နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ကို ဂိုးသွင်းခဲ့တဲ့ မောင်မောင်လွင် ဆိုတာ ဘယ်သူလဲ။

ဒီနေ့တော့ အာဆီယံ All Star အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ လက်ရှိ အခြေအနေတွေကို နည်းနည်းလေး ပြောကြရအောင်ပါ။ မနေ့က ပွဲကတော့ Maybank Challenge Cup လို့ အမည်ရပြီး မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အာဆီယံဘောလုံးအဖွဲချုပ် (AFF) အနေနဲ့ ဒီခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ အတွက် အဖွဲ့ဝင် ၁၂ နိုင်ငံက အကောင်းဆုံး ကစားသမားတွေ စုဖွဲ့ပြီး နည်းပြချုပ် အဖြစ် ဗီယက်နမ် လက်ရွေးစင် အသင်း နည်းပြချုပ် တောင်ကိုရီးယား နိုင်ငံသား ကင်ဆမ်ဆစ်ကို ကိုင်တွယ်စေခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်ရဲ့ အသင်း ကလည်း အိုနာနာ၊ မက်ဂွိုင်းယား၊ ဟွိုက်ဂျ်လန်း၊ ကက်စ်မဲရိုး၊ ဒါလော့တ်၊ ကိုဘီ မိုင်နူး၊ ဘရူနို ဖာနန်ဒက်စ်၊ အီဗန့်စ်၊ ဂါနာချို၊ ဒေါဂူ၊ အာမက်ဒ်၊ ကိုလီယာ၊ အိုဘီ စတဲ့ ကစားသမားတွေကို ခေါ်လာခဲ့သလို ပွဲချိန်မျှပြီး အသုံးပြုခဲ့ပါတယ်။

ပွဲစဉ် အကျဉ်းကို ပြန်ပြောရရင် ပရီးမီးယားလိဂ် ကလပ်က ပွဲအစပိုင်းမှာ ကတည်းက ဖိကစားနိုင်ခဲ့ပြီး အာဆီယံ All-Stars ကတော့ ခံစစ် အားပြုပြီး တန်ပြန် တိုက်စစ်နဲ့ပဲ ယူနိုက်တက်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အာဆီယံ All Stars အသင်းရဲ့ နောက်တန်းကို မကျော်နိုင်ခဲ့သလို ထိရောက်တဲ့ ဂိုးသွင်းခွင့်လည်း မရတာကြောင့် ပထမပိုင်းမှာလည်း ဂိုးရနိုင်တဲ့ အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ယူနိုက်တက်က ပိုပြီး ဖိကစားနိုင်ခဲ့ပေမယ့်လည်း အာဆီယံ All-Stars အသင်း ကတော့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ပိုရခဲ့ပြီး အပိုင် အခွင့်အရေး ၂ ကြိမ် ကနေ သွင်းဂိုး ၁ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ အာဆီယံ All-Stars အသင်း အတွက် အနိုင်ဂိုး ကိုတော့ ဒုတိယပိုင်း ၇၁ မိနစ်မှာ မြန်မာ့ လက်ရွေးစင် မောင်မောင်လွင်က လှလှပပ အဆုံးသတ် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ အခွင့်အရေး ကိုတော့ နောက်ခံလူ အီဗန့်စ် ဖျက်ထုတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ကံကောင်းခဲ့ရပြီး ၁-၀ ရလဒ်နဲ့သာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင် အကြောင်း ပြောပြီးတဲ့ နောက်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ရဲ့ အခြေအနေ အကြောင်း ဆက်ပြောကြပါစို့။
တစ်သင်းလုံးနီးပါး ပြင်ဆင်မှုတွေ ပြလုပ်ဖို့ လိုအပ်နေတဲ့ ယူနိုက်တက်

ဒီတော့ မောင်မောင်လွင် အကြောင်း သိထားသလော် ပြောရမယ် ဆိုရင် ကျောနံပါတ် ၁၁ ကစားသမားက လက်ရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ မောင်မောင်လွင်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မြန်မာနေရှင်နယ်လိဂ် ကလပ် ဟံသာဝတီယူနိုက်တက်မှာ စတင်ခဲ့ပြီး အဲဒီနောက် မှာတော့ ရန်ကုန်ယူနိုက်တက်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မှာတော့ လမ်ဖွန် ဝါရီယာကို ပြောင်းရွှေ့ခဲ့ပြီး ထိုင်း ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ လမ်ဖွန်ဝါရီယာကို ထိုင်း လိဂ်ဝမ်းဆီ တန်းတက်အောင် ကူညီပေးခဲ့သူ ဖြစ်သလို လက်ရှိမှာလည်း ဒီအသင်းရဲ့ အဓိက ပွဲထွက်ခွင့်ရနေသူ ဖြစ်ပါတယ်။ မှတ်မှတ်ရရ မောင်မောင်လွင်ဟာ မြန်မာ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့်ရခဲ့တဲ့ မြန်မာအသင်းရဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ၂၀၁၆ ခုနှစ် မှာတော့ မြန်မာ့လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ မြန်မာ့လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ မောင်မောင်လွင်က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ASEAN Cup မှာ အင်ဒိုနီးရှားနဲ့ ပွဲအပြီး ပရိသတ်ကို ပြန်လည် ဆဲဆိုမှုကြောင့် အသင်းခေါင်းဆောင် ရာထူး ကနေ ရုတ်သိမ်းခံရပါသေးတယ်။ ဒါပေမယ့်လည်း သူက နောက်ပိုင်း ပွဲတွေမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး မြန်မာအသင်း အတွက် အရေးပါတဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ အပြင် အခုပွဲမှာလည်း ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ ယူနိုက်တက် ဘက်ကို အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မောင်မောင်လွင်က မန်ချက်စတာယူနိုက်တက်ကို ဂိုးသွင်းဖူးတဲ့ ပထမဦးဆုံး မြန်မာ ကစားသမား အဖြစ် သမိုင်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

တကယ်တော့ ဒီနေ့ပွဲမှာ နည်းပြ ကင်ဆမ်ဆစ် အနေနဲ့ မောင်မောင်လွင်ကို ပွဲထုတ်ပါ့မလား ဆိုပြီး မြန်မာ ပရိသတ်တွေ သံသယ ရှိခဲ့ကြသလို ပွဲထွက်ခွင့် ရရင်လည်း ဂိုးသွင်းနိုင်ပါစေ ဆိုပြီး မျှော်လင့်ခဲ့ကြသူတွေလည်း အများကြီးပါပဲ။ တကယ်တမ်း လူစားဝင်လာပြီး ၁၇ မိနစ် အကြာမှာတော့ မောင်မောင်လွင် တစ်ယောက် မြန်မာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့် မြန်မာနိုင်ငံက မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက် ပျော်ရအခက်၊ ဝမ်းနည်းရ အခက် ဖြစ်ခဲ့ကြပါတယ်။ မောင်မောင်လွင် အတွက်လည်း သူ အားပေးတဲ့ အသင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ဘယ်တော့မှ မေ့မရနိုင်တော့မယ့် ဖြစ်ရပ်လို့ပဲ ဆိုရပါမယ်။ အခုဆိုရင် မောင်မောင်လွင်ရဲ့ နာမည်က မန်ချက်စတာယူနိုက်တက်ရဲ့ Website ပေါ်မှာပါ ရောက်နေပြီ ဖြစ်ပါတယ်။

မောင်မောင်လွင် အကြောင်း ပြောပြီးတဲ့ နောက်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ရဲ့ အခြေအနေ အကြောင်း ဆက်ပြောကြပါစို့။ မနေ့က ပွဲမှာ ယူနိုက်တက်ရဲ့ အခြေအနေကို မြင်ရတာ တော်တော်လေး ဆိုးပါတယ်။ အဓိက ကတော့ ကစားသမားတွေဟာ မလေးရှားနိုင်ငံရဲ့ အပူချိန်ကို ခံနိုင်ပုံ မပေါ်ပဲ ရုပ်ပိုင်းဆိုင်ရာမှာ တော်တော်လေး စုတ်ပြတ်သတ်နေတာ တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာတင်လား ဆိုတော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဆိုရင် ပြောစရာကို မလိုပါဘူး။ စီးပွားရေးအရ ဖျော်ဖြေတဲ့ အနေနဲ့ ကစားတဲ့ ပွဲ၊ တစ်ဖက်က အာဆီယံရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုပေမယ့် Level များစွာ ကွာတဲ့ အသင်းတစ်သင်းကို အနည်းဆုံးတော့ သရေလောက် ကစားနိုင်ခဲ့သင့်ပါတယ်။ အမော်ရင် အနေနဲ့လည်း သူ့ရဲ့ နည်းစနစ်ပိုင်း အပေါ် အနည်းငယ် ပြန်စဉ်းစားသင့်နေပါပြီ။ ယူနိုက်တက်ဟာ System ပျက်နေတဲ့ အသင်း တစ်သင်းပါ။ ဒီလို အသင်းမျိုးကို ကိုင်တွယ်ရချိန်မှာ ရလဒ်မကောင်းလို့ ထုတ်ချင်ထုတ်လိုက် ငါ့ရဲ့ နည်းစနစ် ကိုတော့ မပြောင်းနိုင်ဘူးလို့ လုပ်လို့ မရပါဘူး။ အခုတော့ အမော်ရင်ရဲ့ နည်းစနစ်ပိုင်းကို သံသယရှိလာသူတွေ များလာပါပြီ။ ယူနိုက်တက် အကြောင်း သုံးသပ်ရတာလည်း နေရာစုံမှာ ပြစ်ချက်၊ ဟာကွက်တွေ ရှိနေတော့ ပြောလို့လည်း ကုန်မှာ မဟုတ်ပါဘူး။ ယူနိုက်တက် ပွဲလာပြီ ဆိုရင် “ပြန်မလာတော့ဘူးကွယ်။” ဆိုတဲ့ သီချင်း ကိုပဲ သွား သတိရမိနေပါတယ်။ တကယ်တမ်း စိတ်ရင်းနဲ့ ဆိုရင်တော့ တစ်ချိန်က ဟုန်းဟုန်းတောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို ကမ္ဘာ့ထိပ်တန်း အဆင့် တစ်ခုမှာ ပြန်လည် မြင်တွေ့ချင်တာ အမှန်ပါ။ ဒီတော့ အရှေ့တောင်အာရှအထိ လာပြီး အာရှကျားကြီး မောင်မောင်လွင်ရဲ့ သွင်းဂိုးနဲ့ အတူ အာဆီယံ All-Star ကို ရှုံးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ပွဲတွေက စပြီး အမြန်ဆုံး ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်