ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ အားရစရာ ကောင်းတဲ့ အင်အားဖြည့်တင်းမှုတွေ ပြလုပ်ထားတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ကမ္ဘာ့ချန်ပီယံတွေ ကတော့ အပြောင်းအရွှေ့ ဈေးကွက်ထဲ ကနေ မထွက်ခွာသေးပဲ အခုလည်း လိုက်ပ်ဇစ်က နယ်သာလန် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြန်ပါတယ်။
ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေသလို ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီး အနေနဲ့ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ တခြားသော ပြိုင်ဘက် ကလပ်တွေထက် အခြေအနေကောင်းနေပြီး မကြာခင်မှာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့လည်း ရှိနေပါတယ်။
ချဲလ်ဆီးဟာ ဒီနွေရာသီမှာ လီယမ် ဒီလက်ပ်၊ ဂျာအို ပက်ဒရို၊ အက်စတီဗာအိုနဲ့ ဂျေမီ ဂစ်တန်စ် တို့ကို ခေါ်ယူထားနိုင်တဲ့ ချဲလ်ဆီးဟာ ဒီလူစာရင်း အရ ဆိုရင်တော့ တော်တော်လေး တောင့်တင်းနေပြီလို့ ပြောလို့ ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ အပြိုင် အသင်းကို တည်ဆောက်နေပြီး လာမယ့် ရာသီ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အကယ်၍ အန်ဇို မာရက်စ်ကာရဲ့ အသင်းသာ နယ်သာလန် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံး အနည်းငယ် သာသွားနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးက မန်ချက်စတာယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုနဲ့ အက်စတွန်ဗီလာက မော်ဂန် ရော်ဂျာစ် တို့ကိုလည်း ခေါ်ယူချင်နေသေးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အသက် ၂၂ နှစ် အရွယ် နယ်သာလန် ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံ ကစားသမား ဇာဗီ ဆိုင်မွန်စ်က အဓိက ပစ်မှတ် ဖြစ်နေပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရတော့ ချဲလ်ဆီးက ဇာဗီ ဆိုင်မွန်စ်နဲ့ ပုဂိုလ်ရေးအရ သဘောတူညီချက် ရရှိရေး ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း ဒီအပြောင်းအရွှေ့ အပေါ် အပြည့်အဝ စိတ်အားထက်သန်လျက် ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ ကစားသမားနဲ့ သဘောတူညီမှု ရရှိတာနဲ့ ကလပ် နှစ်ခု အကြား သဘောတူညီမှု ရအောင် ခပ်မြန်မြန် လှုပ်ရှားသွားဖို့ ရှိနေပါတယ်။
တစ်ဖက်မှာလည်း လိုက်ပ်ဇစ်ဟာ လာမယ့်ရာသီ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် မရရှိထားတာကြောင့် အသင်းရဲ့ အဓိက ကစားသမားတွေကို လက်လွှတ်ရဖို့ ရှိနေတာပါ။ ဂျာမန် ကလပ်ဟာ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ရောင်းထုတ်ဖို့ စီစဉ်ထားသလို အကယ်၍ ဇာဗီ ဆိုင်မွန်စ် အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် ချက်ချင်း ရောင်းထုတ်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ကစားသမားကို သူတို့ လိုချင်ပြီ ဆိုရင် အသေးအဖွဲ ညှိနှိုင်းမှုတွေကို သိပ်ပြီး မကြည့်တတ်တာကြောင့် ဆိုင်မွန်စ်ရဲ့ အပြောင်းအရွှေ့က မြန်ဆန်ဦးမှာပါ။ ဇာဗီ ဆိုင်မွန်စ် ကတော့ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ပီအက်စ်ဗွီနဲ့ ပီအက်စ်ဂျီ တို့မှာ ကစားခဲ့ဖူးသလို လိုက်ပ်ဇစ် အရေးပါတဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာဗီ ဆိုင်မွန်စ် ကတော့ လိုက်ပ်ဇစ် အတွက် ၇၆ ပွဲ ကစားပြီး ၂၁ ဂိုး သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.