နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကာမာဗင်ဂါကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်၊ ထရော့ဆက်ဒ်ကို သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဩဂုတ် ၂၀ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ကားလို့စ် ဘယ်လီဘာ့ကို လွဲချော်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက် အရ ပြင်သစ်သား အတွက် ရီးရဲလ်မက်ဒရစ်က ယူရို သန်း ၈၀ (ပေါင် ၆၉.၁ သန်း) အလိုရှိနေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ ဒီနွေရာသီမှာ အေစီမီလန်ရဲ့ ထိပ်တန်း တိုက်စစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း စီးရီးအေ ကလပ်ဟာ ပြည်တွင်း ပြိုင်ဘက် ဂျူဗင်တပ်စ်က ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီးမှာ အဆင်မပြေ ဖြစ်နေတဲ့ ခရစ္စတိုဖာ အန်ကွန်ကူကို အင်တာမီလန်နဲ့ အပြိုင် ချဉ်းကပ်နေရကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အန်ကွန်ကူကို ဒီနွေရာသီ အပြောင်းအရွှေ့ အစောပိုင်း ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ တာကာဖူဆာ ကူဘိုကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း GIVEMESPORT က ဖော်ပြပါတယ်။ ဂျပန် လက်ရွေးစင် ကိုတော့ ပီအက်စ်ဂျီနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကလည်း စိတ်ဝင်စားနေပါတယ်။

အလက်ဟန်ဒရို ဂါနာချိုရဲ့ ရည်မှန်းချက် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အတွက် ကစားပေးဖို့ ဖြစ်တာကြောင့် ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ ယူနိုက်တက်ကို တွန်းအားပေးနေပါတယ်။ အကယ်၍ ဂါနာချို အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် မရခဲ့ဘူး ဆိုရင်တော့ လီယွန်နယ် စကယ်လိုနီရဲ့ အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးမယ့် အန္တရာယ်ရှိနေပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဘယ်လ်ဂျီယမ် တောင်ပံ ကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
ထရော့ဆက်ဒ်ကို စာချူပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ အီးဇီးကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့နောက် အတ္တလန္တာ တောင်ပံ ကစားသမား အဒမ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တစ်ဖက် မှာတော့ လွတ်ခ်မန်းကို မြောက်လန်ဒန် ကလပ် ဘက်က ကမ်းလှမ်းမှုတွေ ရှိလာမှာ မဟုတ်ကြောင်း အခိုင်အမာ ဖော်ပြနေကြပါတယ်။

မန်ချက်စတာစီးတီးက အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ကတော့ ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမား ကိုသာ အသင်းက ခေါ်ယူခဲ့ရင် လာမယ့် နွေရာသီမှာ အက်တီဟတ် ကနေ ထွက်ခွာဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ် တိုက်စစ် ကစားသမား ယိုအာနေး ဝစ်ဆာ ကတော့ အသင်း ကနေ ထွက်ခွာဖို့ သေချာသလောက် ဖြစ်နေပြီး အသင်းနဲ့ ပတ်သက်တဲ့ အရာအားလုံးကို သူ့ရဲ့ Instagram မှာ ဖျက်ချခဲ့ပါတယ်။ ကွန်ဂို တိုက်စစ် ကစားသမား ဝစ်ဆာဟာ နော့တင်ဟမ်ဖောရက်စ်ကို ၁-၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ အသင်းရဲ့ လူစာရင်း မှာလည်း မပါဝင်ခဲ့ပါဘူး။ ၎င်းဟာ နယူးကာဆယ်ကို ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေတာ ဖြစ်တယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဘယ်လ်ဂျီယမ် တောင်ပံ ကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၀ အရွယ် ထရော့ဆက်ဒ်ဟာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ အာဆင်နယ်က အဲဒီစာချုပ်သက်တမ်း အတိုင်းပဲ လုပ်ခ လစာ တိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်