အမေရိကန် အခြေစိုက် စီးပွားရေး မဂ္ဂဇင်း တစ်ခု ဖြစ်တဲ့ Forbes က ဖော်ပြခဲ့တဲ့ ၂၀၂၅ ခုနှစ် အတွက် ဝင်ငွေ အကောင်းဆုံး ဘောလုံးသမား ၁၀ ဦး စာရင်းမှာ အဲလ်နာဆာရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆက်လက် ဦးဆောင်ခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ရော်နယ်ဒိုဟာ မကြာသေးခင် ကလည်း ဘီလျံနာ အဖြစ် စာရင်းဝင်ထားခဲ့သူလည်း ဖြစ်ပါတယ်။
Forbes ဟာ ပြီးခဲ့တဲ့ မေလ အတွင်းက ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား ၁၀ ဦး စာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိ မှာတော့ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဘောလုံးသမား ၁၀ ဦး စာရင်းကို ထပ်မံ ထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုက ဝင်ငွေ အကောင်းဆုံး အားကစားသမား အဖြစ်လည်း ရပ်တည်နိုင်ခဲ့သလို ဝင်ငွေ အကောင်းဆုံး ဘောလုံးသမား အဖြစ်ပါ ပူးတွဲ ရပ်တည်နေပြီလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အတွင်း ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ တစ်နှစ်တာ ဝင်ငွေဟာ ဒေါ်လာသန်း ၂၈၀ ရှိနေပြီး ကွင်းတွင်း ဝင်ငွေက ဒေါ်လာသန်း ၂၃၀၊ ကွင်းပြင်ပ ဝင်ငွေက ဒေါ်လာ သန်း ၅၀ ဖြစ်ကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာကြောင့် ဝင်ငွေ အကောင်းဆုံး အားကစားသမား အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဲလ်နာဆာ ကနေ တစ်နှစ်ကို အမေရိကန် ဒေါ်လာသန်း ၂၃၀ အထိ ရရှိနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးသမားတွေထဲမှာ ဒုတိယ ဝင်ငွေ အကောင်းဆုံး ကတော့ အင်တာမိုင်ယာမီရဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဖြစ်ပါတယ်။ မက်ဆီဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၁၃၀ ရရှိနေတာကြောင့် ရော်နယ်ဒို အနေနဲ့ ဒုတိယ ဝင်ငွေ အကောင်းဆုံး ကစားသမားထက်တောင် ဝင်ငွေ နှစ်ဆမက ရရှိနေတယ်လို့တောင် ပြောလို့ ရပါတယ်။ မက်ဆီဟာ ကွင်းတွင်း ဝင်ငွေ ဒေါ်လာ သန်း ၆၀ သာ ရရှိပြီး ကွင်းပြင်ပ ဝင်ငွေက ဒေါ်လာ သန်း ၇၀ ရရှိနေတာပါ။ ဒါ့ကြောင့် ကွင်းတွင်း ဝင်ငွေထက် ကွင်းပြင်ပ ဝင်ငွေ ပိုမိုရရှိတဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ်လည်း ရပ်တည်နေပါတယ်။
တတိယ ဝင်ငွေ အကောင်းဆုံး ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ ပြင်သစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ ဖြစ်ပါတယ်။ ထူးခြားချက် ကတော့ ဝင်ငွေ အကောင်းဆုံး ဘောလုံးသမား ၃ ဦးစလုံးဟာ ဥရောပ ပြင်ပမှာ သွားရောက် ကစားနေသူတွေ အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀၄ သန်း ရရှိနေပြီး သူ့နောက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးက တစ်နှစ် ဝင်ငွေ ဒေါ်လာ ၉၅ သန်း၊ မန်စီးတီးနဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းက တစ်နှစ် ဝင်ငွေ ဒေါ်လာ သန်း ၈၀၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က တစ်နှစ် ဝင်ငွေ ဒေါ်လာသန်း ၆၀၊ လစ်ဗာပူးလ်နဲ့ အီဂျစ် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာက တစ်နှစ် ဝင်ငွေ ဒေါ်လာ ၅၅ သန်း၊ အဲလ်နာဆာနဲ့ ဆီနီဂေါ ကစားသမား မာနေးက တစ်နှစ် ဝင်ငွေ ဒေါ်လာ ၅၄ သန်း၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန် ကစားသမား ဘယ်လင်ဟမ်က တစ်နှစ် ဝင်ငွေ ဒေါ်လာ ၄၄ သန်း၊ ဘာစီလိုနာနဲ့ စပိန် ကြယ်ပွင့် လာမင်း ယာမယ်က တစ်နှစ် ဝင်ငွေ ဒေါ်လာ ၄၃ သန်း ရရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.