ဒီနေ့ အတွက် နောက်ထပ် ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေနဲ့ သတင်းတွေကို စုစည်းဖော်ပြပေးသွားပါမယ်။
အက်စတွန်ဗီလာ ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါက ပရီးမီးယားလိဂ် ပြိုင်ဘက် ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ လာမယ့် အပြောင်းအရွှေ့မှာ လာလီဂါ ထိပ်သီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဘာစီလိုနာ ဘက်ကလည်း ခေါ်ယူချင်ကြောင်း ဖွင့်ဟထားပါတယ်။ GIVEMESPORT ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အတွက် နည်းပြ ရူဘင် အမော်ရင်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး ပစ်မှတ် တီဂျန်နီ ရီအင်ဒါ ကတော့ သူ့ရဲ့ အားလပ်ရက် အစီအစဉ်တွေကို ဖျက်သိမ်းပြီး အေစီမီလန် ကနေ ထွက်ခွာနိုင်ချေ များပြားနေပါတယ်။ ဒတ်ခ်ျ လက်ရွေးစင် ကတော့ မန်စီးတီးက ဒီဘရွန်းနား၊ ကိုဗာချစ်နဲ့ မက်အတီးတို့ ထွက်ခွာချိန်မှာ အက်တီဟတ်ကို အစားထိုး ဝင်ရောက်လာနိုင်သူ အဖြစ် ရှိနေပါတယ်။ တီဂျန်နီ ရီအင်ဒါ ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားဆုကို ရရှိထားသူ ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ ဝက်စ်ဟမ်း တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ကူဒု့စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာနိုင်တယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့တဲ့ ဟမ်းမားတွေဟာ PSR စည်းမျဉ်းတွေ ကိုက်ညီမှု ရှိထားတာကြောင့် အသက် ၂၄ နှစ် အရွယ် ကစားသမားကို ရောင်းထုတ်ဖို့ အစီအစဉ် မရှိတော့ဘူးလို့လည်း ယူဆရပါတယ်။
Correio da Manhã ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ယူရို သန်း ၇၀ ကျော် (ပေါင် ၅၈.၈ သန်း)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဆွီဒင် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ ဆိုရင်တော့ အပိုဆုကြေး ယူရို ၁၂ သန်း နဲ့ တစ်နှစ် လုပ်ခ လစာ ယူရို ၇ သန်း ပေးချေရဦးမှာလည်း ဖြစ်ပါတယ်။
GIVEMESPORT ရဲ့ ဖော်ပြချက် အရ ဆိုရင် မန်ချက်စတာယူနိုက်တက်က ဘန်လေ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို အန်ဒရေ အိုနာနာ နေရာမှာ အစားထိုးဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဘန်လေ ကတော့ အင်္ဂလန် လက်ရွေးစင် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိဖို့ မျှော်လင့်ထားပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ရာသီမှာ ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေပြီး လက်စွမ်းကျဆင်းပြီး အမှားများတဲ့ အိုနာနာကို ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် ကွင်းလယ်လူ ဂျက်ကော့ပ် ရမ်ဆေးကို ရောင်းထုတ် ရဖို့ ရှိနေကြောင်း talkSPORT က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်သား ကိုတော့ အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ အက်စတွန်ဗီလာဟာ လာမယ့် ရာသီမှာ ယူရိုပါလိဂ်သာ ကစားရတော့မှာ ဖြစ်တာကြောင့် အသင်းရဲ့ ထိပ်တန်း ကစားသမား တချို့ကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.