စီးရီးအေ ကလပ် ကိုမို ကတော့ အေစီမီလန်ရဲ့ စပိန် တိုက်စစ်မှူး အဲလ်ဗားရိုး မိုရာတာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ မိုရာတာဟာ လက်ရှိအချိန်မှာ တူရကီ ကလပ် ဂါလာတာဆာရေး အသင်းထံ အငှားချခံထားရပြီး အငှားစာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ ယူရို ၁၀ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ရှိခဲ့ပါတယ်။
ကိုမိုက မိုရာတာကို ခေါ်ယူဖို့ အေစီမီလန်နဲ့ရော ဂါလာတာဆာရေး နဲ့ပါ ဆွေးနွေး ညှိနှိုင်းခဲ့ရပြီးတော့ နောက်ဆုံး မှာတော့ ဂါလာတာဆာရေးကို စာချုပ်ဖျက်သိမ်းဖို့ လျော်ကြေး ယူရို ၅ သန်း ပေးချေပြီး သဘောတူညီချက် ရယူခဲ့ရကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ကိုမို အနေနဲ့ မိုရာတာကို တစ်ရာသီ အငှားနဲ့ အရင်ဆုံး ခေါ်ယူပြီး ရာသီကုန်ချိန်မှာ ယူရို ၁၀ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မိုရာတာက ကိုမို နည်းပြ ဆက်စ် ဖာဘရီဂတ်စ်နဲ့ စပိန် လက်ရွေးစင် အသင်းမှာ တွဲဖက် ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုရာတာနဲ့ ဖာဘရီဂတ်စ် တို့ဟာ ချဲလ်ဆီး မှာလည်း အသင်းဖော်တွေ ဖြစ်ခဲ့ကြသူတွေပါ။ တူရကီ ထိပ်သီး ဂါလာတာဆာရေး ကတော့ လာမည့်နှစ် ဇန်နဝါရီလ အထိ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ မိုရာတာ အတွက် ရွေးချယ်စရာ များစွာ ရှိခဲ့ပေမယ့်လည်း ဂျူဗင်တပ်စ် ကြယ်ပွင့်ဟောင်း ကတော့ ၎င်းရဲ့ စာချုပ်ကို အချိန်မတိုင်ခင် ဖျက်သိမ်းဖို့ စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အေစီမီလန် နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီဟာ မိုရာတာကို လာမယ့် ရာသီမှာ အားကိုးဖို့ အစီအစဉ်တွေ ရှိခဲ့ပေမယ့်လည်း စပိန်သား ကတော့ အေစီမီလန်မှာ ဆက်နေလိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အေစီမီလန်က စပိန် အသင်းခေါင်းဆောင်ဟောင်းရဲ့ အပြောင်းအရွှေ့ ကနေ ရန်ပုံငွေတွေ ရရှိဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေ ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ မီလန်ဟာ ယူနိုက်တက်ရဲ့ အပယ်ခံ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကိုလည်း အလိုရှိနေတယ်လို့ သိရပါတယ်။
မိုရာတာဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းမှာ အက်တလက်တီကိုမက်ဒရစ်နဲ့ အေစီမီလန် တို့မှာ ကစားခဲ့ပြီး ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ ဒါ့အပြင် နေးရှင်းလိဂ် ဗိုလ်လုပွဲ မှာလည်း မိုရာတာ တစ်ယောက် ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် သူ့ရဲ့ စပိန် လက်ရွေးစင် အသင်း ကလည်း ပေါ်တူဂီကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီဖြစ်ရပ် ကလည်း မိုရာတာ အတွက် စိတ်ဓာတ်ကျစရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မိုရာတာဟာ ပြီးခဲ့တဲ့ ရာသီက ဂါလာတာဆာရေး အတွက် တူရကီ စူပါလိဂ်မှာ ၁၂ ပွဲ ကစားပြီး ၆ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးခဲ့သလို အမှတ်ပေးချန်ပီယံ ဖြစ်ရေး အတွက်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိုရာတာက စပိန် လက်ရွေးစင် အသင်း အတွက်လည်း အတိုင်းအတာ တစ်ခု အထိ အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ပါတယ်။ သူပါ စပိန် လက်ရွေးစင် အသင်း သမိုင်းမှာ သွင်းဂိုး ၃၇ ဂိုးနဲ့ စတုတ္ထမြောက် ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ဖြစ်ပြီး လာရိုဂျာ တို့ရဲ့ ယမန်နှစ်က ဥရောပချန်ပီယံရှစ် အောင်မြင်မှု မှာလည်း အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။
ဆက်စ် ဖာဘရီဂတ်စ် ကတော့ ပြီးခဲ့တဲ့ ရာသီကမှ စီးရီးအေကို တန်းတက်လာခဲ့တဲ့ ကိုမိုကို အကောင်းဆုံး ဦးဆောင်ပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ဒါ့အပြင် ကိုမိုက ဒီနွေရာသီမှာ ကစားသမား ၁၀ ဦး အထိ ခေါ်ယူ အားဖြည့်ထားပြီး မနှစ်ကထက် ပိုကောင်းတဲ့ အဆင့် တစ်ခုကို တက်လှမ်းဖို့ ရည်မှန်းနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.