ဆော်ဒီပရိုလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုထဲမှာ ပါဝင်နေပြီ ဖြစ်ကြောင်း အဲလ်နာဆာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယခင်ကလည်း ဆော်ဒီပရိုလိဂ် ကလပ်ဟာ ပြင်သစ် လီဂူးဝမ်းနဲ့ မေဂျာလိဂ် တို့ထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ရော်နယ်ဒိုဟာ ဒီလို ပြောကြားခဲ့ပြီးနောက် သူ့ရဲ့ လက်ရှိ ကလပ် အဲလ်နာဆာနဲ့ အတူ ချန်ပီယံ ဖြစ်လိုကြောင်း ရည်မှန်းချက်ကိုလည်း ထုတ်ဖော် ပြောကြားသွားခဲ့ပါသေးတယ်။ အဲလ်နာဆာနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် အဲလ်နာဆာရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ တဆင့် ရော်နယ်ဒိုက “ဟုတ်ပါတယ်၊ ကျွန်တော်တို့ (ဆော်ဒီပရိုလိဂ်)က တိုးတက်ဖို့တော့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုထဲမှာ ပါဝင်နေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဆက်ပြီး တိုးတက်လာဦးမှာပါ။ အချိန်တွေလည်း ရှိပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်းမှာပဲ ဒီလိဂ်က အမြဲတမ်း တိုးတက်နေတယ် ဆိုတာ သက်သေပြခဲ့ပြီးပါပြီ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလိဂ်က ပြိုင်ဆိုင်မှု အရမ်းပဲ ပြင်းထန်တယ် ဆိုတာ ကျွန်တော် သိလို့ပါပဲ။ ဆော်ဒီပရိုလိဂ်မှာ တစ်ခါမှ မကစားဖူးတဲ့သူတွေ ဘောလုံး အကြောင်း ဘာမှ နားမလည်တဲ့သူတွေကပဲ ဒီလိဂ်ကို ထိပ်တန်းလိဂ် ၅ ခုထဲ မပါဝင်ဘူးလို့ ပြောကြတာပါ။ ကျွန်တော့် စကားကို ကျွန်တော် ၁၀၀ ရာခိုင်နှုန်း အပြည့် ယုံကြည်ပါတယ်။ ဒီလိဂ်မှာ ကစားနေတဲ့သူတိုင်း ကျွန်တော့် ဘာကိုပြောနေလဲ ဆိုတာ သိကြပါတယ်။” လို့ ရော်နယ်ဒိုက ပြောကြားသွားခဲ့ပါသေးတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ များစွာ ထွက်ပေါ်ခဲ့ပေမယ့်လည်း အဲလ်နာဆာနဲ့ ၂ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်ကြောင့် ရော်နယ်ဒိုဟာ အသက် ၄၂ နှစ်ကျော်တဲ့အထိ ဆော်ဒီပရိုလိဂ် ကလပ် မှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂ နှစ် စာချုပ် အတွက် ပေါင် သန်း ၅၀၀ ကျော် ရရှိမယ်လို့ သိရပြီးတော့ ဒီစာချုပ် ကလည်း အားကစားသမိုင်းရဲ့ တန်ဖိုးအမြင့်ဆုံး စာချုပ်အဖြစ် မှတ်တမ်းဝင်သွားဖို့ ရှိကြောင်း ဗြိတိန် အခြေစိုက် The Sun က ဖော်ပြခဲ့ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ အခြေခံလစာ အဖြစ် တစ်ရက်ကို ပေါင် ၄၈၈၀၀၀ အထိ ရရှိမှာ ဖြစ်ပြီး လက်မှတ်ထိုးကြေး ပေါင် ၂၄.၅ သန်း၊ (ဒုတိယနှစ်မှာ ပေါင် ၃၈ သန်း အထိ တိုးမြှင့် ရရှိ)၊ ပေါင် ၃၃ သန်း တန်ဖိုးရှိတဲ့ အဲလ်နာဆာ ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်၊ သီးသန့် လေယာဉ် အသုံးပြုမှု အတွက် ပေါင် ၄ သန်း၊ အချိန် ပြည့် ဝန်ထမ်း ၁၆ ဦး အတွက် ပေါင် ၁.၄ သန်း ထပ်မံ ရရှိမှာ ဖြစ်ပြီး စုစုပေါင်း ပေါင်သန်း ၅၀၀ ကျော် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ်မှာ နှစ်ရာသီ ဆက်တိုက် ရွှေဖိနပ်ဆုတွေ ဆွတ်ခူးနေပြီးတော့ အသက်အရွယ်နဲ့ မလိုက်အောင် ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက်လည်း ခြေစွမ်းပြနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.