ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ နည်းပြသစ် ဂျော့ဂျ် ဂျီးဆပ်စ်က အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဂျော့ဂျ် ဂျီးဆပ်စ်က ရော်နယ်ဒိုဟာ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး အောင်မြင် ကျော်ကြားသူ ဖြစ်ကြောင်း ချီးကျူးခဲ့ပြီးတော့ သူရဲ့ ဩဇာလွှမ်းမိုးမှုဟာ ဘောလုံးလောကထက် များစွာ ပိုပြီး ကျယ်ပြန့်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂျော့ဂျ် ဂျီးဆပ်စ် ကတော့ မကြာသေးခင် ကမှ အဲလ်နာဆာ နည်းပြ ရာထူးကို လက်ခံခဲ့သူ ဖြစ်ပြီး သူ့အနေနဲ့ ဒီအလုပ်ကို လက်ခံခဲ့ခြင်း အကြောင်းရင်းက ရော်နယ်ဒိုကြောင့် ဖြစ်ကြောင်း ဝန်ခံထားခဲ့ပါသေးတယ်။ အသက် ၇၀ အရွယ် ပေါ်တူဂီ လူမျိုး နည်းပြက အဲလ်နာဆာနဲ့ ၁ နှစ်စာ ချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ဆော်ဒီပရိုလိဂ်မှာ တတိယအကြိမ်မြောက် နည်းပြ အဖြစ် လုပ်ကိုင်မှာ ဖြစ်ပါတယ်။ ဂျော့ဂျ် ဂျီးဆပ်စ်က ယခင်က အဲလ်ဟီလာကို နှစ်ကြိမ် ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရရှိထားသူ ဖြစ်ပါတယ်။

အခုတော့ ဂျော့ဂျ် ဂျီးဆပ်စ်က ရော်နယ်ဒိုရဲ့ အောင်မြင်မှုတွေနဲ့ ပတ်သတ်ပြီး “ကမ္ဘာပေါ်က လူသားတွေထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ပါပဲ။ ကမ္ဘာ့အကြီးကျယ်ဆုံး ဆယ်လီဘရစ်တီပါ။ ဒါက အားကစားဆိုင်ရာ စိန်ခေါ်မှု တစ်ခုပါ။ ရော်နယ်ဒိုက သူများတွေနဲ့ မတူပါဘူး။ သူ့ရဲ့ ဇီဝကမ္မဆိုင်ရာ အသက်အရွယ်က ထူးခြားတာကြောင့် အသက် ၄၀ အရွယ် မှာတောင် ကစားနေနိုင်တုန်းပါပဲ။ ဘောလုံးလောက ပြင်ပမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အတွေးအခေါ်တွေက အရမ်းပဲ တူညီပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဂျော့ဂျ် ဂျီးဆပ်စ်က ပေါ်တူဂီဟာ ရော်နယ်ဒိုရဲ့ အမွေအနှစ်ကို အပြည့်အဝ တန်ဖိုးမထားတတ်ကြောင်း ဝေဖန်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ရာသီက ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်မှာ ၂၅ ဂိုး သွင်းပြီး ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့သူပါ။ ဒါပေမယ့်လည်း သူ့ရဲ့ အသင်း အဲလ်နာဆာ ကတော့ ချန်ပီယံ အဲလ်အစ်တီဟတ်နဲ့ ၁၃ မှတ် ဒုတိယနေရာက အဲလ်ဟီလာနဲ့ ၅ မှတ် ကွာဟပြီး တတိယ နေရာနဲ့သာ ရာသီသိမ်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်နာဆာက အာရှ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာလည်း ဂျပန်ကလပ် ကာဝါဆာကီ ဖရန့်တေးလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတာကြောင့် စိတ်ပျက်စရာ ရာသီ တစ်ခုကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ပေါ်တူဂီ လူမျိုး နည်းပြကြီးဟာ ယခင်က ပေါ်တူဂီ ထိပ်တန်း ကလပ် ၃ သင်း ဖြစ်တဲ့ ဘရာဂါ၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်းနဲ့ ဘရာဇီးလ် ထိပ်သီး ဖလာမင်ဂို တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဂျီးဆပ်စ်ဟာ ဘင်ဖီကာနဲ့ ဖလာမင်ဂို တို့မှာတော့ သူ့ရဲ့ နည်းပြ ဘဝ အမြင့်ဆုံး အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲလ်နာဆာ ကတော့ ပြီးခဲ့တဲ့ ရာသီတွေမှာ နည်းပြတွေ အကြိမ်ကြိမ် အပြောင်းအလဲ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံး ၅ နှစ် အတွင်း ဆော်ဒီ စူပါဖလား တစ်ကြိမ်နဲ့ အာရပ်ကလပ်ချန်ပီယံဖလား တစ်ကြိမ်သာ ရရှိထားခဲ့ပါတယ်။ ဒါကြောင့် ဂျော့ဂျ် ဂျီးဆပ်စ် ရောက်ရှိလာမှုက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာဖို့ ရှိပြီး ပရိသတ်တွေ ကတော့ ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် အဲလ်နာဆာ ကလည်း ဂျီးဆပ်စ်နဲ့ ရော်နယ်ဒို တို့ရဲ့ စွမ်းဆောင်ရည်တွေ ပေါင်းစပ်ပြီး အသင်းကို ပြန်လည် ဦးမော့လာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်နေပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.