မန်ချက်စတာယူနိုက်တက် ၀-၀ ဝက်ဖို့ဒ်
မန်ချက်စတာယူနိုက်တက်တို့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ မှာ တန်းဆင်းဇုန်ထဲ ဝက်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ခဲ့ရပေမယ့် ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေး ဖန်တီးမှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ် အဆုံးသတ်တွေ ညံ့ဖျင်းလွန်းခဲ့လို့ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ယူနိုက်တက်တို့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး အဓိက နောက်ခံလူ မက်ဂွိုင်းယားကို အရန်ခုံ ပို့ခဲ့ပြီး ခံစစ်မှာ လင်ဒီလော့ဖ်၊ ဗာရန်း၊ ဝမ်ဘစ်ဆာခါ၊ အဲလက်စ်တဲလက်စ် တို့ကို တွဲဖက် ပွဲထုတ်ခဲ့ပါတယ်။ ကွင်းလယ် မှာတော့ မာတစ်၊ ဖရက်ဒ် အတွဲနဲ့ အတူ ဘရူနိုဖာနန်ဒက်စ်၊ အီလန်ဂါ၊ ပေါ့ဘာနဲ့ တိုက်စစ် မှာတော့ ရော်နယ်ဒို ကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။ ဝက်ဖို့ဒ် ကတော့ ထုံးစံ အတိုင်း ၄-၃-၃ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ကင်း၊ ဆား၊ ဒန်းနစ်၊ ဆာမီရာ၊ ဆစ်ဆိုခို၊ လိုဇာ၊ ကလီဗာလေ တို့လို အမာခံတွေကို ပွဲထုတ်ခဲ့ပါတယ်။
ယူနိုက်တက်တို့ ပထမပိုင်း တစ်ပိုင်းထဲမှာပဲ အပိုင်အခွင့်အရေး ၅ ကြိမ်ထက် မနည်းပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ သွင်းဂိုး လူကျွံနေခဲ့သလို ဘရူနို ဖာနန်ဒက်စ်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု ပေါ့ဘာ၊ အီလန်ဂါတို့ရဲ့ ဖြုန်းတီးမှုတွေကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ရန်းညက်ခ် အနေနဲ့ ဖရက်ဒ် အစား ဆန်ချို၊ မာတစ်နဲ့ တဲလက်စ် အစား လုခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့ ထည့်ပြီး ကစားပုံပြောင်း တိုက်စစ် မြှင့်ခဲ့ပါတယ်။ တိုက်စစ် ကတော့ ထုံးစံ အတိုင်း စိတ်ပျက်စရာ ကောင်းလောက်အောင် အခွင့်အရေးတွေ ဆက်ပြီး ဖြန်းတီးပစ်ခဲ့လို့ ပွဲပြီးတဲ့ အထိ ယူနိုက်တက်တို့ လိုအပ်နေတဲ့ ဂိုးမရပဲ အိမ်ကွင်းမှာ ဂိုးပေါက်ပျောက် သရေပွဲ ဖြစ်ခဲ့ရပါတယ်။
ပွဲပြီးသုံးသပ်ချက်

ဒီအခြေအနေ ယူနိုက်တက်ရဲ့ ဒီနေ့ပွဲ ခြေစွမ်း ဟာလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေ ကနေ သိပ်ပြီး ထူးမခြားနားပါပဲ။ အခွင့်အရေး ဖန်တီးနိုင်သလောက် တိုက်စစ်က ဂိုးပေါက် ပျောက်နေဆဲ ဖြစ်ပြီး ပိုဆိုးတာက ဝက်ဖို့ဒ်လို ယေဘုယျ အားဖြင့် လက်တလောမှာ အနိုင်ယူရ အလွယ်ဆုံး အသင်းကို အိမ်ကွင်းမှာ သရေပဲ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ် သာ အခွင့်အရေးရတဲ့ နှစ်ကြိမ်စလုံးမှာ တစ်ကိုယ်ကောင်း မဆန်ပဲ ရော်နယ်ဒိုနဲ့ အီလန်ဂါ ကိုသာ ပြန်ချပေးခဲ့ရင် ယူနိုက်တက်တို့ အနည်းဆုံး ၂ ဂိုးပြတ်လောက်နဲ့ကို နိုင်ပါတယ်။ ဒါပေမယ့် အခုတော့ အဆုံးသတ်ညံ့တဲ့ အပြင် ကံတရား ကပါ ဖေးမခြင်း မရှိခဲ့လို့ နိုင်ပွဲ ပျောက်ခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ပါ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာပဲ ရှိနေသေးပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ စပါး၊ ဝုဗ် တို့ထက် ပွဲပိုတွေ ကစားထားတာကြောင့် ရန်းညက်ခ် အတွက်တော့ ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပြီလို့ ဆိုရပါမယ်။
တန်းမဆင်းရရေး တစ်မှတ်ရ နည်းလား ဆိုပြီး ကစားနေတဲ့ ဝက်ဖို့ဒ် ကတော့ ယူနိုက်တက် ညံ့လို့ သရေ ၁ မှတ် ရခဲ့ပြီး ပရီးမီးယားလိဂ် အဆင့် ၁၇ နေရာက အဲဗာတန်နဲ့ ၃ မှတ် အကွာ အဆင့် ၁၉ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ နည်းပြကြီး ရွိုင်းဟော့ဆန် အတွက် ကတော့ အိုးထရက်ဖို့ဒ် မှာ ၄ ပွဲဆက် မရှုံးအောင် စွမ်းဆောင်နိုင်ခဲ့ ၄ ဦးမြောက် နည်းပြ ဖြစ်လာခဲ့ပြီး ဘန်ဖော်စတာ ကတော့ အိုးထရက်ဖို့ဒ်မှာ ဂိုးမပေးခဲ့ရတဲ့ အသက်အကြီးဆုံး ဂိုးသမား ဖြစ်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.