရာသီမှာ နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီကို နည်းပြ အဖြစ် ပြန်လည် ခန့်အပ်ဖို့ ပစ်မှတ်ထားလျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကွန်တီဟာ ဂျူဗင်တပ်စ်ကို ၂၀၁၁ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အထိ ကိုင်တွယ်ခဲ့ဖူးပြီးတော့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ စီးရီးအေကို ၉ နှစ် ဆက်တိုက် လွှမ်းမိုးထားနိုင်မှု ရပ်တန့်သွားခဲ့ပြီး နောက်ဆုံး ၅ ရာသီ ဆက်တိုက် ရုန်းကန်နေခဲ့ရပါတယ်။ ရမှတ် လျှော့ချခံရခြင်း အသင်း ပိုင်ရှင် အပြောင်းအလဲ ပြဿနာတွေ ရှိခဲ့ပြီးနောက် နည်းပြ အပြောင်းအလဲတွေလည်း မကြာခဏ ပြလုပ်ခဲ့ပြီး အဓိက ဆုဖလား အောင်မြင်မှုတွေနဲ့ပါ ဝေးကွာနေရတာပါ။ ဂျူဗင်တပ်စ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီ နောက်ပိုင်း ဆာရီ၊ ပီယာလို၊ အယ်လီဂရီ (ဒုတိယအကြိမ်)၊ မော့တာ စတဲ့ နည်းပြတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပေမယ့် မထူးခြားခဲ့ပါဘူး။ တူရင် ကလပ် အနေနဲ့ ဒီရာသီမှာလည်း ရလဒ်တွေ ဆိုးရွားနေမှုကြောင့် အသင်း နည်းပြ သီယာဂို မော့တာကို ရာထူး ကနေ ထုတ်ပယ်ကာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အီဂေါ တူဒါကို ရာသီကုန် အထိ ခန့်အပ်ထားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ နည်းပြ သီယာဂို မော့တာ လက်ထက်မှာ သရေပွဲတွေ များပြားလွန်းခဲ့ပြီး တူဒါ လက်ထက် မှာလည်း ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ တိုးတက်လာတဲ့ အရိပ်အယောင်မျိုး မမြင်ရသေးပါဘူး။ သတင်းတွေအရ ဆိုရင်တော့ ဂျူဗင်တပ်စ် တာဝန်ရှိသူတွေက အီဂေါ တူဒါကို သဘောကျ နှစ်သက်ခြင်း မရှိတာကြောင့် လာမယ့် ရာသီမှာ နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီကို ပြန်လည် ခန့်အပ်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ကွန်တီ ကတော့ နာပိုလီနဲ ၂၀၂၇ အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် နေပဲလ် ကလပ် တာဝန်ရှိသူတွေနဲ့ ချောမွေ့တဲ့ ဆက်ဆံရေး ရှိသူ မဟုတ်ပါဘူး။
ကွန်တီ အနေနဲ့ နာပိုလီကို ဒီရာသီ စီးရီးအေ အမှတ်ပေးဇယားမှာ ထိပ်ဆုံး ရောက်ရှိအောင် စွမ်းဆောင်ပေးထားသူပါ။ ဒါပေမယ့်လည်း အသင်း ဘက်က ကစားသမား ခေါ်ယူမှုနဲ့ ဘဏ္ဍာရေး အခြေအနေတွေ အပေါ် ကျေနပ်မှု မရှိ ဖြစ်နေသလို ဥက္ကဌ ဖြစ်သူ ဒီလော်ရန်းတစ်နဲ့ ထိပ်တိုက် တွေ့ဆုံ ဆွေးနွေးဖို့လည်း စီစဉ်ထားသူ ဖြစ်ပါတယ်။ လက်ရှိမှာ စီးရီးအေ ချန်ပီယံဆု အတွက် နာပိုလီဟာ အင်တာမီလန်နဲ့ အနီးကပ်ဆုံး ယှဉ်ပြိုင်နေရဆဲ ဖြစ်ပြီး အကယ်၍ နာပိုလီသာ ချန်ပီယံ ဖြစ်ခဲ့ရင်တော့ ကွန်တီရဲ့ အနာဂတ်က နေပဲလ်မှာပဲ ဆက်ရှိသွားနိုင်ပါတယ်။ ဒါမှမဟုတ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရင်တော့ ကွန်တီနဲ့ နာပိုလီ တာဝန်ရှိသူတွေရဲ့ ဆက်ဆံရေးက ပိုပြီး တင်းမာသွားနိုင်ပြီး အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ပြန်လည် ရောက်ရှိသွားနိုင်ပါတယ်။
ကွန်တီဟာ နည်းပြ ဘဝမှာ အရီဇို၊ ဘာရီ၊ အတ္တလန္တာ၊ ဆီနာ၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ နာပိုလီ စတဲ့ အီတလီ ကလပ်တွေကို ကိုင်တွယ်ဖူးသလို အီတလီ လက်ရွေးစင် အသင်း ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ဖြစ်တဲ့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး ကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး သူ့ရဲ့ နည်းပြ သက်တမ်း တစ်လျှောက် အသင်းကြီးတွေထဲမှာ ဆိုရင် စပါး တစ်သင်းထဲနဲ့ပဲ အောင်မြင်မှု မရရှိခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.