နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လော်တာရို မာတီနက်ဇ်နဲ့ ပြဿနာတွေ ရှိခဲ့ပေမယ့် အင်တာမီလန်မှာပဲ ဆက်နေလိုကြောင်း ပြောဆိုလာတဲ့ ချလနောဂလူ | စီးရီးအေ

ဟာကန် ချာလနောဂလူ ကတော့ သူ့အနေနဲ့ စီးရီးအေ ကလပ် အင်တာမီလန် မှာသာ ဆက်နေလိုကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူဟာ “ အင်တာမီလန် ကစားသမား” ဖြစ်တယ်လို့ ဆိုခဲ့ပြီး ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဂါလာတာဆာရေးကို ပြောင်းရွှေ့လိုနေကြောင်း ထင်ကြေးပေး ပြောဆိုမှုတွေကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် တူရကီ လက်ရွေးစင် အသင်းခေါင်းဆောင် ချလနောဂလူဟာ အင်တာမီလန်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် ဒီနွေ မှာတော့ အသင်း ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း ကောလဟာလတွေ ဆက်တိုက် ထွက်ပေါ်နေတာပါ။ ဒါ့အပြင် ချလနောဂလူဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒဏ်ရာရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါဝင်ကစားခြင်း မရှိတာကြောင့် အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်ရဲ့ ပေါ်တင် ဝေဖန် ပြောဆိုမှုကိုပါ ခံခဲ့ရသူ ဖြစ်ပါတယ်။ 

ဒီအခြေအနေ ကလည်း သူ့ကို ဒီနွေရာသီမှာ တူရကီ ထိပ်သီး ကလပ် ဂါလာတာဆာရေးနဲ့ သတင်းတွေ ထွက်နေစေတာ ဖြစ်ပြီး အခုတော့ သူက အင်တာမီလန် မှာသာ ဆက်နေလိုကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချလနောဂလူက “နှစ်စဉ် အပြောင်းအရွှေ့ ဆိုတာနဲ့ ကောလာဟလတွေက ထွက်ပေါ်နေကျပါ။ ဒီတစ်ခါတော့ နည်းနည်း ပိုပါတယ်။ ဒါပေမယ့် ကျွန်တော် ပြန်လာတာကို ပရိသတ်တွေ မြင်စေချင်တာကြောင့် ကျွန်တော် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။ ပြောဆိုမှုတွေက အမြဲတမ်းတော့ မမှန်ပါဘူး။” လို့ Gazzetta dello Sport ကို ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး “ကျွန်တော်က အင်တာမီလန် အသင်းရဲ့ ကစားသမား ဖြစ်ပြီး ဒီအသင်းမှာ ဆက်နေချင်တယ်လို့ အမြဲတမ်း ပြောဆိုခဲ့ပါတယ်။ လာမယ့် နှစ်တွေမှာ ဘယ်လို ဖြစ်မလာ ဆိုတာ ကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရည်မှန်းချက် ကတော့ အင်တာမီလန်နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ ဖြစ်ပါတယ်။” လို့လည်း ချလနောဂလူက ပြောကြားခဲ့ပါသေးတယ်။  

အင်တာမီလန် ကတော့ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ အဆင့် ၂ နေရာနဲ့ ရာသီသိမ်းခဲ့ရသလို ချန်ပီယံလိဂ် မှာလည်း ဒုတိယနဲ့ပဲ ကျေနပ်ထားရပါတယ်။
ဂါလာတာဆာရေးနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ချလနောဂလူ

အဲဒီနောက် မှာတော့ ချလနောဂလူက သူ့ကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်နဲ့ ပြဿနာ မရှိကြောင်းနဲ့ သူတို့ဟာ ရင့်ကျက်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အင်တာမီလန် အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရချိန်မှာ အသင်းဖော် တချို့ရဲ့ ဆန္ဒတွေကို မေးခွန်းထုတ်ခဲ့ကာ အသင်း အတွက် မကစားချင်ရင်၊ အသင်းမှာ ဆက်မနေချင်ရင် ကလပ် ကနေ ထွက်ခွာကြဖို့ ပြောဆိုခဲ့ပါတယ်။

ဒီလို လော်တာရို မာတီနက်ဇ်ရဲ့ ပြောစကားကို စီးရီးအေ ကလပ်ရဲ့ ဥက္ကဌ မာရော့တာက ထောက်ခံခဲ့ပြီး ချလနောဂလူကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တူရကီသားက မာတီနက်ဇ်နဲ့ မာရော့တာ တို့ကို လေးစားမှု ကင်းမဲ့သူတွေ အဖြစ် တုံ့ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ချလနောဂလူက မာတီနက်ဇ်နဲ့ သူ့ရဲ့ အကြားမှာ ဘာပြသနာမှ မရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ချလနောဂလူက “ကပ္ပတိန် ပြန်ရောက်ရင် ကျွန်တော် သူ့ကို ပွေ့ဖက်လိုက်မယ်။ သူ အခု အားလပ်ရက် အနားယူနေပါတယ်။ ကျွန်တော် တို့ရဲ့ စိတ်ထဲမှာ ဘာမှ မရှိကြတော့ပါဘူး။ အခု ကျွန်တော်တို့ အားလုံး စိတ်အေးလက်အေးနဲ့ ရှေ့ဆက်ဖို့ မျှော်လင့်နေကြပြီ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။အင်တာမီလန် ကတော့ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ အဆင့် ၂ နေရာနဲ့ ရာသီသိမ်းခဲ့ရသလို ချန်ပီယံလိဂ် မှာလည်း ဒုတိယနဲ့ပဲ ကျေနပ်ထားရပါတယ်။ ဒါ့အပြင် နည်းပြသစ် ချီဗူးနဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလားလည်း ၁၆ သင်း ရှုံးထွက် အဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်