နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၅ ခုနှစ် အတွင်း ၅ လုံးမြောက် ဆုဖလားကို ရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ | ဥရောပစူပါဖလား

ဒီကနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပစူပါဖလား ပွဲစဉ် ကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ပီအက်စ်ဂျီက တော့တင်ဟမ်ဟော့စပါးကို ပင်နယ်တီနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ၈၄ မိနစ် အထိ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာ ကနေ နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေ ကနေ ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ ချေပဂိုးတွေကြောင့် ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်ခဲ့ပြီး ပင်နယ်တီမှာ နိုင်ပွဲ ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်ခဲ့ကြပါတယ်။ ပီအက်စ်ဂျီက ကွင်းလယ်မှာ ဗစ်တင်ညာ၊ ဒူရေးနဲ့ ဇိုင်း အမ်မရီ တို့ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာတော့ ဒမ်ဘီလီကို အထောင်ထားပြီး ဘာကိုလာ၊ ခါဗရာစခီလီယာ တို့နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ စပါး ကတော့ ရစ်ချာလီဆင်နဲ့ ကူဒု့စ်ကို အထောင်ထားပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ဆား အပြင် အသစ် ခေါ်ယူထားတဲ့ ပါလ်ဟင်ဟာနဲ့ ဘန်တန်ကာ တို့ကို ကွင်းလယ်မှာ တွဲပေးခဲ့ပါတယ်။ ထုံးစံ အတိုင်း အမာခံ ကစားသမားတွေ ဖြစ်တဲ့ ပေါ်ရို၊ ရိုမဲယို၊ ဗန်ဒီဗန်၊ ဒန်ဆို၊ ဗစ်ကာရီယို တို့လည်း ပွဲထွက်လာခဲ့ပြီး ပီအက်စ်ဂျီကို အကောင်းဆုံး ပုံစံနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ တွေ့ရပါတယ်။

ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားဖို့ ကြိုးစားခဲ့ပေမယ့် ခံစစ်ပိုင်း အားနည်းချက်တွေ ကနေ အစောပိုင်း ပွဲချိန်တွေမှာ စပါးက ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ စပါး အတွက် ဦးဆောင်ဂိုး ၂ ဂိုးကို ခံစစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဗန်ဒီဗန်နဲ့ ရိုမီယို တို့က ပွဲချိန် ၃၉ မိနစ်နဲ့ ၄၈ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်ခြင်း ခံလိုက်ရပေမယ့်လည်း ပီအက်စ်ဂျီက ကစားအားလုံးဝ မချလိုက်ပဲ လူစား အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ နည်းပြ အန်နရီကေးရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပွဲပြီးခါနီးမှာ လူစားဝင် ကစားသမား နှစ်ဦး ဖြစ်တဲ့ လီကန်အင်နဲ့ ဂွန်ဆာလို ရာမို့စ် တို့က ချေပဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။ ဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ မှာတော့ ပီအက်စ်ဂျီ ဘက်က ဗစ်တင်ညာ လွဲချော်ခဲ့ပေမယ့် စပါး ဘက်က ဗန်ဒီဗန်နဲ့ တဲလ်တို့ လွဲချော်ခဲ့တာကြောင့် ပင်နယ်တီ ရလဒ် ၄-၃ နဲ့ ပီအက်စ်ဂျီတို့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားဆု ကိုလည်း ဂွန်ဆာလို ရာမို့စ်ရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးခဲ့တဲ့ အူစမန်နီ ဒမ်ဘီလီက ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီ ကတော့ တကယ့်ကို အရသာရှိတဲ့ Comeback ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ဥရောပစူပါဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်နှစ် အတွင်း ဆုဖလား ၅ လုံး ရယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ကတော့ တကယ့်ကို အရသာရှိတဲ့ Comeback ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ဥရောပစူပါဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ၂၀၂၅ ခုနှစ် အတွင်း ၅ လုံးမြောက် ဆုဖလားကို ရရှိ ပိုင်ဆိုင်ခဲ့တာပါ။ စပါး အတွက် ကတော့ တကယ့်ကို နှမြောစရာ ရလဒ်တစ်ခု ဖြစ်ခဲ့ပေမယ့် နည်းပြ သောမက်စ် ဖရန့်ခ်ရဲ့ လက်ထက်မှာ တစ်ပွဲထက် တစ်ပွဲ တိုးတက်လာနေတဲ့ စပါးရဲ့ ခြေစွမ်း ကတော့ အားရစရာ ဖြစ်ခဲ့ပါတယ်။ ဒီပုံစံအတိုင်း ဆိုရင်တော့ စပါးဟာ လာမယ့် ရာသီ အတွက် လျှော့တွက်လို့မရတဲ့ ခြေစွမ်းနဲ့ စုဖွဲ့မှုမျိုး ပိုင်ဆိုင်နေပြီလို့ ပြောလို့ ရပါတယ်။

ဒီနေရာမှာ ဥရောပစူပါဖလားနဲ့ ပတ်သတ်ပြီး သတင်းထူး တစ်ခုကို ထပ်ပြောရမယ် ဆိုရင် ဒီပြိုင်ပွဲဟာ လာမယ့် ရာသီတွေမှာ ပုံစံပြောင်းလဲ ကျင်းပတော့မယ်လို့ သိရပါတယ်။ ရာသီ အဖွင့် ပြိုင်ပွဲတွေထဲက တစ်ခု ဖြစ်တဲ့ ယူအီးအက်ဖ်အေရဲ့ ဥရောပစူပါဖလား ပြိုင်ပွဲကို လာမယ့် ရာသီတွေ ကနေ စပြီး အသင်း ၄ သင်း ပါဝင်တဲ့ ပြိုင်ပွဲ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပသွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီပြိုင်ပွဲကို ဥရောပ ပြင်ပနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် သို့မဟုတ် အရှေ့အလယ်ပိုင်း ဒေသတွေမှာ သွားရောက် ကျင်းပသွားနိုင်ခြေလည်း ရှိနေပါတယ်။

လက်ရှိ မှာတော့ ဥရောပစူပါဖလား ပြိုင်ပွဲ ကတော့ ချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ အကြား ဗိုလ်လုပွဲ အဖြစ် တစ်ပွဲတည်း ကစားနေတာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ ဘက်က စဉ်းစားနေတဲ့ ပုံစံသစ် ကတော့ အသင်း၄ သင်းကို ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဗိုလ်လုပွဲ ၁ ပွဲ ပါဝင်တဲ့ ရာသီအဖွင့် ပြိုင်ပွဲငယ် တစ်ခု အဖြစ် ကျင်းပမှာပါ။ ဒီအစီအစဉ်ကို ၂၀၂၂ ခုနှစ်တုန်းက ရုပ်သံမူပိုင်ခွင့် ရောင်းချဖို့ အတွက် တင်ပြခဲ့ဖူးပေမယ့် ခေတ္တရပ်ဆိုင်းထားခဲ့ရာ ကနေ အခုလက်ရှိ မှာတော့ ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

   အဓိက အကြောင်းရင်း ကတော့ ယူအီးအက်ဖ်အေ အနေနဲ့ ရုပ်သံမူပိုင်ခွင့် ကနေ ဝင်ငွေ တိုးမြှင့်လိုတာကြောင့် ဖြစ်ပြီး ဥရောပ ရုပ်သံလွှင့်ဌာနတွေက ဈေးပိုမပေးနိုင်တော့တာကြောင့်လည်း အမေရိကန် အခြေစိုက် မီဒီယာမူပိုင်ခွင့် ရောင်းချရေး အဖွဲ့အစည်း ဖြစ်တဲ့ Relevent နဲ့ လက်တွဲပြီး အမေရိကန် ဈေးကွက်ကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။    တခြားသော ပြိုင်ပွဲတွေ မှာလည်း အခုလို ပုံစံမျိုး အရင် ကတည်းက ပြောင်းလဲ ကျင့်သုံးနေခဲ့ပြီးသားပါ။ စပိန်စူပါဖလားကို ဆိုရင် ၂၀၂၀ ခုနှစ် ကနေ စပြီး အသင်း ၄ သင်း ပုံစံနဲ့ ဆော်ဒီအာရေဗျမှာ ကျင်းပနေသလို၊ ပြင်သစ် စူပါဖလား ကိုလည်း ၂၀၀၉ ခုနှစ် ကတည်းက ကနေဒါ၊ မော်ရိုကို၊ တရုတ်နဲ့ ကာတာ တို့လို ကမ္ဘာ့နိုင်ငံအများအပြားမှာ လှည့်လည် ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်