ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပြီးခဲ့တဲ့ ရက်ကပဲ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ ၂ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။
ရော်နယ်ဒိုဟာ ဒီနွေရာသီမှာ အဲလ်နာဆာ ကနေ ထွက်ခွာပြီးတော့ တခြားသော ကလပ် တစ်ခုကို ပြောင်းရွှေ့ဖို့ ရှိနေတယ် ဆိုတဲ့ ကောလာဟလတွေကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မကျင်းပခင် ဥရောပနဲ့ အမေရိကရဲ့ ထိပ်တန်း ကလပ်တွေက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရော်နယ်ဒို ကတော့ အဲလ်နာဆာ မှာပဲ ဆက်နေခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ၂ နှစ် စာချုပ် အတွက် ပေါင် သန်း ၅၀၀ ကျော် ရရှိမယ်လို့ သိရပြီးတော့ ဒီစာချုပ် ကလည်း အားကစားသမိုင်းရဲ့ တန်ဖိုးအမြင့်ဆုံး စာချုပ်အဖြစ် မှတ်တမ်းဝင်သွားဖို့ ရှိကြောင်း ဗြိတိန် အခြေစိုက် The Sun က ဖော်ပြခဲ့ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ အခြေခံလစာ အဖြစ် တစ်ရက်ကို ပေါင် ၄၈၈၀၀၀ အထိ ရရှိမှာ ဖြစ်ပြီး လက်မှတ်ထိုးကြေး ပေါင် ၂၄.၅ သန်း၊ (ဒုတိယနှစ်မှာ ပေါင် ၃၈ သန်း အထိ တိုးမြှင့် ရရှိ)၊ ပေါင် ၃၃ သန်း တန်ဖိုးရှိတဲ့ အဲလ်နာဆာ ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်၊ သီးသန့် လေယာဉ် အသုံးပြုမှု အတွက် ပေါင် ၄ သန်း၊ အချိန် ပြည့် ဝန်ထမ်း ၁၆ ဦး အတွက် ပေါင် ၁.၄ သန်း ထပ်မံ ရရှိမှာ ဖြစ်ပြီး စုစုပေါင်း ပေါင်သန်း ၅၀၀ ကျော် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ်ဟာ တစ်နှစ်ကို ယူရို သန်း ၄၀၀၊ တစ်လကို ယူရို ၃၃.၃၄ သန်း၊ တစ်ပတ်ကို ယူရို ၇.၆ သန်း၊ တစ်ရက်ကို ယူရို ၁.၁ သန်း၊ တစ်နာရီကို ယူရို ၄၆၃၀၀၊ တစ်မိနစ်ကို ယူရို ၇၇၂၊ တစ်စက္ကန့်ကို ၁၃ ယူရို ရရှိမှာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ လက်ရှိ အချိန်ထိ အဲလ်နာဆာနဲ့ ပြည်တွင်း ဆုဖလား အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးပေမယ့် ၂၀၂၃ အာရပ် ကလပ် ချန်ပီယံများ ဖလားတော့ ဆွတ်ခူးရရှိထားပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ နှစ်ရာသီ ဆက်တိုက် ဆော်ဒီပရိုလိဂ်ရဲ့ ရွှေဖိနပ်ဆု ရရှိထားပြီးတော့ ၂ ရာသီခွဲ အတွင်း ပြိုင်ပွဲစုံ ၁၁၁ ပွဲ ကစားကာ ၉၉ ဂိုး သွင်းယူထားပါတယ်။
ဒါ့အပြင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကစားသမားဘဝ တစ်လျှောက် သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ရည်မှန်းထားသူပါ။ ရော်နယ်ဒိုဟာ လက်ရှိအချိန် အထိ စပိုတင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အဲလ်နာဆာ စတဲ့ ကလပ်တွေ အတွက် ဂိုး ၈၀၀ နဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၁၃၈ ဂိုး၊ စုစုပေါင်း ၉၃၈ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။
အဲလ်နာဆာနဲ့ စာချုပ်သစ် ချုပ်ဆို အပြီးမှာတော့ “ကျွန်တော် ခံစားရတဲ့ ရည်မှန်းချက်က အဆုံးအစ မရှိပါဘူး။” လို့ အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုက Record ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက “ဒါဟာ ညီညွတ်မှု၊ ကတိကဝတ်နဲ့ စုပေါင်း လုပ်ဆောင်ရမယ့် အလုပ်ပါ။ ဒါက ကျွန်တော်တို့ကို ပိုကောင်းစေပါတယ်။ ပြီးတော့ ဒါတာဝန် အတွက် ကျွန်တော် ဒီမှာ ရှိနေတာပါ။ ကျွန်တော်တို့ ကဏ္ဍသစ် တစ်ခုကို စတင်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.