နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဟမ်း – ဘန်လေ | ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ (ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်း – ဘန်လေ

အခုတစ်ပတ် တနင်္ဂနွေနေ့ရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ ဝက်စ်ဟမ်းတို့ ဘန်လေကို လန်ဒန်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ယူရိုပါလိဂ်မှာ ခြေစွမ်းပြနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ ဝက်စ်ဟမ်းတို့ တန်းဆင်းဇုန် ဖိအား အောက်မှာ ရုန်းကန်နေရတဲ့ ဘန်လေ ဆီက ၃ မှတ် အပြည့် ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒေးဗစ် မွိုက်စ်ရဲ့ အသင်း ကတော့ ဝေးကွာနေတဲ့ ဥရောပ အောင်မြင်မှုတွေ ပြန်လည် သိမ်းပိုက်နိုင်ဖို့ အားစိုက်နေလို့ ပရီးမီးယားလိဂ် မှာတော့ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားပြီး ပြီးခဲ့တဲ့ ပွဲမှာ ဆိုရင်လည်း ဘရန့်ဖို့ဒ်ကို ခြေစွမ်းပိုင်း ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ၂-၀ ရလဒ်နဲ့ အရှုံးပေးထားခဲ့ရပါတယ်။ ဝက်စ်ဟမ်းရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၉ ပွဲနိုင်၊ ၃ ပွဲသရေကျပြီး ၄ ပွဲသာ ရှုံးထားလို့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ လက်တလော ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း အနေနဲ့ အဆင့် ၄ နေရာက အသင်းနဲ့ ၆ မှတ် ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ဝေဝါးနေခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့် ရဖို့ ကြိုးစားတာက ပိုပြီး ဖြစ်နိုင်ချေ ရှိတဲ့ အခြေအနေ အနေလည်း ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဝက်စ်ဟမ်းတို့ လက်ကျန် ပွဲစဉ်တွေမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာစီးတီး တို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် အခုလို ပွဲမျိုး ကနေ ဝက်စ်ဟမ်းတို့ အမှတ်ပြည့်ယူဖို့ ကြိုးစားလာမှာ ဖြစ်ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။ အခုလာမယ့် ပွဲကိုတော့ ကတ် ဇူးမားနဲ့ အော့ဂ်ဘွန်နာတို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး လိုင်ယွန်နဲ့ ပွဲက အခင်းအကျင်းနဲ့ လူစာရင်း အတိုင်းပဲ မြင်တွေ့ရဖို့ များပါတယ်။

ဘန်လေဟာ လက်ရှိ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေပြီး ၈ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ တန်းဆင်းဇုန် အထက်က အဆင့် ၁၇ နေရာက အသင်းနဲ့ ၄ မှတ် ကွာဟနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

ဖြစ်နိုင်ဖွယ်လူစာရင်း – ဖေဘီယန်စကီး၊ ဒီယော့ပ်၊ ဒေါ်ဆန်၊ ခရက်စ်ဝဲလ်၊ ဂျွန်ဆင်၊ ရိုက်စ်၊ ဆိုရှက်ခ်၊ လန်ဇီနီ၊ ဘန်ရားမား၊ ဘိုဝင်၊ အန်တိုနီယို

ဘန်လေ ကတော့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့လို့ အသင်းကို ၉ နှစ်နဲ့ ၁၆၆ ရက်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ရှောင်ဒိုက်ချ်နဲ့ လမ်းခွဲထားခဲ့ရပြီ ဖြစ်ပါတယ်။ ဘန်လေဟာ လက်ရှိ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေပြီး ၈ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ တန်းဆင်းဇုန် အထက်က အဆင့် ၁၇ နေရာက အသင်းနဲ့ ၄ မှတ် ကွာဟနေခဲ့ပါတယ်။ အဲဗာတန်ကို အနိုင်ရပြီး ဒီရာသီ အတွက် ၄ ပွဲမြောက် နိုင်ပွဲ ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်တုန်းက ဇယား အောက်ဆုံးက နော့ဝှစ်ချ်စီးတီးကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ ရှောင်ဒိုက်ချ်နဲ့ အတူ လက်ထောက် နည်းပြ အီယန်ဝိုအန်၊ ပထမအသင်း နည်းပြ စတိဗ်စတုန်းစ်၊ ဂိုးနည်းပြ ဘီလီမေကာ တို့နဲ့ပါ လမ်းခွဲထားခဲ့လို့ အခု လာမယ့်ပွဲ ကိုတော့ လူငယ်နည်းပြ မိုက်ခ် ဂျက်ဆန် ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ ကစားကွက် အခင်းအကျင်း အနေနဲ့တော့ အထွေအထူး အပြောင်းအလဲ မရှိနိုင်ပဲ ဘန်လေတို့ နည်းပြဟောင်း ရှောင်ဒိုက်ချ်ရဲ့ ဟန် အတိုင်းပဲ ပွဲထွက်လာဖွယ် ရှိပါတယ်။ ပြသနာက အဓိက ခံစစ်မှူး ဘမ်မီး ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး အခုလာမယ့် ပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ပုပ်၊ ကိုလင်းန်စ်၊ တာကောစကီး၊ တေလာ၊ လိုတန်၊ ဝက်စ်ဝုဒ်၊ ကော့ခ်၊ ကောနတ်၊ မက်နေးလ်၊ ဗီဒရာ၊ ဝက်ဂ်ဟော့စ်

လာလီဂါ
ဂရာနာဒါ
လီဗန်တေး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ ဝက်စ်ဟမ်းတို့ ၉ ကြိမ် အနိုင်ရပြီး ဘန်လေ ကတော့ ၅ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ သရေ ၁ ပွဲသာ ရှိခဲ့ပြီး ဝက်စ်ဟမ်းက ၂ ပွဲနိုင်ပြီး ဘန်လေ ကတော့ ၂ ပွဲ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဝက်စ်ဟမ်း အတွက် ၁.၇၃ ဆ၊ ဘန်လေ အတွက် ၄.၈၀ ဆ၊ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဝက်စ်ဟမ်းတို့ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပေမယ့် အိမ်ကွင်း နောက်ဆုံး ၇ ပွဲ ရှုံးပွဲ မရှိထားတာ တွေ့ရပါတယ်။ ဘန်လေ ကတော့ နောက်ဆုံး ၇ ပွဲမှာ ဂိုးမပေးရတဲ့ ပွဲမရှိခဲ့သလို အဝေးကွင်း နောက်ဆုံး ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဝက်စ်ဟမ်းတို့ ပွဲပန်းနေတယ် ဆိုပေမယ့် ဘန်လေ ကလည်း ခြေစွမ်းပိုင်းက တော်တော်လေး ယိုင်နဲ့ နေလို့ အိမ်ရှင် ဘက်မှာ ခြေစုံပစ် ရပ်တည်ထားတာက လုံးဝ မမှားနိုင်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ ဂိုးပြတ် အနိုင်ရသွားနိုင်တဲ့ ပွဲဖြစ်ပါတယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်