မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်နဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န် တို့ကို ခေါ်ယူလိုနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ တိုက်စစ်ပိုင်း အတွက် ကစားသမား ၂ ဦး ခေါ်ယူ အားဖြည့်ထားခဲ့ပေမယ့် အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ယူနိုက်တက်က ဂျက်ဆန်နဲ့ ဝက်ကင်န် နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို အလဲအထပ် အနေနဲ့ အသုံးပြုဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။ ဂါနာချိုဟာ တခြားသော ကစားသမားတွေ ဖြစ်တဲ့ ဂျေဒန် ဆန်ချို၊ အန်တိုနီ၊ တိုင်ရဲလ် မာလာစီယာ တို့နဲ့ အတူ နည်းပြ ရူဘင် အမော်ရင်ရဲ့ အသင်း အနာဂတ်မှာ မပါဝင်တော့သူလည်း ဖြစ်ပါတယ်။
အမော်ရင် ကိုယ်တိုင်က အာဂျင်တီးနား လက်ရွေးစင်ကို အသင်းသစ် ရှာဖွေဖို့ ညွှန်ကြားထားပြီး သူ့ကို ခေါ်ယူချင်တဲ့ ဥရောပ ထိပ်တန်း ကလပ် များစွာလည်း ရှိနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ အထောင်တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူချင်နေပေမယ့်လည်း ငွေကြေးပိုင်း အဆင်မပြေမှုတွေ ရှိနေတာကြောင့် ဂါနာချိုကို အရင်ဆုံး ရောင်းထုတ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ သရဲနီတွေက အပြောင်းအရွှေ့မှာ ငွေကြေး သီးသန့် အသုံးပြုဖို့ထက် အသင်းက တောင်ပံ ကစားသမား ဂါနာချိုကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်လည်း အလဲအထပ် အသုံးပြုဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

ဗြိတိန်သတင်းစာ The Independent ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အိုလီ ဝက်ကင်န်နဲ့ နီကိုးလက်စ် ဂျက်ဆန် တို့ကို ခေါ်ယူရေး အတွက် ဂါနာချိုနဲ့ အလဲအထပ် ပြုလုပ်ဖို့ အက်စတွန်ဗီလာ၊ ချဲလ်ဆီး တို့နဲ့ ဆွေးနွေးထားကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ချဲလ်ဆီးက နီကိုးလက်စ် ဂျက်ဆန်ကို ပေါင်သန်း ၈၀ တန်ကြေး သတ်မှတ်ထားပါတယ်။ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ဂါနာချိုကို စိတ်ဝင်စားပေမယ့် ပေါင် သန်း ၃၀ ထက် ပိုပေးလိုခြင်း မရှိကြောင်း သိရပါတယ်။
ဝက်ကင်န် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းမှာ ပါဝင်နေတဲ့ ကစားသမား ဖြစ်ပေမယ့် ဗီလာ ဘက်ကတော့ ကနဦး ဆွေးနွေးနေတဲ့ ကာလ တစ်လျှောက် ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ရည်ရွယ်ချက် မရှိကြောင်း တုံပြန်ထားပါတယ်။ အသက် ၂၉ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူးဟာ အက်စတွန်ဗီလာ အတွက် ပရီးမီးယားလိဂ် ၁၈၄ ပွဲမှာ ၇၅ ဂိုး သွင်းယူထားပြီးပါတယ်။
တစ်ဖက် မှာလည်း တိုက်စစ် ကစားသမားသစ် ဘရိုင်ယန် အမ်ဘူမိုက သူတို့ အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးထားခဲ့ပါတယ်။ အမ်ဘူမိုက “အိုလီ (ဝက်ကင်န်)က ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးပါ။ သူက အများကြီးလုပ်ပြနိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ ကွင်းလယ် အထိ ဆင်းပြီး ဘောလုံးယူနိုင်သလို လိုအပ်ရင် ခံစစ် ကိုပါ ဆင်းပြီး ကူနိုင်သူပါ။ ကျွန်တော့်လို တောင်ပံကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ နေရာလွတ်တွေကို ဖြည့်ကစားပေးနိုင်တဲ့ သူ့လို ကစားသမားမျိုးနဲ့ တွဲဖက်ကစားရတာ အရမ်းကောင်းပါတယ်။ ပြီးတော့ သူက ကစားသမားတိုင်းနဲ့ တွဲဖက် ကစားနိုင်သူပါ။ ဒါက တကယ်ကို ကောင်းပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမ်ဘူမိုဟာ ဝက်ကင်န်နဲ့ ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီက ဘရန့်ဖိုဒ်မှာ တွဲဖက် ကစားခဲ့ဖူးပြီး အခုတော့ မန်ချက်စတာယူနိုက်တက်မှာ သူတို့ နှစ်ဦး ပြန်လည် တွဲဖက်ကစားခွင့် ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို ကိုလည်း နောက်ထပ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခက်အခဲ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.