နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်မီ မာတီနက်ဇ်ကို အငှားနဲ့ ခေါ်ယူမယ့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်း ပယ်ချသွားတဲ့ ဗီလာ | ပရီးမီးယားလိဂ်

အက်စတွန်ဗီလာ ကတော့ အီမီလီယာနို မာတီနက်ဇ် အတွက် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ရဲ့ အငှားနဲ့ ကမ်းလှမ်းမှုကို ချက်ချင်းပဲ ငြင်းဆန် ပယ်ချလိုက်ကြောင်း သိရပါတယ်။ အက်စတွန်ဗီလာရဲ့ အဓိက ဂိုးသမား ဖြစ်တဲ့ အမ်မီ မာတီနက်ဇ်ဟာ ဒီနွေရာသီမှာ ဗီလာပါ့ခ် ကနေ ထွက်ခွာချင်နေပြီးတော့ ယူနိုက်တက်ထံ ကိုယ်တိုင် ကမ်းလှမ်းခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့သူပါ။

လက်ရှိမှာတော့ ယူနိုက်တက်က မထင်မှတ်ထားတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပေမယ့် ဗီလာ ဘက်ကတော့ ချက်ချင်းပဲ ငြင်းဆန် ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဓိက ဂိုးသမား အန်ဒရေ အိုနာနာ လေကျင့်ရေး အစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဂိုးသမား တစ်ဦး ရှာဖွေနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဂိုးသမား ပြဿနာကို ဖြေရှင်းဖို့ အတွက် ယူနိုက်တက်က ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား ဂိုးသမား အမ်မီ မာတီနက်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ရှိခဲ့တဲ့ ၈ နှစ် ကြာ ကာလ အတွင်း ၆ ကြိမ် အထိ အငှားချခံခဲ့ရပါတယ်။
အန်ဒရေ အိုနာနာ နေရာ ဒဏ်ရာရသွားလို့ ဂိုးသမားသစ် တစ်ဦး ရှာဖွေနေရတဲ့ ယူနိုက်တက်

ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ဟာ ဒီလအစောပိုင်းကတည်းက အမ်မီ မာတီနက်ဇ်ကို ခေါ်ယူချင်နေခဲ့ပေမယ့် အသင်း ဘက်ကတော့ အပြီးသတ် ခေါ်ယူခြင်းမျိုး မဟုတ်ပဲ အငှားနဲ့သာ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ် ကတော့ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာရဲ့ ပရီးမီးယားလိဂ် အ်ိမ်ကွင်း နောက်ဆုံး ပွဲစဉ်မှာ ပရိသတ်တွေကို အသင်း ပြောင်းရွှေ့တော့မယ့် ပုံစံမျိုးနဲ့ နှုတ်ဆက်ထားခဲ့သူ ဖြစ်ပါတယ်။ ဒီလိုမျိုး အပြုအမူတွေကြောင့် ဘောလုံး သုံးသပ်သူ တော်တော်များများက အာဂျင်တီးနား ဂိုးသမားကြီးဟာ ဒီနွေရာသီမှာ ကျိန်းသေပေါက် အသင်းပြောင်းလိမ့်မယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ဗီလာ ကလည်း သူတို့ရဲ့ ကစားသမား အတွက် တန်ကြေး ပေါင် သန်း ၄၀ သတ်မှတ်ထားခဲ့ပေမယ့် ကံယာကံရှင် ကိုယ်တိုင် ကတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ထားခဲ့ပါတယ်။

မာတီနက်ဇ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရတာတွေ အရ အာဂျင်တီးနား ဂိုးသမားဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ချင်တာကြောင့် အမော်ရင်ထံ တိုက်ရိုက် ဆက်သွယ်မှုတွေတောင် ပြုလုပ်ခဲ့သေးကြောင်း သိရပါတယ်။ Daily Mail ကတော့ ပြီးခဲ့တဲ့ ပိတ်ရက်တွေမှာ ယူနိုက်တက်နဲ့ ဗီလာတို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက် ဘက်က မာတီနက်ဇ်ကို အငှားနဲ့ ခေါ်ယူလိုကြောင်း ကမ်းလှမ်းမှုကို ဗီလာ ဘက်က ဖြစ်နိုင်မှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပဲ တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်

အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီ ကတော့ မာတီနက်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့တော့ အစောပိုင်း ကတည်းက ပါးပါးနပ်နပ်ပဲ ဖြေကြားထားပါတယ်။ အမ်မရီက “ကျွန်တော် မသိပါဘူး။ သူက ကျွန်တော် တို့နဲ့ စာချုပ်ရှိနေပါတယ်။ ကျွန်တော်တို့ သူနဲ့ ရှိနေရတာ အရမ်းပဲ ပျော်ရွှင်ပြီး နွေရာသီမှာ ဘယ်လိုမျိုး ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။” လို့ ပြောဆိုထားပါတယ်။ လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ မှာ အာဆင်နယ် ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ရှိခဲ့တဲ့ ၈ နှစ် ကြာ ကာလ အတွင်း ၆ ကြိမ် အထိ အငှားချခံခဲ့ရပါတယ်။ မာတီနက်ဇ်က အက်စတွန်ဗီလာ မှာတော့ သူရဲ့ ထိပ်တန်း အဆင့် လက်စွမ်းတွေကို ပြသနိုင်ခဲ့ပြီး နာမည်ကြီး ဂိုးသမား တစ်ဦး ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ၂၀၂၂ ကမ္ဘာ့ဖလား မတိုင်ခင်မှာ အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ နံပါတ် ၁ ဂိုးသမား နေရာ ကိုလည်း အမိအရ ဆုပ်ကိုင်နိုင်ခဲ့သလို ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားတွေလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်