အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ သေချာသလောက် ရှိနေသူ ဖြစ်ပါတယ်။ သူ့ကိုတော့ ဥရောပ ထိပ်တန်း ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး အဲဒီ အထဲမှာ ဟိုဆေး မော်ရင်ညိုရဲ့ တူရကီ ထိပ်သီး ကလပ် ဖီနာဘာချီလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်မှာ နေရာမရ ဖြစ်နေတဲ့ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဖီနာဘာချီရဲ့ အစီအစဉ်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဖီနာဘာချီ နည်းပြ ဟိုဆေး မော်ရင်ညိုဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ မကြာခင်မှာပဲ ပြန်လည် ရုတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညိုက ဖီနာဘာချီရဲ့ ဘုတ်အဖွဲ့ကို ဆန်ချိုအား ခေါ်ယူဖို့ ကြိုးပမ်းမှုကို ရပ်တန့်ဖို့နဲ့ တောင်ပံ တိုက်စစ် အတွက် တခြားသော ပစ်မှတ်တွေ ကိုသာ ရှာဖွေဖို့ တိုက်တွန်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အဓိက အကြောင်းရင်း ကတော့ မော်ရင်ဟာ ဆန်ချိုရဲ့ စိတ်အား ထက်သန်မှုနဲ့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အပြုအမူတွေ အပေါ် အခြေခံပြီး ဒီဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ မော်ရင်ဟိုက ယူနိုက်တက် နည်းပြ အမော်ရင်နဲ့ တိုက်ရိုက် ဆွေးနွေးခဲ့ပြီး ဆန်ချို ဘာကြောင့် ယူနိုက်တက်ရဲ့ ရေရှည် စီမံကိန်းတွေထဲမှာ မပါဝင်တော့သလဲ ဆိုတာကို အတွင်းကျကျ မေးမြန်းခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် အမော်ရင်နဲ့ မော်ရင်ညိုတို့ နှစ်ဦးဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတွေ ဖြစ်ပါတယ်။ မော်ရင်ညိုဟာ တင်းကျပ်တဲ့ နည်းပြ စံနှုန်းတွေထားရှိသူ ဖြစ်ပြီးတော့ အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားလိုစိတ်မရှိပဲ လစာငွေ အများအပြား ရရှိဖို့ ကိုသာ စိတ်ဝင်စားတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဆန္ဒမရှိကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့် လက်ရှိမှာ တူရကီ ကလပ်ကို သွားရောက် ကစားဖို့ မဖြစ်နိုင်တော့တဲ့ ဂျေဒန် ဆန်ချိုရဲ့ ဦးတည်ချက်ဟာ အီတလီ စီးရီးအေဆီ ပြောင်းလဲသွားခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ ပြန်လည် စတင်ဖို့ ပိုမို နီးစပ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ်ရဲ့ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်ဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီချက် ရရှိဖို့ ဆွေးနွေးရာမှာလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြောင်းအရွှေ့ကြေး အတွက် နှစ်သင်း အကြား သဘောတူညီမှု ရရှိခဲ့ချိန် မှာတော့ ဆွေးနွေးမှုတွေ ပိုပြီး မြန်ဆန်သွားခဲ့တယ်လို့လည်း သိရပါတယ်။
အီတလီက လာတဲ့ သတင်းတွေ အရ ဆိုရင် ဂျူဗင်တပ်စ်ရဲ့ အားကစား ဒါရိုက်တာ ကိုမိုလီ ဟာ ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးခဲ့ရာမှာ အပေါင်း လက္ခဏာဆောင်တဲ့ တုံပြန်မှုတွေ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အကယ်၍ ဆန်ချို အနေနဲ့ လုပ်ခလစာပိုင်း ညှိနှိုင်းမှုကို သဘောတူညီခဲ့မယ် ဆိုရင် ဒီအပြောင်းအရွှေ့က မကြာခင် ရက်ပိုင်း အတွင်းမှာပဲ အပြီးသတ်နိုင်ဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။
ဆန်ချိုဟာ ဒေါ့မန် ကနေ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဒေါ့မန်နဲ့ ချဲလ်ဆီး တို့ကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ဆန်ချိုကို ပြီးခဲ့တဲ့ ရာသီက အငှားနဲ့ ခေါ်ယူပြီးနောက် ဒီနွေရာသီမှာလည်း အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ကစားသမားနဲ့ ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် ဒဏ်ကြေး ပေါင် ၅ သန်း ပေးဆောင်ပြီး မန်ချက်စတာယူနိုက်တက်ဆီ ပြန်လည် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.