နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝုဗ် ပိုသာပေမယ့် လိဒ်စ် ကိုလည်း လျှော့တော့ မတွက်ထားစေချင် | ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် – လိဒ်စ်ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – လိဒ်စ်ယူနိုက်တက်

ပရီးမီယားလိဂ် ပွဲစဉ် ၃၀ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ မိုလီနက်စ် ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နှစ်သင်းလုံးရဲ့ ရမှတ် လိုအပ်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်နေလို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

ဝုဗ်တို့ ပရီမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ဝက်ဖို့ဒ်နဲ့ အဲဗာတန်ကို ပြန်လည် အနိုင်ရရှိခဲ့လို့ အပေါ်က ဝက်စ်ဟမ်း၊ စပါးတို့နဲ့ ရမှတ် ကွာဟချက်ကို တတ်နိုင်သမျှ လျှော့ချထားနိုင်ခဲ့ပါတယ်။ အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၅ မှတ်သာ ကွာဟနေတယ် ဆိုပေမယ့် ၂ ပွဲ ပိုကစားထားလို့ ဝုဗ် အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ထက် ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်တာ ကပဲ ပိုပြီး လက်တွေ့ကျတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လက်ကျန် ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့လို အသင်းကြီးတွေနဲ့ ကစားဖို့ ကျန်နေသေးလို့ ဘရူနို လာ့ချ်ရဲ့ အသင်း အနေနဲ့ တတ်နိုင်သမျှ ရမှတ် စုဆောင်းနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဝုဗ်ဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ် အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး ဇယား ထိပ်ဆုံးက ၃ သင်း ပြီးရင် ပေးဂိုး အနည်းဆုံး အသင်းလည်း ဖြစ်ပါတယ်။ ခံစစ် ကောင်းပေမယ့် တိုက်စစ် ကတော့ အားရစရာ မရှိပါဘူး။ ပွဲစဉ် ၂၉ ပွဲ ကစားပြီးချိန်အထိ သွင်းဂိုး ၂၉ ဂိုးသာ ရရှိထားတာ တွေ့ရပါတယ်။ နဲလ်ဆင် ဆီမီဒို ကြွက်သားဒဏ်ရာကြောင့် အခုပွဲကို ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပြီး ဟီချန်ဟွမ် ခြေသလုံး ဒဏ်ရာရထားတဲ့ ဟီချန်ဟွမ်လည်း လွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ဂျိုဆေး ဆား၊ ကိုဒီ၊ ကေးလ်မန်း၊ ဆာအိစ်၊ မော်တင်ဟို၊ ရူဘင် နီးဗက်စ်၊ ဂျွန်နီ၊ နျူရီ၊ ပိုဒန့်စ်၊ နီတို သို့မဟုတ် ထရင်ကာအို၊ ဂျင်မီနက်ဇ် တို့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဝုဗ်ဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ် အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး ဇယား ထိပ်ဆုံးက ၃ သင်း ပြီးရင် ပေးဂိုး အနည်းဆုံး အသင်းလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်

လိဒ်စ်ယူနိုက်တက် ရဲ့ အခြေအနေက တကယ်တမ်း ဆိုရင် ဘာမှ သေချာပေါက် ပြောလို့ မရသေးပါဘူး။ နည်းပြသစ် ဂျက်ဆီ မက်ရှ် လက်ထက်မှာ ဘီရဲယ်ဆာရဲ့ ကစားဟန် သိပ်ပြီး မပျောက်သေးပေမယ့် ခံစစ် ကစားပုံတော့ အနည်းငယ် တိုးတက်လာတယ်လို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့ဝှစ်ချ်စီးတီးကို အသည်းအသန် ကစားပြီးမှ လူငယ် ကစားသမား ဂဲလ်ဟတ်ဒ်ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုးကြောင့် အဖိုးတန် ၃ မှတ် ရခဲ့တဲ့ လိဒ်စ်တို့ စိတ်ဓာတ်ပိုင်းတော့ ပြန်တက်နေပါလိမ့်မယ်။ ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးမှ နိုင်ပွဲ ပြန်ရခဲ့တာကြောင့်လည်း ဒီပွဲမှာ ရလဒ် ထပ်ကောင်းရေး ဂျက်ဆီ မက်ရှ် အနေနဲ့ ဗျူဟာပိုင်း အသေအချာ ပြင်ဆင်လာပါလိမ့်မယ်။ ဝုဗ်ဟာ ခံစစ် ကောင်းတဲ့ အသင်းဖြစ်လို့ ပုံမှန် ခြေစွမ်း ပြန်မရသေးတဲ့ ဘမ်းဖို့ဒ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ သွင်းဂိုးတွေ ဘယ်လို ရှာဖွေမလဲ ဆိုတာ သံသယ ဖြစ်စရာတော့ ရှိပါတယ်။ ဒီပွဲ မှာလည်း ရာဖင်ညာ၊ ဂျက်ဟာရစ်ဆင် တို့ရဲ့ တောင်ပံတွေကို အားကိုးရဦးမှာ ဖြစ်ပြီး ရိုဒရီဂို၊ ကလစ်ချ်၊ ဖော်ရှော၊ ဒါးလက်စ်၊ စတျောက်ခ်၊ ယော်ယန်းတေး၊ အေးလင်း၊ မက်စ်လေယာ တို့ကတော့ ပွဲထွက်လူစာရင်းမှာ ကျိန်းသေပေါက် ပါဝင်လာဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လိဒ်စ်တို့ ပရီးမီးယားလိဂ် ကို ပြန်လည် ရောက်ရှိလာပြီး နောက်ပိုင်း ဝုဗ်နဲ့ ၃ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ၂ ပွဲ ရှုံးပြီး ၁ပွဲ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဝုဗ်တို့ နှစ်ကျော့စလုံး မှာ အနိုင်ရထားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဝုဗ် အတွက် ၂.၂၁ ဆ၊ သရေ အတွက် ၃.၃၅ ဆ၊ လိဒ်စ် အတွက် ၃.၁၅ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံး ရလဒ်တွေ ဆိုးပြီးမှာ နိုင်ပွဲ ပြန်ရထားလို့ နိုင်ပွဲ ဆက်ဖို့ သေချာပေါက် အားစိုက်လာမှာ ဖြစ်ပါတယ်။ အပြန်အလှန် ကစားရမယ့် ပွဲဖြစ်ပြီး ဝုဗ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင့် လိဒ်စ် တိုက်စစ် ဂိုးရဖို့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။ ဝုဗ် ကလည်း အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ မဖြစ်မနေ အနိုင် ၃ မှတ် ရအောင် ယူမှာ ဖြစ်ပေမယ့် ပေါ့ဆလို့တော့ မရပါဘူး။ ဒါကြောင့် ဂိုးပေါင်း ထိုးကွက် တစ်ကွက်ထဲကို အာရုံစိုက်ထားချင်ပါတယ်။ အချက်အလက်တွေ အရရော၊ ပေါက်ကြေး အရရော ဂိုးအောက်ကို ရွေးချယ်တာက အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်