အက်စတွန်ဗီလာ – ဖူလ်ဟမ်
ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာတော့ အက်စတွန်ဗီလာက ဖူလ်ဟမ်ကို ဗီလာပါ့ခ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဥရောပဝင်ခွင့် အတွက် လက်ကျန် ပွဲစဉ်တွေမှာ အားစိုက်ရဦးမယ့် နှစ်သင်းမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးကို ရှုံးပြီးနောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပဲလေ့စ်ကို ထပ်ရှုံးပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဗီလာက လက်တလော အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီးတော့ မန်စီးတီးနဲ့ ၄ မှတ်၊ ချဲလ်ဆီး၊ ဖောရက်စ် တို့နဲ့ ၃ မှတ် ကွာဟနေပါတယ်။ ဒါကြောင့် ဗီလာက လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပြီး လက်ကျန် ပွဲစဉ် အားလုံး ရလဒ်ကောင်း ရဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ ၄ ပွဲက ဗီလာ အတွက် တစ်ပွဲမှ မချောင်ပါဘူး။ ခြေစွမ်းပိုင်းအရ ပြန်ကြည့်ရင် ဗီလာက မန်စီးတီးကို ရှုံးတာ ဖြစ်သင့်ပေမယ့် အရေးကြီးတဲ့ ပြိုင်ပွဲ တစ်ခုရဲ့ ဆုဖလားနဲ့ လက်တစ်ကမ်း အကွာ ရောက်မှ ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ ပဲလေ့စ်ကို သွားရှုံးတာ ကတော့ မဖြစ်သင့်ပါဘူး။
မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် ကလည်း ရာသီသာ ကုန်တော့မယ့် ခြေစွမ်းက အခုချိန်ထိ ဘာဖြစ်လို့ ဖြစ်ချင်နေမှန်း မသိသေးပါဘူး။ နိုင်ချင်တဲ့ ပွဲကျတော့ လစ်ဗာပူးလ်လို အသင်း ကိုတောင် နိုင်ပြီး ရှုံးချင်ရင်လည်း အသင်း မရွေးပါဘူး။ နောက်ဆုံး ပွဲမှာတော့ ဖူလ်ဟမ်က ဆောက်သမ်တန်ကို နောက်ကနေ လိုက်ကစားပြီးမှ ဆက်ဆနွန်ရဲ့ နာကျင် အချိန်ပို နောက်ကျဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေပြီး အဆင့် ၇ နေရာက ဗီလာနဲ့ ၆ မှတ် ကွာဟနေပါတယ်။ ဖူလ်ဟမ် အတွက် မျှော်လင့်ချက်က ယူရိုပါကွန့်ဖရင့်လိဂ် ဖြစ်လို့ သူတို့လည်းပဲ လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ အမှတ်ရအောင် ယူရဦးမှာပါ။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အက်စတွန်ဗီလာ ဘက်က ဒဏ်ရာရ ကစားသမား၊ ပွဲပယ်ပြစ်ဒဏ်ရှိတဲ့ ကစားသမား ကင်းစင်နေပြီး ဖူလ်ဟမ် ဘက်မှာတော့ အဓိက ကစားသမား ၃ ဦး ဖြစ်တဲ့ အန်တိုနီ ရော်ဘင်ဆင်၊ ရီးစ် နဲလ်ဆင်၊ ရိုဒရီဂို မူနစ်ဇ် တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ ဒစ်ဂ်နီး၊ ကာမာရာ၊ တေးလီမန့်စ်၊ ရော်ဂျားစ်၊ အဆန်စီယို၊ မက်ဂင်းန်၊ ဝက်ကင်န်
ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆင်၊ ဘက်ဆေး၊ ရော်ဘင်ဆင်၊ လူကစ်၊ ဘာ့ဂျ်၊ ဆက်ဆနွန်၊ စမစ်ရိုးဝ်၊ အီဝိုဘီ၊ ဟင်မီနက်ဇဖ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက၂၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဗီလာက ၁၀ ကြိမ်နိုင်၊ ဖူလ်ဟမ်က ၉ ကြိမ် နိုင်ပြီး ၄ ကြိမ် သရေကျထားပါတယ်။ ဖူလ်ဟမ်က အက်စတွန်ဗီလာနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက် ရှုံးထားပြီးတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာတော့ ဗီလာက ၄ ကြိမ် နိုင်ပြီး ဖူလ်ဟမ်က ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်မှာ ဗီလာက ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဖူလ်ဟမ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၁.၇၆ ဆ၊ ဖူလ်ဟမ် နိုင်ရင်တော့ ၄.၀၆ ဆ၊ သရေ ဆိုရင်တော့ ၃.၄၉ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဗီလာက သရေရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ အပေါ်သမားတွေ အကြိုက် ဖြစ်မှာပါ။ ဗီလာ ဘက်မှာ ဒဏ်ရာပြသနာ ကင်းစင်နေပြီး ဖူလ်ဟမ် မှာတော့ အဓိက ကစားသမား ၃ ဦးလောက် လွဲချော်ဖို့ ရှိနေပါတယ်။ ခြေစွမ်းအရ ဗီလာက ဖူလ်ဟမ်ထက် ပိုတည်ငြိမ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ဗီလာ ကပဲ အသာရနေပါတယ်။ ဒီပွဲ ကိုတော့ ဂိုးပေါ် ကြိုက်ပြီး over 2.50 ကို ရွေးချယ်ထားချင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.