နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခရစ္စတယ်ပဲလေ့စ်တို့ ဘာကြောင့် ယူရိုပါလိဂ် ကနေ ယူရိုပါကွန့်ဖရင့်လိဂ်ကို ဆင်းကန်ခဲ့ရတာလဲ

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ကတော့ ခရစ္စတယ်ပဲလေ့စ်ကို လာမယ့် ၂၀၂၅-၂၀၂၆ ရာသီမှာ ယူရိုပါလိဂ် ပြိုင်ပွဲ အစား ယူရိုပါကွန့်ဖရင့်လိဂ်ကို ဆင်းကစားရမှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလမှာ မန်စီးတီးကို အနိုင်ယူပြီးအက်ဖ်အေဖလားကို ဆွတ်ခူးခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပဲလေ့စ်ရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် အဓိက ဆုဖလား ရရှိခဲ့တာ ဖြစ်သလို ဥရောပ ပြိုင်ပွဲလည်း ဝင်ခွင့်ရခဲ့တာပါ။ ဒါပေမယ့်လည်း ယူအီးအက်ဖ်အေရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်း (Multi-club ownership rules) ကြောင့် ပဲလေ့စ်ရဲ့ အိပ်မက်ဟာ ပျက်ပြယ်သွားခဲ့ရပါတယ်။

 

ယူအီးအက်ဖ်အေရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းဆိုတာ ဘာလဲ။ 

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ တစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက (ဥပမာ – ကုမ္ပဏီ တစ်ခုတည်းက) ပိုင်ဆိုင်တဲ့ အသင်း နှစ်သင်းဟာ တူညီတဲ့ ဥရောပ ပြိုင်ပွဲ တစ်ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပါဘူး။ ဒီစည်းမျဉ်းဟာ ပြိုင်ဆိုင်မှု မမျှတမှုတွေနဲ့ အကျိုးစီးပွား ပိုင်ဆိုင်မှု ဆိုင်ရာ ပြဿနာတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်ရဲ့ အဓိက ရှယ်ယာရှင် ဖြစ်တဲ့ အမေရိကန် စီးပွားရေး လုပ်ငန်ရှင် ဂျွန် တက်စတာရဲ့ Eagle Football Holdings ကုမ္ပဏီဟာ ခရစ္စတယ်ပဲလေ့စ်မှာ ရှယ်ယာ ၄၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ပြင်သစ် ကလပ် လိုင်ယွန် မှာတော့ ရှယ်ယာ ၇၇ ကနေ ၈၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး လိုင်ယွန် ကလည်း ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းမှာ အဆင့် ၆ နေရာ ရရှိပြီး ယူရိုပါလိဂ် ဝင်ခွင့် ရရှိခဲ့ပါတယ်။

 

ခရစ္စတယ်ပဲလေ့စ်တို့ ဘာကြောင့် ယူရိုပါကွန့်ဖရင့်လိဂ် ဆင်းကန်ရတာလဲ။

ဒီတော့ ယူအီးအက်ဖ်အေရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်း အရ တက်စတာရဲ့ Eagle Football Holdings ပိုင်ဆိုင်မှုဟာ ပြဿနာ ဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို တက်စတာဟာ သူ့ရဲ့ ခရစ္စတယ်ပဲလေ့စ်က ရှယ်ယာတွေကို ရောင်းချဖို့ ကြိုးစားခဲ့ပြီး လိုင်ယွန်ရဲ့ ဥက္ကဌ ရာထူး ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ရှယ်ယာတွေကို Blind Trust ထဲ ထည့်ဖို ကမ်းလှမ်းခဲ့ပေမယ့် ယူအီးအက်ဖ်အေက မတ်လ ၁ ရက်နေ့ အမှီ ပိုင်ဆိုင်မှု ပြောင်းလဲမှုတွေကို ပြီးစီးရမယ် ဆိုတဲ့ စည်းမျဉ်းတွေကို မလိုက်နာနိုင်ခဲ့ပါဘူး။ ဒါ့အပြင် လိုင်ယွန်ဟာ ပြီးခဲ့တဲ့ ရာသီက ငွေကြေး ပြဿနာတွေကြောင့် ပြင်သစ် လီဂူးဝမ်း ကနေ တန်းဆင်းရဖို့ ရှိခဲ့ပြီး ဒီဆုံးဖြတ်ချက် ကိုလည်း အယူခံဝင်ခဲ့ရပါသေးတယ်။ 

ဒါပေမယ့်လည်း လိုင်ယွန်က အယူခံ အောင်မြင်ခဲ့တာကြောင့် လီဂူးဝမ်းမှာ ဆက်နေခွင့် ရခဲ့သလို ယူရိုပါလိဂ် ကစားခွင့် ကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ယူရိုပါကွန့်ဖရင့်လိဂ်သာ ကစားရတော့မယ့် ခရစ္စတယ်ပဲလေ့စ်

ဒါပေမယ့်လည်း လိုင်ယွန်က အယူခံ အောင်မြင်ခဲ့တာကြောင့် လီဂူးဝမ်းမှာ ဆက်နေခွင့် ရခဲ့သလို ယူရိုပါလိဂ် ကစားခွင့် ကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါဟာ လိုင်ယွန် အတွက် သတင်းကောင်း ဖြစ်ခဲ့ပေမယ့် တစ်ဖက်မှာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အမြင့်ဆုံး အောင်မြင်မှု ရရှိထားတဲ့ ပဲလေ့စ် အတွက်တော့ နစ်နာစရာ ဖြစ်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပြည်တွင်းလိဂ်မှာ ပိုမို မြင့်မားတဲ့ အဆင့် ရရှိတဲ့ အသင်းကို ဦးစားပေးတာကြောင့် ခရစ္စတယ်ပဲလေ့စ်ဟာ ယူရိုပါလိဂ် ကနေ ဖယ်ထုတ်ခံခဲ့ရပြီး ယူရိုပါကွန်ဖရင့်စ်လိဂ်ကို ဆင်းခဲ့ရတာ ဖြစ်ပါတယ်။ 

 

ယူအီးအက်ဖ်အေရဲ့ သက်ညှာမှုနဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်ရခဲ့တဲ့ ပဲလေ့စ်

ပဲလေ့စ်ရဲ့ မထင်မှတ်ထားတဲ့ ကံဆိုးမှုတွေက ဒီမှာတင် ပြီးမသွားခဲ့ပါဘူး။ ပရီးမီးယားလိဂ် ကလပ်ဟာ နောက်ထပ် ပြဿနာ တစ်ခုကြောင့် ယူရိုပါကွန်ဖရင့်စ်လိဂ် ကစားရဖို့တောင် မသေချာ ဖြစ်ခဲ့ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ အသင်းရဲ့ နောက်ထပ် ရှယ်ယာရှင် တစ်ဦး ဖြစ်တဲ့ ဒေးဗစ် ဘလစ်ဇာဟာ ဒိန်းမတ် ကလပ် ဘရွန်ဘီ ကိုလည်း ပိုင်ဆိုင်ထားပြီး ဒီအသင်း ကလည်း ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရရှိထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်း အရ ခရစ္စတယ်ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ် ကနေ ထပ်မံ ဖယ်ထုတ်ခံရဖို့ ရှိခဲ့ပေမယ့် နောက်ဆုံး မှာတော့ ယူအီးအက်ဖ်အေရဲ့ သက်ညာမှုနဲ့ ပဲလေ့စ်တို့ ယူရိုပါကွန်ဖရင့်လိဂ် မှာတော့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ခရစ္စတယ်ပဲလေ့စ်တို့ ဘာတွေ နစ်နာသွားသလဲ။

ရိုးရိုးရှင်းရှင်း တွေးကြည့်လို့ ရပါတယ်။ တစ်ဆင့်ကွာတဲ့ အောက်ပြိုင်ပွဲကို ဆင်းကန်ရတဲ့ အတွက် ဆုကြေးငွေ၊ ဝင်ငွေ၊ ရုပ်သံလွှင်ခွင့် စတဲ့ အခြေအနေ အရပ်ရပ်မှာ ပဲလေ့စ်တို့ နစ်နာသွားခဲ့ပါပြီ။ နောက်ပြီး အောင်မြင်မှု ဖြစ်ပါတယ်။ တချို့ကလည်း ပဲလေ့စ်ရဲ့ အသင်း အဆင့်အတန်းအရ ယူရိုပါလိဂ်ထက် ယူရိုပါကွန့်ဖရင့်လိဂ်က ပိုမို ကိုက်ညီမှု ရှိတယ်လို့ သုံးသပ်နေကြပေမယ့် အောင်မြင်မှုချင်း ကတော့ ကွာခြားပါတယ်။ ဒီတော့ ပဲလေ့စ်တို့ အဘက်ဘက်မှာ နစ်နာခဲ့ခြင်းရဲ့ အဓိက တရားခံတွေ ကတော့ အသင်း ရှယ်ယာရှင်တွေရဲ့ စီးပွားရေး အရ ပိုင်ဆိုင်မှုတွေနဲ့ စီမံ ခန့်ခွဲမှု ညံ့ဖျင်းခြင်းတွေကြောင့်လို့ပဲ ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်