နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘာပေးဟာ ဘယ်လွန်ဒေါဆု များစွာ ရနိုင်တယ်လို့ ထောက်ခံလိုက်တဲ့ ရာမို့စ် | ဘောလုံး

မက္ကဆီကို ကလပ် မွန်တာရေးမှာ ခြေစွမ်းပြ ကစားနေတဲ့ စပိန် ဝါရင့် ဗဟိုခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေးနဲ့ ပတ်သတ်ပြီး ခန့်မှန်းသုံးသပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အမ်ဘာပေးဟာ လာမယ့် ၁၀ နှစ်တာ ကာလ အတွင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ)ကို ၄ ကြိမ်၊ ၅ ကြိမ်လောက် ရရှိနိုင်တယ်လို့ ရာမို့စ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရာမို့စ်နဲ့ အမ်ဘာပေး တို့ဟာ ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီမှာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ် အထိ တွဲဖက် ကစားခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ကာစမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ဥရောပစူပါဖလားနဲ့ Intercontinental Cup တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ပြင်သစ် အသင်းခေါင်းဆောင်ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ခြေစွမ်းပြနိုင်ခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားရာမှာ ၄၃ ဂိုး သွင်းယူပြီး လာလီဂါနဲ့ ဥရောပ ရွှေဖိနပ်ဆုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေး အနေနဲ့ အခုလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သည့် တိုင်အောင် ရီးရဲလ်မက်ဒရစ် ကတော့ ပြီးခဲ့တဲ့ရာသီက အဓိက ပြိုင်ပွဲကြီး အားလုံးမှာ ကျရှုံးခဲ့ရပြီး ဖလား လက်မဲ့ ရာသီ အဖြစ် အဆုံးသတ်ခဲ့ရပါတယ်။

သူဟာ ဒီအဆင့် ဘောလုံးသမား ဆိုတာကို ပြသခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။
အမ်ဘာပေးနဲ့ ပီအက်စ်ဂျီမှာ ၂ နှစ် တွဲဖက်ကစားခဲ့ဖူးတဲ့ ရာမို့စ်

ရာမို့စ် ကတော့ ဘယ်လွန်ဒေါဆုဟာ တစ်ဦးချင်းဆု ဖြစ်တာကြောင့် သတ်မှတ်ချက်တွေက အတည်တကျမရှိပဲ အူစမန်နီ ဒမ်ဘီလီ၊ လာမင်း ယာမယ်၊ ရာဖင်ညာ တို့လိုပဲ အမ်ဘာပေး ကလည်း ဒီဆု အတွက် ထိုက်တန်ကြောင်း ယူဆနေတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ရာမို့စ်က “ကျွန်တော်က ဘယ်လွန်ဒေါဆု အတွက် ဆိုရင် အမြဲတမ်း အမ်ဘာပေး ကိုပဲ ပေးမှာပါ။ သူနဲ့ သူငယ်ချင်း ဖြစ်နေလို့ မဟုတ်ပါဘူး။ သူ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေက အထင်ကြီးစရာ ကောင်းလို့ပါ။ ဒါက အရေးကြီးတဲ့ ဆုဖလား တစ်ခုပါပဲ။ ဒါပေမယ့် ဘယ်လွန်ဒေါရဲ့ စံနှုန်းတွေက ဘယ်တော့မှ အတိအကျ မရှိပါဘူး။ ရီးရဲလ်မက်ဒရစ်က တခြား အသင်းတွေလို ဖလားတွေ မရခဲ့ရင်တောင်မှ သူ ဂိုးတွေ သွင်းနိုင်ခဲ့တယ်။ ရွှေဖိနပ်ဆုလည်း ရခဲ့တယ်။” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ရာမို့စ်က “ကိုယ့်ရဲ့ ကိုယ်ပိုင် ထင်မြင် ယူဆချက် အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်သာ ဆုံးဖြတ်ရမယ် ဆိုရင် ကီလီယန်က နောက် ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ် အတွင်း ဘယ်လွန်ဒေါဆုကို ၄ ကြိမ် သို့မဟုတ် ၅ ကြိမ်လောက် ဆွတ်ခူးနိုင်မယ် ထင်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ဖလားတွေ အများကြီး မရခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ရင်တောင် သူမှာ အရည်အချင်း ရှိပြီး ထူးခြားတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ ဒီအဆင့် ဘောလုံးသမား ဆိုတာကို ပြသခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။ အမ်ဘာပေး အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဆုဖလား အောင်မြင်မှု မရထားတာကြောင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) အတွက် ရေပန်းစားနေတဲ့ စာရင်းမှာ ပါဝင်နေခြင်း မရှိပါဘူး။ လက်ရှိ ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ကစားသမား စာရင်း မှာတော့ ပီအက်စ်ဂျီနဲ့ အတူ ဖလား ၄ လုံး အောင်မြင်မှု ရထားတဲ့ အူစမန်နီ ဒမ်ဘီလီ၊ ဘာစီလိုနာက ယာမယ်နဲ့ ရာဖင်ညာ၊ လစ်ဗာပူးလ်က မိုဟာမက် ဆာလာ တို့ ပါဝင်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်