နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ဇူဘီမန်ဒီဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ အခွင့်ကောင်း တချို့ကို လက်လွှတ်ခဲ့တယ်” လို့ ဖွင့်ဟလာတဲ့ အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ ဒုတိယမြောက် ကစားသမား ခေါ်ယူမှု ကတော့ မာတင် ဇူဘီမန်ဒီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီလ အစောပိုင်းမှာ မာတင် ဇူဘီမန်ဒီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပြီးတော့ စပိန်သားကို ခေါ်ယူနိုင်ခဲ့တာက ကလပ် အတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်လိမ့်မယ်လို့ နည်းပြ မီခဲလ် အာတေးတားက ယုံကြည်နေပါတယ်။

ဒါ့အပြင် ဇူဘီမန်ဒီ အနေနဲ့ တခြားသော အခွင့်အရေးကောင်းတွေနဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် အာဆင်နယ်ကို ရွေးချယ်ခဲ့တာကြောင့် ဝမ်းမြောက်မိကြောင်း မီခဲလ် အာတေးတားက ဖွင့်ဟလာခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်ရဲ့ ကစားသမားသစ် ခေါ်ယူမှု ၄ ခု အနက်မှ တစ်ဦး ဖြစ်ပြီး ရီးရဲလ်ဆိုစီဒက် ကနေ ပေါင် သန်း ၆၀ (ယူရို ၆၉.၅ သန်း) ၊ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

စပိန်သားဟာ ပြီးခဲ့တဲ့နှစ်က လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပေမယ့် ရီးရဲလ်ဆိုစီဒက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနွေရာသီ မှာတော့ အာဆင်နယ်နဲ့ စာချုပ် လက်မှတ်မထိုးခင် ဇူဘီမန်ဒီက ရီးရဲလ်မက်ဒရစ်နဲ့လည်း ကောလာဟလတွေ တောက်လျောက် ထွက်ပေါ်ခဲ့သေးတယ်။ နောက်ဆုံး မှာတော့ စပိန်သားက ဂန်းနား ဖြစ်လာခဲ့ပြီး အခုဆိုရင်တော့ အာဆင်နယ်နဲ့ ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။

အကယ်၍ သူတို့သာ လိုချင်တဲ့ ကစားသမားတွေကို ထပ်ပြီး ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ပရီးမီးယားလိဂ် အပါအဝင် အဓိက ပြိုင်ပွဲတွေရဲ့ ဆုဖလားတွေကို အမှန်တကယ်ပဲ စိန်ခေါ်သွားနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။
ဇူဘီမန်ဒီရဲ့ စွမ်းဆောင်ရည်ကို ကျေနပ် သဘောကျနေတဲ့ မီခဲလ် အာတေးတး

ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပွဲ ၃၆ ပွဲမှာ ဘောလုံးး ပေးပို့မှု ၁၇၅၂ ကြိမ် ပြုလုပ်ခဲ့ပြီး ၁၄၇၉ ကြိမ် အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် Final Third Zone ထဲကို ၃၂၁ ကြိမ် အထိ အောင်မြင်စွာ ဘောလုံးပေးပို့နိုင်ခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ လာလီဂါရဲ့ အတည်ငြိမ်ဆုံး ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒီလို ကစားသမားကို ရလိုက်တာက အာဆင်နယ် ကွင်းလယ်ကို ထပ်ပြီး အဆင့်မြှင့်ပေးလိုက်သလို ဖြစ်ခဲ့ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် မီခဲလ် အာတေးတားက ရာသီကြို လေ့ကျင့်မှုတွေမှာ ဇူဘီမန်ဒီထံ ကနေ တွေ့မြင်ခဲ့ရတဲ့ စွမ်းဆောင်ရည်တွေကို သဘောကျနေကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

ဒီလိုမျိုး စိတ်တိုင်းကျ ကစားသမား တစ်ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ မီခဲလ် အာတေးတားက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဒါဟာ ရှည်လျားခဲ့ပါတယ်။ ရှည်လျားတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ (ဇူဘီမန်ဒီရဲ့ အပြောင်းအရွှေ့ကို ဆိုလို) သူဒီကို လာချင်ခဲ့ပေမယ့် သူ့မှာ ဆုံးဖြတ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပါတယ်။ သတင်းကောင်း ကတော့ ဒီကလပ်က စိတ်လှုပ်ရှားစရာ ကောင်းတာပါပဲ။ လူတိုင်းက ဒီကို လာချင်ကြပါတယ်။ သူက တကယ့် အခွင့်အရေးကောင်း တော်‌တော်များများကို ချန်ထားပြီး ကျွန်တော်တို့ဆီကို လာခဲ့တာပါ။” လို့ မီခဲလ် အာတေးတားက ဆိုပါတယ်။

ဆက်လက်ပြီး အာတေးတားက “ပြီးခဲ့တဲ့ ၇ ရက် ကနေ ၁၀ ရက် အတွင်း မြင်တွေ့ခဲ့ရတာကို ကျွန်တော်တို့ အားလုံး အရမ်းပဲ သဘောကျကြပါတယ်။ ခင်ဗျား အနေနဲ့ ကစားသမားတွေနဲ့ နေ့စဉ်ရှိနေပြီ ဆိုတာနဲ့ သူ့တို့ရဲ့ စရိုက် လက္ခဏာ၊ သူ့တို့ရဲ့ ပင်ကိုယ် စရိုက်၊ သူ့တို့ရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ သူတို့ အသင်းဆီ ဘာတွေ ဘယ်လောက် ယူဆောင်လာပေးမလဲ ဆိုတာ မြင်တွေ့ရမှာပါ။ အရမ်းပဲ စိတ်လှုပ်ရှားနေမိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ အာတေးတားက ချဲလ်ဆီး ကနေ ခေါ်ယူခဲ့တဲ့ တောင်ပံ ကစားသမား နိုနီ မာဒူခေးနဲ့ ပတ်သတ် ပြီးတော့လည်း အရမ်းအရမ်းပဲ စိတ်လှုပ်ရှားနေပြီ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ် ကတော့ မီခဲလ် အာတေးတား လက်အောက်မှာ တစ်နှစ်ထက် တစ်နှစ် ခြေစွမ်းပိုင်း တိုးတက်လာတာကို မြင်တွေ့ရပေမယ့် လောက်လောက်လားလား ဆုဖလား အောင်မြင်မှု မရရှိသေးပါဘူး။ ဒါကို အာဆင်နယ် ပရိသတ်တွေ အနေနဲ့ သဘောကျခြင်း မရှိပဲ လာမယ့် ရာသီ မှာတော့ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်နေကြပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ မှာတော့ မြောက်လန်ဒန် ကလပ် အနေနဲ့ အားရစရာ ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ထားနိုင်တယ်လို့ ပြောလို့ ရပြီး ယိုကီးရက်စ်၊ အီးဇီး၊ ဇာဗီ ဆိုင်မွန်စ် တို့လို ကစားသမားတွေကို အသင်းရဲ့ လူစာရင်းဆီ ထပ်မံ ပေါင်းထည့်နိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ အကယ်၍ သူတို့သာ လိုချင်တဲ့ ကစားသမားတွေကို ထပ်ပြီး ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ပရီးမီးယားလိဂ် အပါအဝင် အဓိက ပြိုင်ပွဲတွေရဲ့ ဆုဖလားတွေကို အမှန်တကယ်ပဲ စိန်ခေါ်သွားနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်