ဝက်ဖို့ဒ် – ဘရန့်ဖို့ဒ်
စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက ဝက်ဖို့ဒ်နဲ့ ဘရန့်ဖို့ဒ် တို့ ကစားမယ့် ပွဲစဉ် ကလည်း အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ လက်တလော ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေတဲ့ ဘရန့်ဖို့ဒ်တို့ တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ် ဆီက ၃ မှတ် အပြည့်ယူနိုင်ဦးမလား ဆိုတာ စိတ်ဝင်စားကောင်းနေခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၉ နေရာ ရောက်ရှိတဲ့ ဝက်ဖို့ဒ်တို့ တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်နေရပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ဆောက်သမ်တန် တစ်သင်းတည်းကို အနိုင်ရထားပြီး ကျန် ၄ ပွဲစလုံး ရှုံးနိမ့်ထားတဲ့ ဝက်ဖို့ဒ်တို့ ခြေစွမ်းပိုင်း အရ မဆိုးလှပေမယ့် တိုက်စစ်ပိုင်းက အဆုံးသတ် ညံနေသလို ပွဲချိန်ကြာလာတာနဲ့ အမျှ ခံစစ်က အမှားတွေ လုပ်တတ်လို့ ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ရပ်တည်မှု အရ ဝက်ဖို့ဒ်တို့ တန်းဆင်းဇုန် အထက်က အဲဗာတန်နဲ့ ၆ မှတ် ကွာဟနေလို့ တန်းမဆင်းရရေး မျှော်လင့်ချက် ဝေဝါးနေပေမယ့် လက်ကျန်ပွဲတွေ ကနေ အမှတ်ရရင် ရသလို ယူဖို့ အားစိုက်လာဦးမှာ သေချာပါတယ်။ ဝက်ဖို့ဒ်ဟာ အိမ်ကွင်း၊ အဝေးကွင်း စွမ်းဆောင်ရည် နှစ်ခုစလုံး အားရစရာ မရှိပေမယ့် အိမ်ကွင်းမှာ ပိုညံ့တယ်လို့ သတ်မှတ်လို့ ရပါတယ်။ အိမ်ကွင်း နောက်ဆုံး ၉ ပွဲဆက် ရှုံးနိမ့်ထားပြီး နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲ ပျမ်းမျှ ၃ ဂိုး ပေးထားရပါတယ်။ ချူချိုဟာနန်ဒက်စ်၊ အန်ကူလူ၊ ဒန်နီရို့စ်တို့ လွဲချော်ဖို့ ရှိနေတာ ကတော့ ရွိုင်းဟော့ဆန် အတွက် ခေါင်းကိုက်စရာ အခြေအနေ တစ်ခု ဖြစ်ပြီး ဒီအခြေအနေ ကပဲ ဝက်ဖို့ဒ်ရဲ့ အသင်းလိုက် ကစားပုံကို ကျိန်းသေပေါက် အားနည်းနေစေဦးမှာ သေချာပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဖော်စတာ၊ ဖီမီနီယာ၊ ဆာမီရာ၊ ကာဘာဆီလီ၊ ကာမာရာ၊ ဆစ်ဆိုခို၊ လူဇာ၊ ကွတ်ချ်ကာ၊ ဆား၊ ပက်ဒရို၊ ဒန်းနစ်
ဘရန့်ဖို့ဒ် ကတော့ ခရစ္စတီယန် အဲရစ်ခ်ဆင် ပါဝင်လာမှုနဲ့ အတူ ပုံစံကောင်း ပြန်ရနေခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ချဲလ်ဆီးလို အသင်းကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးပြတ် အနိုင်ယူပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ သာသာယာယာ ကစားပြီး ၂-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ အဓိက အားသာချက် ဖြစ်တဲ့ အသင်းလိုက် စုစည်းမှုနဲ့ အတူ ကွင်းလယ်က အဲရစ်ခ်ဆင်ရဲ့ ဖန်တီး ပေးပို့မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ တောင်ပံနဲ့ တိုက်စစ်က ဂိုးသွင်းဖို့ မခက်တော့ပဲ ရလဒ်တွေကောင်းတွေ တောက်လျောက် ရှာဖွေထားနိုင်တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် ကတော့ အားရစရာ မရှိပဲ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၈ ပွဲ ရှုံးထားပါတယ်။ အခုပွဲ ကိုတော့ ဒဏ်ရာ ပြသနာ ရှိနေတဲ့ ဒါဆေးလ်ဗား ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး ဂျန်ဆန် ကလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ရာယာ၊ ပင်နော့ခ်၊ အယား၊ ဂျော်ဂျန်ဆန်၊ ဂျန်ဆန်၊ ဟင်နရီ၊ ဂျနဲလ်တ်၊ နော့ဂတ်၊ အဲရစ်ခ်ဆင်၊ ဝစ်ဆာ၊ တိုနေး၊ အမ်ဘူအမ်မို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြိုင်ပွဲစုံ နောက်ဆုံး ၇ ကြိမ်မှာ တွေ့ဆုံမှု မှာတော့ ဝက်ဖို့ဒ်တို့ ၃ ကြိမ်နိုင်ပြီး ဘရန့်ဖို့ဒ် က ၂ ကြိမ် ပြန်ပြီး အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ အခုနှစ်မှ တွေ့ဆုံတာ ဖြစ်ပြီး ဘရန့်ဖို့ဒ်တို့ အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ ဝက်ဖို့ဒ် အတွက် ၂.၈၃ ဆ၊ ဘရန့်ဖို့ဒ် အတွက် ၂.၅၀ ဆ၊ သရေ အတွက် ၃.၁၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရတော့ ဘရန့်ဖို့ဒ်တို့ အပြတ်အသတ် အသာရနေတာ ငြင်းလို့ မရပါဘူး။ ဝက်ဖို့ဒ်ရဲ့ တန်းဆင်းဇုန် ရုန်းအားကို သတိထားရမှာ ဖြစ်ပေမယ့် အဲရစ်ခ်ဆင် ဦးဆောင်တဲ့ ကွင်းလယ်က ပွဲကို အဓိက ထိန်းချုပ်ကစားသွားပြီး တိုနေး၊ အမ်ဘူအမ်မို၊ ဝစ်ဆာတို့ရဲ့ တိုက်စစ်က လိုအပ်နေတဲ့ သွင်းဂိုးတွေနဲ့ အတူ နိုင်ပွဲ ထပ်မံ ရှာဖွေသွားနိုင်ဖို့ များပါတယ်။ ဂိုးပေါင်းကို စဉ်းစားတာ အန္တာရယ် များတာကြောင့် ၂ ဆခွဲရမယ့် ဘရန့်ဖို့ဒ် ဘက်မှာပဲ ခြေစုံပစ် ရပ်တည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ် (၁-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.