ဇူလိုင် ၁၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
သီယို ဟာနန်ဒက်ဇ်နဲ့ လမ်းခွဲပြီးနောက် စီးရီးအေ ကလပ် အေစီမီလန် ကတော့ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဖရန် ဂါစီယာကို ပြန်လည် ခေါ်ယူချင်နေကြောင်း Defensa Central က ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ တန်ကြေးက ယူရို ၁၈ သန်း ဝန်းကျင် ရှိနေပေမယ့် ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အဲဒီထက် ပိုများတဲ့ ပြောင်းရွှေ့ကြေး ပေးချေရဖို့ ရှိနေပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ် ပါးလ်မာကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရီးရဲလ် နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ ကိုးလ်ပါးမားရဲ့ အကြီးစား ပရိသတ် တစ်ဦး ဖြစ်ပြီး ဒီနွေရာသီမှာ မဟုတ်ရင် နောက်ရာသီတွေမှာ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ ကစားသမား အတွက် ချဲလ်ဆီးနဲ့ ချိတ်ဆက်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် အဲဗာတန် ကတော့ ဒေါက်ဂလပ်စ် လူးဝစ် ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။ ဘရာဇီးလ်ဟာ အက်စတွန်ဗီလာမှာ ခြေစွမ်းပြခဲ့ပေမယ့် စီးရီးအေ ကလပ် ဂျူဗင်တပ်စ် မှာတော့ ရုန်းကန်နေရပြီး အသင်း ပြောင်းရွှေ့ဖို့ စဉ်စားနေသူ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ လူးဝစ်ကို ကနဦး အငှားနဲ့ ခေါ်ယူပြီး အပြီးသတ် ဝယ်ယူခွင့်နဲ့ စာချုပ်ချုပ်ဆိုသွားဖို့ မျှော်လင့်နေပါတယ်။

Corriere Bergamo ရဲ့ ဖော်ပြချက်အရ အတ္တလန္တာ တောင်ပံကစားသမား အဒမ်မိုလာ လွတ်ခ်မန်းကို ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒီစီးရီးအေ ကစားသမားကို အာဆင်နယ်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ နာပိုလီ တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ချဲလ်ဆီး ကတော့ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ဖာမင်း လိုပက်ဇ် တို့ကို အလဲအလှယ် ပြုလုပ်သွားဖို့ ဘာစီလိုနာကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း El Nacional ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဟန်ဆီ ဖလစ်ခ်က ပြင်သစ် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။ တခြားတစ်ဖက်မှာတော့ အန်ကွန်ကူဟာ ဘာစီလိုနာ အတွက် ရွေးချယ်စရာ တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ပြောကြားထားပါတယ်။
ဂျီယိုဗန်နီ ရေနာ ကတော့ ဒီနွေရာသီမှာ ဒေါ့မန် ကနေ ထွက်ခွာဖို့ မျှော်လင့်နေပြီး မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိပါတယ်။ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ ကိုတော့ အဲလ်အေအက်ဖ်စီက ဦးဆောင်လျက် ရှိကြောင်း သိရပါတယ်။
ရိုဒရီဂို ဒီပေါလ် အတွက် အင်တာမိုင်ယာမီနဲ့ အက်တလက်တီကိုမက်ဒရစ်တို့ အကြား ညှိနှိုင်းမှုတွေ ကတော့ ကောင်းမွန် တိုးတက်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ အင်တာမိုင်ယာမီ အနေနဲ့ ဒီပေါလ်ကို ခေါ်ယူဖို့ မကြာခင် သဘောတူညီမှု ရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အင်တာမီလန် ကတော့ တိုက်စစ်မှူး မက်ဒီ တာရေမီကို ရောင်းထုတ်ပြီး တခြားသော နံပါတ် ၁၀ တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ တာရေမီကို ဖူလ်ဟမ်၊ ဘက်ဆစ်တပ်စ်နဲ့ ကာတာ ကလပ် တချို့က စိတ်ဝင်စားနေပြီး အင်တာမီလန် ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူး အတွက် ယူရို ၆ သန်း ဝန်းကျင် အလိုရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.