နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဟမ်းရဲ့ အားနည်းတဲ့ ခံစစ်ကို ဘုန်းမောက်ရဲ့ ထက်မြတ်တဲ့ တိုက်စစ်က အသာရသွားမလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘုန်းမောက် – ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘုန်းမောက်က ဝက်စ်ဟမ်းကို ဗိုက်တယ်လတီကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲဆက် ရှုံးထားတဲ့ ဘုန်းမောက်နဲ့ နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲ ပြန်ရထားတဲ့ ဝက်စ်ဟမ်း တို့ရဲ့ တွေ့ဆုံမှုမှာ ဘယ်အသင်း အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အန်ဒိုနီ အိုင်ရာအိုလာရဲ့ ဘုန်းမောက်က ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးထားပါတယ်။ မန်စီးတီးနဲ့ ဗီလာ တို့ကို ဂိုးပြတ် ရလဒ်တွေနဲ့ ရှုံးထားတာ ဖြစ်ပြီးတော့ ပြန်လည် ရုန်းထဖို့ လိုအပ်နေပါပြီ။ ဘုန်းမောက်ဟာ ဗီလာနဲ့ ပွဲမှာ အားနည်းချက်များစွာ ရှိခဲ့ပေမယ့် ဂိုးပြတ်၊ ခြေပြတ်ကို ရှုံးခဲ့တာ တွေ့ရပါတယ်။ ပွဲစဉ် ၁၁ အပြီးမှာ ချယ်ရီတွေက ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားပြီးတော့ အိမ်ကွင်း မှာတော့ ရှုံးပွဲ လုံးဝ မရှိသေးသလို နိုင်ပွဲ ၄ ပွဲ အထိ ရရှိထားပါတယ်။ ဒါ့အပြင် ဘုန်းမောက်က မန်စီးတီးနဲ့ အာဆင်နယ် ပြီးရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း စွမ်းဆောင်ရည် အကောင်းဆုံး အသင်း အဖြစ် ရှိနေပါတယ်။

တစ်ဖက် မှာ‌တော့ ဝက်စ်ဟမ်းက နည်းပြ နူနို အက်စ်ပီရီတို ဆန်တို လက်အောက်မှာ ပြန်လည် တည်ငြိမ်စပြုလာပြီး ရလဒ်တွေလည်း ပြန်ကောင်းလာတာ တွေ့ရပါတယ်။ ဟမ်းမားတွေဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲမှာ နယူးကာဆယ်နဲ့ ဘန်လေကို ၃-၁၊ ၃-၂ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပြီး လိုအပ်နေတဲ့ ရမှတ်တွေ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းက တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်နိုင်ခြင်း မရှိသေးတာကြောင့် ဒီပွဲကိုလည်း သေချာပေါက် ရုန်းကန်လာဖို့ ရှိနေပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

အန်ဒိုနီ အိုင်ရာအိုလာရဲ့ ဘုန်းမောက်က ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးထားပါတယ်။
ဘုန်းမောက်နဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်ဆိုးလေ့ မရှိတဲ့ ဝက်စ်ဟမ်း

အခုပွဲကိုတော့ ဘုန်းမောက် ဘက်က ဒိုအက်ခ်၊ အူနဲလ်၊ အက်ကင်ဘိုနီတို့ လွဲချော်ဖို့ ရှိနေပြီး ဂျက်စတင် ကလွိုင်ဗက်၊ တိုင်လာ အဒမ်စ် တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ဝက်စ်ဟမ်း ဘက်မှာတော့ ပက်ကေးတား ပွဲပယ်ထိထားပြီး ဖေဘီယန်စကီး၊ အမ်ဗရိုပါးနို့စ်၊ အိုလီဗာ စကားလက်စ်၊ ဖူးလ်ခရက်ချ်တို့ လွဲချော်ပါလိမ့်မယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘုန်းမောက် – ပီထရိုဗစ်၊ ကွတ်ခ်၊ ဒီယာခိတ်၊ ဆီနီဆီ၊ ထရူးဖက်၊ စကော့တ်၊ အဒမ်စ်၊ ဆီမီညို၊ ဘရွတ်ခ်၊ တာဗာနီယာ၊ ခရော့ပီ

ဝက်စ်ဟမ်း – အာရီယိုလာ၊ ဝမ် ဘစ်ဆာခါ၊ တော်ဒီဘို၊ ကေးလ်မန်း၊ ဒီယော့ဖ်၊ ဆိုချက်ခ်၊ ပေါ့တ်၊ ဖာနန်ဒက်စ်၊ ဘိုဝင်၊ ဝီလ်ဆင်၊ ဆမ်းမားဗီးလ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု အကြိမ် ၂၀ မှာ ဝက်စ်ဟမ်းက ၈ ကြိမ်နိုင်၊ ဘုန်းမောက်က ၅ ကြိမ် နိုင်ပြီး ၇ ကြိမ် သရေကျကာ ထိပ်တိုက်တွေ့ဆုံမှု အရ သိပ်ပြီး မကွာဟတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ၁၆ ကြိမ် တွေ့ဆုံထားပြီး ဘုန်းမောက်က ၄ ကြိမ်နိုင်၊ ၇ ကြိမ် သရေကျပြီး ဝက်စ်ဟမ်းက ၅ ကြိမ် နိုင်ထားပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲစီ အနိုင်ရထားကြပြီး ကျန် ၃ ပွဲ ကတော့ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၁.၆၃ ဆ၊ ဝက်စ်ဟမ်း နိုင်ရင် ၄.၆၀ ဆနဲ့ သရေ ဆိုရင်တော့ ၃.၇၁ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘုန်းမောက် ဘက်က သရေရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး ပြန်ခွာကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂.၅၀ က စဖွင့်ပေးထားပါတယ်။ လက်ရှိမှာ ဝက်စ်ဟမ်းက ဒီရာသီရဲ့ အကောင်းဆုံး အချိန်ကို ရောက်ရှိနေပြီး ဘုန်းမောက် ကလည်း ဖိအားတွေ အောက်က ရုန်းထဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။ ချယ်ရီတွေက မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ဂိုးသွင်း အားကောင်းတဲ့ အသင်း ဖြစ်ကာ ဧည့်သည် အသင်းရဲ့ နောက်တန်း အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး စိတ်လှုပ်ရှားဖွယ် ယှဉ်ပြိုင်မှုကို အသာစီးရယူသွားဖို့ များတဲ့ ပွဲဖြစ်ပါတယ်။ အိမ်ရှင်နဲ့ ဂိုးပေါ် ကိုသာ ရွေးချယ်ထားသင့်ပါတယ်။

ခန့်မှန်းရလဒ်

ဘုန်းမောက် ၃-၂ ဝက်စ်ဟမ်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်