နာမည်ကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ဘောလုံး အသင်းတွေ စာရင်း မှာတော့ ရီးရဲလ်မက်ဒရစ်ပဲ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ ၄ နှစ် ဆက်တိုက် ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပြီး ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက် ကလည်း ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။
Forbes ကတော့ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ဘောလုံး အသင်းများ စာရင်းကို ၂၀၀၇ ခုနှစ် ကနေ စပြီး နှစ်စဉ် ထုတ်ပြန်လျက်ရှိရာ အခုနှစ် အတွက် စာရင်း ကိုတော့ ပြီးခဲ့တဲ့ ရက်ကပဲ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီစာရင်းအရ ဆိုရင် ရီးရဲလ်မက်ဒရစ်က ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ ကွင်းတွင်း ကွင်းပြင် ကဏ္ဍအသီးသီး ကနေ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၁၃ ဘီလီယံ ရရှိခဲ့ပြီး တစ်ရာသီ အတွင်း ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံနဲ့ အထက် ရရှိခဲ့တဲ့ ပထမဦးဆုံး ဘောလုံး အသင်း အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန် ထိပ်သီး တို့ဟာ NFL ကလပ် ဒါးလက်စ် ကောင်းဘွိုင် အသင်း ပြီးရင် ကိန်းဂဏန်း ၁၀ လုံး ဝင်ငွေ ရရှိတဲ့ ဒုတိယမြောက် အားကစား အသင်း ဖြစ်လာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ တန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကထက် ၂ ရာခိုင်နှုန်း မြင့်တက်လာပြီးတော့ ၂၀၂၂-၂၀၂၅ ဘောလုံး ရာသီ နောက်ပိုင်း ထိပ်ဆုံး နေရာမှာ ၄ နှစ် ဆက်တိုက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီစာရင်းမှာ ထိပ်ဆုံး ၇ နေရာက အပြောင်းအလဲ မရှိခဲ့ပဲ အရင်နှစ်တွေ အတိုင်း ရပ်တည်နိုင်ခဲ့ပြီးတော့ ယူနိုက်တက်က အမေရိကန် ဒေါ်လာ ၆.၆ ဘီလီယံ (ဝင်ငွေ ဒေါ်လာ ၈၃၄ သန်း)၊ ဘာစီလိုနာက အမေရိကန် ဒေါ်လာ ၅.၆၅ ဘီလီယံ (ဝင်ငွေ ဒေါ်လာ ၈၂၁ သန်း)၊ လစ်ဗာပူးလ်က ဒေါ်လာ ၅.၄ ဘီလီယံ (ဝင်ငွေ ဒေါ်လာ ၇၇၃ သန်း)၊ မန်စီးတီးက အမေရိကန်ဒေါ်လာ ၅.၃ ဘီလျံ (ဝင်ငွေ ဒေါ်လာ ၉၀၁ သန်း)၊ ဘေယန်မြူးနစ်က ဒေါ်လာ ၅.၁ ဘီလီယံ (ဝင်ငွေ ဒေါ်လာ ၈၂၇ သန်း)၊ ပီအက်စ်ဂျီက ဒေါ်လာ ၄.၆ ဘီလျံ (ဝင်ငွေ ဒေါ်လာသန်း ၈၇၀) နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
မနှစ်က အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အာဆင်နယ်က အမေရိကန် ဒေါ်လာ ၃.၄ ဘီလီယံ (ဝင်ငွေ ဒေါ်လာ ၇၇၁ သန်း) နဲ့ အဆင့် ၈ ကို တက်လှမ်းလာခဲ့ပါတယ်။ စပါး ကလည်း အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံ (ဝင်ငွေ ဒေါ်လာ ၆၆၆ သန်း) နဲ့ အဆင့် ၉၊ ချဲလ်ဆီး ကတော့ အမေရိကန်ဒေါ်လာ ၃.၂၅ ဘီလီယံ (ဝင်ငွေ ဒေါ်လာ ၅၉၁ သန်း) နဲ့ အဆင့် ၁၀ နေရာသို ကျဆင်းသွားခဲ့ပါတယ်။
ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ သင်း နေရာကို ပရီးမီးယားလိဂ် ကလပ် ၆ သင်းက ရယူနိုင်ခဲ့ပြီးတော့ လာလီဂါ ကလပ် ၂ သင်း၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးဝမ်း ကလပ် ၁ သင်းစီ ပါဝင်ခဲ့ပေမယ့် စီးရီးအေ ကတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီဘောလုံး ကလပ် အသင်းတွေရဲ့ ပျမ်းမျှ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၂.၂၆ ဘီလီယံ ကနေ ၂.၄ ဘီလီယံ အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.