နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုဆင်မ်ဟန်ကို မြင့်မားတဲ့ လုပ်ခလစာ ထပ်မံ ချဉ်းကပ်ခဲ့တဲ့ အဲလ်ဟီလာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာ ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ လက်ရှိအချိန်ထိ လက်မလျှော့သေးကြောင်း ပြသလာခဲ့ပြန်ပါတယ်။ အဲလ်ဟီလာဟာ နိုင်ဂျီးရီးယား တိုက်စစ်မှူး အတွက် အရင်ကထက် အဆပေါင်းများစွာ ပိုများတဲ့ ကမ်းလှမ်းမှုနဲ့ နောက်တစ်ကြိမ် ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းမှာတော့ အိုဆင်မ်ဟန်ကို လက်ရှိမှာ အငှားနဲ့ ခေါ်ယူထားတဲ့ တူရကီ ထိပ်သီး ဂါလာတာဆာရေးက အပြီးသတ် ခေါ်ယူဖို့ နာပိုလီနဲ့ သဘောတူညီမှု ရရှိထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့်လည်း ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ အခုလို ကမ်းလှမ်းမှုကြောင့် အိုဆင်မ်ဟန်ရဲ့ ဂါလာတာဆာရေးနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ရပ်တန့်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

အီတလီအခြေစိုက် Corriere dello Sport ရဲ့ ဖော်ပြချက်အရ အဲလ်ဟီလာက အိုဆင်မ်ဟန်ကို တစ်နှစ် လုပ်ခလစာ ယူရို သန်း ၄၀၊ ၃ နှစ် စာချုပ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် တစ်နှစ် စာချုပ် သက်တမ်း တိုးခွင့်လည်း ပါရှိပြီးတော့ ဒီကမ်းလှမ်းချက်အရ ဆိုရင် စာချုပ် သက်တမ်း ပြည့်ရင် အိုဆင်မ်ဟန် အနေနဲ့ ယူရို သန်း ၁၆၀ အထိ ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိုဆင်မ်ဟန်ဟာ ကမ္ဘာ့လုပ်ခလစာ အကောင်းဆုံး ဘောလုံးသမား စာရင်းဝင်လည်း ဖြစ်လာမှာပါ။

နာပိုလီ ဘက်ကတော့ အိုဆင်မ်ဟန်ရဲ့ အပြောင်းအရွှေ့ကို ပြည်တွင်း ကလပ်တွေကို တစ်ဈေး၊ ပြည်ပ ကလပ်တွေကို တစ်ဈေး သတ်မှတ်ပေးထားပါတယ်။ သတင်းတွေအရ ဆိုရင် ပြည်ပ ကလပ်တွေ အတွက် သတ်မှတ်ထားတဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို ၇၅ သန်း ဖြစ်ပြီး ဒီပမာဏကို အပြည့်အဝ ပေးချေတဲ့ ဘယ်အသင်းကို မဆို ရောင်းချသွားဖို အဆင်သင့် ဖြစ်နေပါတယ်။

တစ်ဖက်မှာတော့ ဂါလာတာဆာရေးက အပြောင်းအရွှေ့ထဲ ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ ဝင်ရောက်လာမှုကို စိတ်ပျက်လျက် ရှိပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
အိုဆင်မ်ဟန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတဲ့ ဂါလတာဆာရေးနဲ့ အဲလ်ဟီလာ

ထူးဆန်းတာက အိုဆင်မ်ဟန်လို ဂိုးသွင်းအားကောင်းပြီး အသက်လည်း ၂၆ နှစ် အရွယ်သာ ရှိနေသေးတဲ့ ကစားသမားကို ဥရောပထိပ်တန်း ကလပ်တွေက အသေအချာ ကြိုးပမ်းခြင်း မရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ဂျီးရီးယား လက်ရွေးစင်ရဲ့ အနာဂတ်က ထူးခြားမှု မရှိသေးပဲ အဲယ်ဟီလာရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှု ကိုတော့ စဉ်းစားဖို့ ရှိနိုင်သလို ကလပ် နှစ်ခု အကြား ဆွေးနွေးမှုတွေလည်း စတင်လာနိုင်ပါတယ်။

နာပိုလီ ဘက်ကတော့ အိုဆင်မ်ဟန်ကို ရောင်းချပြီးတော့ ရရှိလာတဲ့ ပြောင်းရွှေ့ကြေးကို ကစားသမားသစ်တွေနဲ့ အသင်းကို ပြန်လည် တည်ဆောက်ရာမှာ အသုံးပြုသွားဖို့ စဉ်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဆင်မ်ဟန်ရဲ့ လုပ်ခ လစာကို လျှော့ချနိုင်ဖို့ အတွက် အရောင်းအဝယ်ကို အမြန်ဆုံး အပြီးသတ်ချင်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ဂါလာတာဆာရေးက အပြောင်းအရွှေ့ထဲ ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ ဝင်ရောက်လာမှုကို စိတ်ပျက်လျက် ရှိပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

အိုဆင်မ်ဟန် ကတော့ သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့တော့ အခုချိန်ထိ တိတိကျကျ ဖြေကြားထားခြင်း မရှိပဲ လောလောဆယ် အားလပ်ရက်မှာ အပြည့်အဝ အနားယူနေကြောင်း ပြောကြားထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ အပြောင်းအရွှေ့ကိုလည်း ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြဖို့ ပြောကြားထားခဲ့ပါတယ်။

အိုဆင်မ်ဟန်ဟာ ဝုဖ်ဘတ်မှာ ကစားသမား ဘဝ စတင် ပြီးတော့ ဘယ်လ်ဂျီယံ ကလပ် စပို့တင်းချာလီရွိုင်၊ လိုင်လီ တို့မှာ ကစားခဲ့ပါတယ်။ လိုင်လီမှာ ကစားသမား ဘဝ နာမည် စတင် ကျော်ကြားလာတဲ့ နိုင်ဂျီးရီးယားသားက ၂၀၂၀ ခုနှစ် မှာတော့ နာပိုလီကို ပြောင်းရွှေ့ခဲ့ပါတယ်။ အိုဆင်မ်ဟန်က နာပိုလီ မှာတော့ ၁၃၃ ပွဲ ကစားကာ ၇၆ ဂိုး သွင်းယူပေးခဲ့ပြီးတော့ ၂၀၂၄-၂၀၂၅ ရာသီမှာ ဂါလာတာဆာရေးမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပါတယ်။ ဂါလာတာဆာရေး မှာတော့ အိုဆင်မ်ဟန်က ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားပြီး ၃၇ ဂိုး သွင်းကာ ၇ ဂိုး ဖန်တီးခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်