ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကလပ်မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အမော်ရင်ကတော့ရက်စ်မက်စ်ဟွိုက်ဂျ်လန်း၊ဂါနာချိုနဲ့အန်ဒရေအိုနာနာတို့ကိုရောင်းထုတ်ချင်နေတယ်လို့သိရပါတယ်။ပရီးမီးယားလိဂ်ကလပ်ဟာဒီကစားသမား၃ဦးကိုရောင်းချခြင်းအပါအဝင်အစုလိုက်အပြုံလိုက်ရှင်းလင်းထုတ်ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်အက်စတွန်ဗီလာအနေနဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုပေါင်သန်း၄၀နဲ့အပြီးသတ်မဝယ်ယူခဲ့ရင်တော့တခြားသောကလပ်တစ်ခုဆီရောင်းထုတ်ဖို့စီစဉ်သွားမယ်လို့လည်းသိရပါတယ်။အက်တလက်တီကိုမက်ဒရစ်ကတော့ယူနိုက်တက်ကနေရီးရဲလ်ဘက်တစ်ကိုအငှားချထားတဲ့အန်တိုနီကိုစိတ်ဝင်စားနေတဲ့အပြင်ဂါနာချိုကိုလည်းခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။
လစ်ဗာပူးလ်ကတော့အခုနွေရာသီမှာဒေါ့မန်တောင်ပံကစားသမားဂျေမီဘိုင်နိုဂစ်တန်ကိုခေါ်ယူဖို့အရှိန်အဟုန်မြှင့်ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ကြိုးကြာနီတို့ဟာဒါဝင်နူညက်ဇ်၊ဒီယိုဂိုဂျိုတာနဲ့လူးဝစ္စဒီးယက်ဇ်တို့ကိုကလပ်ကနေထွက်ခွာခွင့်ပြုသွားဖွယ်လည်းရှိနေပါတယ်။

ဘေယန်မြူးနစ်ကတော့လစ်ဗာပူးလ်နဲ့စာချုပ်သစ်မချုပ်ဆိုရသေးတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးဗာဂျယ်ဗန်ဒိုက်ခ်ကိုခေါ်ယူဖို့ကြိုးပမ်းသွားဖွယ်ရှိနေကြောင်းသိရပါတယ်။လစ်ဗာပူးလ်ဘက်ကတော့မိုဟာမက်ဆာလာကိုသက်တမ်းတိုးနိုင်ခဲ့ပြီးနောက်ဗန်ဒိုက်ခ်ကိုလည်းလာမယ့်ကာလအတွင်းသက်တမ်းတိုးနိုင်မယ်လို့ယုံကြည်ထားပါတယ်။
ဘာစီလိုနာကတော့လာလီဂါပြိုင်ဘက်အက်တလက်တီကိုမက်ဒရစ်ကစားသမားဟောင်းလက်ရှိအာဆင်နယ်ကွင်းလယ်လူသောမတ်စ်ပါတေးကိုခေါ်ယူဖို့ကြိုးပမ်းလာဖွယ်ရှိကြောင်း Marca ကဖော်ပြပါတယ်။ပါတေးကိုတော့အက်တလက်တီကိုမက်ဒရစ်ကလည်းပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ဂါနာသားဟာ၂၀၂၀ခုနှစ်မှာပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ကိုပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာစီးတီးတောင်ပံကစားသမားဂျက်ဂရီးလစ်ရှ်ကိုတော့ကလပ်ဟောင်းအက်စတွန်ဗီလာနဲ့တော့တင်ဟမ်ဟော့စပါးတို့ကစိတ်ဝင်စားနေပေမယ့်လည်းသူကိုယ်တိုင်ကတော့အသင်းမှာဆက်ရှိနေဖို့လိုလားကြောင်းသိရပါတယ်။
စပိန်မီဒီယာFichajesရဲ့ဖော်ပြချက်အရအာဆင်နယ်အနေနဲ့အာဒါဂူလာနဲ့အန်းဒရစ်ခ်တို့နှစ်ဦးစလုံးနဲ့လဲလှယ်မယ်ဆိုရင်တော့ဝီလီယမ်ဆလီဘာကိုရီးရဲလ်မက်ဒရစ်ဆီရောင်းချသွားမယ်လို့သိရပါတယ်။
လစ်ဗာပူးလ်နည်းပြဟောင်းယာဂင်ကလော့ပ်ကတော့ Red Bull အဖွဲ့အစည်းမှာအလုပ်လုပ်ကိုင်ရတာပိုပြီးပင်ပန်းနွမ်းနယ်လာတယ်လို့ခံစားရတာကြောင့်ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့နည်းပြရာထူးကိုလက်ခံသွားဖွယ်ရှိကြောင်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.