စီးရီးအေ ကလပ် ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကတော့ ဒီနွေရာသီမှာ တူရင် ကလပ်ကို စွန့်ခွာဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေသူပါ။ ဒီအချိန်မှာ ဆားဘီးယား တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဒါကို ကိုဗာဆီဗစ် ကလည်း ဗလာဟိုဗစ်ကို ဂျူဗင်တပ်စ် ကနေ ထွက်ခွာသင့်ကြောင်း တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒါကို ကိုဗာဆီဗစ် ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ ၁၉၉၉ ကနေ ၂၀၀၁ ခုနှစ် အထိ ကစားခဲ့သူ ဖြစ်ပြီး သူနဲ့ နိုင်ငံတူ ကစားသမား ဖြစ်တဲ့ ဗလာဟိုဗစ်ကို အကြံပေးစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အိုလံပီယာကော့စ်ရဲ့ အားကစား ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေတဲ့ ကိုဗာဆီဗစ်က “သူ့ကို မှန်ကန်တဲ့ နေရာမှာ ပြောင်းရွှေ့ကစားဖို့ ပြောကြားထားပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ ပျော်ရွှင်မှုတွေ ပြန်လည် ရရှိဖို့နဲ့ ထိပ်တန်း အဆင့်ကို ရောက်ရှိဖို့က ကိုယ့်ကိုယ်ကို ပြန်လည် စိန်ခေါ်နိုင်ဖို့ လိုအပ်ပါတယ်။”
“ကျွန်တော်တို့ သူ့ကို အိုလံပီယာကော့စ်ဆီ မခေါ်နိုင်ပါဘူး။ ဒါပေမယ့် အေစီမီလန် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် အသင်းတွေက သူ့အတွက် ကောင်းမွန်နိုင်ပါတယ်။ နော့တင်ဟမ်ဖောရက်စ်တောင် ဖြစ်နိုင်ပါတယ်။ ဒါက စနောက်တာပါ။ ကျွန်တော် တို့က ပိုင်ရှင်တူတွေ့မိုလို့ပါ။ ဒါပေမယ့် ကျွန်တော် အိုလံပီယာကော့စ် အတွက်ပဲ အလုပ်လုပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗလာဟိုဗစ် ကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ စီးရီးအေ ကလပ် ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဗလာဟိုဗစ်ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမား ဖြစ်သူ ကတော့ ဂျူဗင်တပ်စ်ကို ရွေးချယ်ခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ် မှာတော့ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပဲ အပြောင်းအရွှေ့ရာသီ ရောက်ရှိချိန်တိုင်း အသင်း ကနေ ထွက်ခွာမယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့သူ ဖြစ်ပါတယ်။ ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနား အတွက် ၁၀၈ ပွဲ ကစားခဲ့ရာမှာ ၄၉ ဂိုး သွင်းယူခဲ့ပြီး ဂျူဗင်တပ်စ် အတွက် ၃ ရာသီခွဲ ကာလ အတွင်း ပြိုင်ပွဲစုံ ၁၄၅ ပွဲ ကစားပြီး ၅၈ ဂိုး သွင်းယူပေးထားပါတယ်။
အသက် ၂၅ နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူးက ဂျူဗင်တပ်စ်နဲ့ ၂၀၂၆ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ သက်တမ်းတိုးလိုခြင်း မရှိတာကြောင့် တူရင် ကလပ်က ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေကြောင်း သိရပါတယ်။ လက်ရှိမှာ ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာယူနိုက်တက် အပါအဝင် စီးရီးအေ ထိပ်တန်း ကလပ် များစွာ ရှိနေပေမယ့် ဘယ်အသင်း ကမှ အသေအချာ ကမ်းလှမ်းလာခြင်း မရှိသေးပါဘူး။
ဆားဘီးယား လက်ရွေးစင်ဟောင်း ကိုဗာဆီဗစ်ဟာ ဗလာဟိုဗစ် အနေနဲ့ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေကို ပြောင်းရွှေ့ ကစားရင် ပိုမို သင့်လျော်လိမ့်မှာ ဖြစ်ကြောင်း အကြံပြုခဲ့ပါသေးတယ်။ ဒါ့အပြင် ကိုဗာဆီဗစ်က ဗလာဟိုဗစ်ဟာ အာလင်း ဟာလန်းနဲ့ ဗစ်တာ အိုဆင်မ်ဟန်တို့ ထက်တောင် ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်းလည်း ချီးကျူးခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.